ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်တွင် နိုင်ငံ ၁၄ နိုင်ငံမှ ရုပ်ရှင် ၂၅ ကား ပါဝင်ပြသမည်

ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ဇန်နဝါရီ ၂၆ မှ ၂၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရုပ်ရှင် ဇာတ်ကားပေါင်း ၂၅ ကား ပြသသွားမည်ဖြစ်သည်။

ယခုနှစ်တွင် ကျင်းမည့် ရုပ်ရှင်ပွဲတော်၏ နောက်ခံကို မိသားစုဟု ရွေးချယ်ထားပြီး မိသားစု အခန်းကဏ္ဍအရေးကြီးပုံကို ရုပ်ရှင်များဖြင့် ဖော်ပြသွားမည်မဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်နှင့် ရုပ်ရှင်သမားများနှင့် ပြုလုပ်သည့် အမေးအဖြေကဏ္ဍများစသည့် အထူးအစီအစဉ်ဖြင့် ပြုလုပ်တင်ပြသွားမည်ဖြစ်သည်။

“ဒီပွဲဟာ LGBT အဖွဲ့အစည်းတွေအတွက် အပြန်အလှန်ဆွေးနွေးနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ်၊ မြန်မာနိုင်ငံမှာ ရှိနေတဲ့ LGBT အခွင့်အရေးတွေကို တစ်စိတ်တစ်ဒေသမှာ လက်ခံလာနိုင်မယ်လို့ အများကြီး မျှော်လင့်ပါတယ်” ဟု ပွဲတော်၏ Co-director ဖြစ်သူ ဘီလီစတီဝက်က ဇန်နဝါရီ ၂၃ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါပွဲတော်ကို စွန့်ဦး ဖွဲ့စည်းထားသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ကာ မြန်မာနိုင်ငံမှ LGBT လူ့အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်းအကြောင်း ယဉ်ကျေးမှုဆိုင်ရာပွဲတော်များကို စုစည်းပြုလုပ်နေသည့် &Proud က ဦးစီးကျင်းပခြင်း ဖြစ်သည်။

“ဂေးလို့ခေါ်တဲ့ LGBT တွေရဲ့ စရိုက်တွေ၊ ဒီပြပွဲကနေ ပြသလိုက်ရတဲ့အတွက် အများသူတွေက လက်ခံယုံကြည်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေ၊ ဒီ LGBT အဖွဲ့အစည်းတွေဟာ တခြားအသိအမှတ်ပြု ခံထားရတဲ့ အဖွဲ့အစည်းတွေလို ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာလိမ့်မယ်လို့ ယူဆပါတယ်” ဟု ပွဲတော်၏ မြန်မာ Co- director လှမြတ်ထွန်းက ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက်နေ့၊ ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်မည့် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှ LGBT နိုင်ငံရေး ပါတီတစ်ခု၏ အကြောင်းကို ပထမဦးဆုံး မှတ်တမ်းတင် ရိုက်ကူးထားသည့် Outrun ဟု အမည်ရသော ဇာတ်ကားဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထို့ပြင် အဆိုပါပွဲတော်ကို ရုပ်ရှင်ပွဲတော်တစ်ခုအနေဖြင့် မဟုတ်ဘဲ အဆိုတော် AR-T နှင့် DJ ဝိုင်း၊ DJ စည်သူနှင့် Mike တို့၏ ဖျော်ဖြေတင်ဆက်မှုအပြင် LGBT များအတွက် FAB ပါတီလည်း ကျင်းပမည်ဖြစ်သည်။

သတင်း-ကိုမွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar