Episode 63: ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က Yagon Pride ပွဲတော်ကို စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ကျင်းပခဲ့ရာမှာ လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

အဲဒီပွဲတော်မှာ ဓာတ်ပုံပြပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေနဲ့ အရှေ့တိုက်တစ်ခုလုံးမှာ ပထမဆုံးကျင်းပတဲ့ LGBT သဘောၤာပါတီပွဲတွေလည်း ပါဝင်ပါတယ်။ ပွဲတွေကို လာမယ့် ရက်သတ္တပတ်အကုန်မှာ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

LGBT အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းက ဒီပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ LGBT အသိုင်းအဝိုင်းအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာနဲ့ ကျော်လွှားဖို့လိုအပ်နေသေးတဲ့ စိန်ခေါ်မှုအကြောင်းတွေကို ဒို့အသံကို ပြောကြားခဲ့ပါတယ်။