နိုင်ငံတကာအဆင့်မီ Adaptive Learning စနစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်

မြန်မာအမျိုးသားပညာရေးနဲ့ နည်းပညာပေါင်းစပ်ကာ နိုင်ငံတကာ အဆင့်မီ နည်းပညာသုံး ပညာရေးစနစ်ဖြစ်တဲ့ Adaptive Learning စနစ်ကို Global Ednovation က မြန်မာနိုင်ငံအတွက် မိတ်ဆက်လိုက်ပါတယ်။

Global Ednovation က ရေးဆွဲတည်ဆောက်ထားတဲ့ Adaptive Learning Education System ဟာ အမေရိကန်နိုင်ငံ Silicon Valley က ပညာရေးဆိုင်ရာ နည်းပညာရှင်တွေနဲ့ အိန္ဒိယနိုင်ငံက ပညာရေးနယ်ပယ်မှာ အရှိန်အဝါကြီးမားတဲ့ Educational Initiative က ပါမောက္ခတွေနဲ့ ရေးဆွဲ တည်ဆောက်ထားတဲ့ AI နဲ့ ကွန်ပျူတာ Algorithms သုံး နည်းပညာသင်ကြားရေး စနစ်ဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ ခေါင်းဆောင်တွေကလည်း ပညာရေးနဲ့ ကျန်းမာရေးကို ခဏခဏပြောတယ်။ မြှင့်တင်တယ်။ ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍကလည်း တကယ်ကို Motivate (စိတ်အားတက်) တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဝင်ပြီးတော့ လုပ်ဖြစ်တာပါ” လို့ Global Ednovation ကို လုပ်ဆောင်နေတဲ့ Global Technology Group ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးရှိန်းသူအောင်က နိုဝင်ဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ အဲဒီစနစ်ကို မိတ်ဆက်တဲ့အခမ်းအနားမှာ ပြောပါတယ်။

အင်တာနက်ဆက်သွယ်ရေး နည်းပညာလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Global Technology Group က အင်တာနက်အခြေပြုဝန်ဆောင်မှုလုပ်ငန်းတွေ ပေါများလာစေဖို့အတွက် နည်းဗျူဟာကောင်းတွေ ချမှတ်ပြီး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေသလို ယခုအခါမှာ Education (ပညာရေး) နဲ့ Tehnology (နည်းပညာ)ပူးပေါင်းပြီး Global Ednovation အမည်နဲ့ ပညာရေးအစီအစဉ်တွေကို မိတ်ဆက်ခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ဖင်လန် အမေရိကန် အပါအဝင် ပညာရေးအဆင့်အတန်း မြင့်မားတဲ့ နိုင်ငံတွေမှာ Adaptive Learningပညာရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ပညာရေးအဆင့်အတန်း မြင့်မားနေချိန်တွင် မြန်မာ့ ကျောင်းသားလူငယ်များအနေဖြင့်လည်း ကိုယ်တိုင်သင်ယူ
တတ်မြောက်နိုင်စွမ်းရှိသည့်ဆိုသည့် စွမ်းရည်ကို ဖော်ထုတ်ပေးလိုပါတယ်”လို့လည်း အထွေထွေမန်နေဂျာဖြစ်သူ ဒေါ်ဆုဝေထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်၏ ကိုယ်တိုင်လေ့လာ တတ်မြောက်နိုင်စွမ်းဟူသော စွမ်းရည်ကို ဖော်ထုတ်လိုတယ်လို့လည်း ပြောပါတယ်။

Adaptive Learning စနစ်ကို စိတ်ပါဝင်စားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စီစဉ်ထားသလို Global Ednovation ကလည်း Pyinnyar Adaptive Learnig Education Center အမည်နဲ့ ကျောင်းသား လူငယ်တွေ User Experienced Center အဖြစ် အသုံးပြုနိုင်ဖို့ မကြာမီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အခုလို ပညာရေးနည်းပညာကို မြန်မာနိုင်ငံရဲ့ သင်ရိုးညွှန်းတန်းနဲ့ ကိုက်ညီဖို့အတွက်လည်း စတင်ဆောင်ရွက်နေပြီလို့ ဦးရှိန်းသူအောင်က ပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.