ဒေါ်လာ ၅,၀၀၀ ဆုချီးမြှင့်မည့် PUBG ဂိမ်းပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံမှာ ကစားသူဦးရေ များပြားလာတဲ့ PUBG ဂိမ်းပြိုင်ပွဲကို Huawei နဲ့ Game Cast Network Myanmar တို့ ပူးပေါင်းကျင်းပမှာဖြစ်ပြီး အနိုင်ရတဲ့ကစားသမားတွေကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၅,၀၀၀ ပေးအပ်ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

“PUBG ကစားသမားတိုင်း ရင်ခုန်စိတ်လှုပ်ရှားစေမယ့် အခုလို ဂိမ်းပြိုင်ပွဲကြီးကိုလည်း Huawei New Year Championship 2018 ကတစ်ဆင့် ယူဆောင်လာပေးလိုက်နိုင်ပါပြီ။ ဒီပြိုင်ပွဲကြီးကနေတစ်ဆင့် နိုင်ငံတကာပြိုင်ပွဲတွေအထိ တက်လှမ်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုလို အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းဂုဏ်ယူမိပါတယ်” လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ Huawei Device Myanmar ၏ ဈေးကွက်ဒါရိုက်တာဖြစ်သူ မခင်ရတနာဝင်းက ပြောပါတယ်။

“Huawei အနေနဲ့လည်း အွန်လိုင်းဂိမ်းကို နှစ်သက်ကြတဲ့သုံးစွဲသူတွေ ပိုမိုစိတ်ကျေနပ်မှုရှိစေဖို့ နည်းပညာတီထွင်ပံ့ပိုးမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ သူက ဆက်လက်ပြောကြားပါတယ်။

အဲဒီ Huawei New Year Championship 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မည်သူမဆို အခမဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတွေကို ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း အွန်လိုင်းကတစ်ဆင့် Google Form အသုံးပြု လျှောက်ထားနိုင်ပါတယ်။

Game Cast Network Myanmar ရဲ့ Senior Administration ဖြစ်သူ ကိုစိုးမိုးအေးက“ယခုကျင်းပတဲ့ PUBG Mobile ပွဲက ကျွန်တော်တို့အတွက် ဒီဂိမ်းနဲ့ပတ်သက်တဲ့ ပထမဆုံးခြေလှမ်းပါ။ ပထမဆုံးဆိုပေမယ့်လို့ ပြိုင်ပွဲကြီးတစ်ခုလုံးကို နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေနဲ့အညီ ကျင်းပပြုလုပ်ပေးထားပါတယ်။ Main Event မှာဆိုရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ eSports ပြိုင်ပွဲတွေထဲမှာမှ Player အများဆုံး On stage ဆော့မယ့် အကြီးဆုံးပွဲတစ်ခုဖြစ်အောင် ပုံဖော်ထားပါတယ်။ PUBG Mobile နဲ့ ပတ်သက်လို့ Professional Teamတွေ ဒီပွဲကနေစပြီး ပေါ်ထွက်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပြိုင်ပွဲရဲ့ အစောပိုင်း Qualifier ပွဲစဉ်များကို လေးခုခွဲ ကျင်းပသွားမှာဖြစ်ပြီး Qualifier တစ်ခုစီမှာ အသင်း ၂၅ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နယ်က ပါဝင်ယှဉ်ပြိုင်သူတွေကိုတော့ အွန်လိုင်းကနေ ယှဉ်ပြိုင်ခိုင်းမှာ ဖြစ်ပါတယ်။ Qualifier တစ်ခုစီမှာ အနိုင်ရရှိတဲ့ အသင်း လေးသင်းဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Junction City ၌ ကျင်းပမယ် Grand Final ကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ နယ်က ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်းတွေကိုလည်း ရန်ကုန်ကို စရိတ်ငြိမ်း ခေါ်ယူ ယှဉ်ပြိုင်ကစားစေမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ အနိုင်ရတဲ့ ချန်ပီယံအသင်းကို ဒေါ်လာ ၃,၀၀၀၊ 1st Runner Up ကို ဒေါ်လာ ၁,၀၀၀၊ 2nd Runner Up ကို ဒေါ်လာ ၅၀၀၊ 3rd Runner Up ကို ဒေါ်လာ ၃၀၀ နဲ့ 4th Runner Up ကို ဒေါ်လာ ၂၀၀ စီ အသီးသီး ချီးမြှင့်မှာ ဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.