Lesswalk အစီအစဉ်အတွက် IKBZ က စက်ဘီးအစီး ၁,၀၀၀ လှူဒါန်း

ဆင်းရဲချို့တဲ့သည့် မိသားစုများမှ ကျောင်းသား၊ ကျောင်းသူများထံ စက်ဘီးများ အခမဲ့ဖြန့်ဝေပေးမည့် Lesswalk အစီအစဉ်အတွက် စက်ဘီးအစီးရေ ၁၀၀၀ အား လှူဒါန်းခဲ့သည့်ဟု IKBZ အာမခံကုမ္ပဏီက ပြောကြားသည်။

စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင် လုပ်ငန်းဖျက်သိမ်းခဲ့သည့် ofo နှင့် oBike စက်ဘီးအငှားကုမ္ပဏီများမှ စက်ဘီးစီးရေ ၁၀,၀၀၀ ခန့်အား ဝယ်ယူကာ မြန်မာနိုင်ငံတွင်းရှိ လိုအပ်နေသော ကျောင်းသား၊ ကျောင်းသူများထံ ဖြန့်ဝေပေးရန် Lesswalk အဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။

ထိုစက်ဘီးများအား ဆင်းရဲချို့တဲ့ပြီး ကျောင်းသို့ရောက်ရှိရန် တစ်မိုင်ကျော် ခြေလျင်သွားလာနေရသည့် ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးမည်ဟု Lesswalk တည်ထောင်သူ မိုက်ခ်သန်းထွန်းဝင်းက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

စက်ဘီးများအား ဝယ်ယူ၊ ပြင်ဆင်ပြီး သယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ လေးသိန်းခန့် ကုန်ကျမည်ဟု ၎င်းက ခန့်မှန်းထားပြီး ထက်ဝက်ခန့်ကို လှူဒါန်းသူများထံမှ ရရှိမည်ဟု မျှော်မှန်းထားကာ ကျန်တစ်ဝက်ကို Lesswalk က ကျခံမည်ဟု စင်ကာပူနိုင်ငံမှ Strait Times သတင်းစာက ရေးသားခဲ့သည်။

IKBZ အာမခံ ၆ နှစ်ပြည့် အခမ်းအနားကျင်းပခြင်း၏ တစ်စိတ်တစ်ဒေသအနေဖြင့် ကုမ္ပဏီသည် ပြည်တွင်းပရဟိတဖြစ်သည့် Lesswalkနှင့်အတူ ပူးပေါင်း၍ အခြေခံစားဝတ်နေရေးအတွက် အနည်းဆုံး လိုအပ်သည့် ဝင်ငွေအောက်တွင်ရှိသော၊ ကောင်းမွန်သည့် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း မရှိသော ကျေးလက်ဒေသအများစုရှိ ကလေးများသို့ စက်ဘီးအစီးရေ ၁,၀၀၀ လှူဒါန်းကာ ပျော်ရွှင်မှုကို အတူမျှဝေခံစားမည် ဖြစ်သည်ဟု IKBZ က သတင်းထုတ်ပြန်သည်။

Lesswalk တည်ထောင်သူ၊ ဦးမိုက်ခ်သန်းထွန်းဝင်းက “IKBZ ကဲ့သို့ တာဝန်သိတတ်သော ကုမ္ပဏီနှင့်အတူ လက်တွဲလုပ်ဆောင်ရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်းနှင့် ပညာရေးအတွက် မှန်ကန်သော လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ရန် ကျေးရွာများမှ လိုအပ်နေသော ကျောင်းသားများကို ကူညီပေးခြင်းသည် အဓိကပန်းတိုင်များမှ တစ်ခုဖြစ်ပါတယ်” ပြောကြားသည်။

IKBZ ၏ ဒုဥက္ကဋ္ဌ ဦးညိုမြင့်ကလည်း “မြန်မာနိုင်ငံရှိ လူနေမှုဘဝအရည်သွေးများတိုးတက်စေရန်အတွက် Lesswalk နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုသည် ကျွန်တော်တို့ အချိန်ကြာမြင့်စွာ တည်ရှိနေသော အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုသို့ စက်ဘီးအစီး ၁,၀၀၀ အတွက် လှူဒါန်းသည့်အခမ်းအနားကို ဇွန် ၁၈ ရက်နေ့က ရန်ကုန်မြို့ရှိ IKBZ ရုံးချုပ်၌ ကျင်းပခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.