ကလေးတွေ ကျောင်းသွားဖို့ ကူညီပေးမယ့် စက်ဘီးလေးတွေ

အေအက်ဖ်ပီ

စက်ဘီးဘဲလ်သံတညံညံဖြင့် ကျောင်းသူကျောင်းသားလေးများ ကျောင်းသွားနိုင်ကြပြီဖြစ်သည်။

နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့် ဆင်းရဲစွာ စားသောက်နေထိုင်ကြရသော မြန်မာနိုင်ငံသားမှ ကလေးများ လမ်းလျှောက်ပြီး ကျောင်းမသွားရလေအောင် စင်ကာပူနှင့် မလေးရှားတွင် စွန့်ပစ်ထားသော စက်ဘီးဟောင်းများကို ပြန်လည်ပြုပြင်ကာ ကျောင်းသားလေးများကို လှူဒါန်းလိုက်ခြင်းဖြစ်သည်။

သဲဆုဝေ တစ်ယောက် ခြောက်မိုင်လောက်ဝေးသောကျောင်းသို့ နှစ်နာရီခန့် ပင်ပန်းစွာလမ်းလျှောက်ပြီး ကျောင်းသွားတက်ရန် မလိုတော့ပေ။

“သမီးအခု စာကျက်ချိန်လည်းပိုရပြီ၊ သူငယ်ချင်းတွေနဲ့ ကစားဖို့အချိန်လဲ ပိုရပြီ” ဟု ရန်ကုန်မြို့အနီး နှောကုန်းရွာတွင် နေထိုင်သော သဲဆုဝေက ဝမ်းသာအားရပြောပြရင်း သူမစက်ဘီးလေးကို စီးသွားသည်။

000_1hm5hh.jpg

 title=

title=

မန္တလေးမြို့မှ စွန့်ဦးတီထွင်လုပ်ငန်းရှင် မိုက်ခ်သန်းထွန်းဝင်း၏ စိတ်ကူးမှ ပေါ်ထွက်လာခဲ့သော Lesswalk (လမ်းလျှောက်သက်သာ)လှုပ်ရှားမှုမှ စက်ဘီးတစ်စီးစီ အကူအညီရခဲ့ကြသော ကျောင်းသူ ကျောင်းသား ၂ဝဝ ထံတွင် သဲဆုဝေလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ကိုသန်းထွန်းဝင်းသည် စင်ကာပူတွင် ပညာသင်ပြီး ကြီးပြင်းခဲ့သူဖြစ်သည်။ ထို့နောက် စီးပွားရေးဘွဲ့တစ်ခုဖြင့် မြန်မာပြည်သို့ လွန်ခဲ့သည့် ရှစ်နှစ်က ပြန်လာခဲ့သူဖြစ်သည်။

“ကျောင်းကို နာရီပေါင်းများစွာ ကြာအောင် ကုန်းကြောင်းလမ်းလျှောက်ပြီး ကျောင်းတက်နေကြရတဲ့ ကလေးတွေကို မြင်ရတာ ကျွန်တော် စိတ်မကောင်းဘူး” ဟု အသက် ၃၃ နှစ် အရွယ် ကိုသန်းထွန်းဝင်းက AFP ကိုပြောသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ကလေး ၅၅ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေစွာ နေထိုင်နေကြရပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဝက်ခန့်မှာ ပညာလုံးဝမတတ်၊ သို့မဟုတ် အနည်းငယ်သာ ရေးတတ်၊ ဖတ်တတ်ရုံဖြင့် လူလားမြောက်နေကြရသည်ဟု ဆိုသည်။

000_1hm5h3.jpg

 title=

title=

စက်ဘီးများအား မျှဝေသုံးဆွဲရန် ငှားရမ်းကြသည့် ကုမ္ပဏီများဖြစ်ကြသော OBike၊ Ofo နှင့် Mobike တို့ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ ထွက်ခွာကြတော့မည်ဖြစ်ကာ စက်ဘီးအစီးရေ ထောင်ပေါင်းများစွာကို စွန့်ပစ်ထားခဲ့သည်ဟူသော သတင်းကို ကြားရသူ မိုက်ခ်သန်းထွန်းဝင်းက ထိုအခွင့်အရေးကို အရယူရန် ဆုံးဖြတ်လိုက်သည်။

နည်းပညာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသူ မိုက်ခ်သည် ယခုနှစ် စောစောပိုင်းတွင် စက်ဘီးအစီးရေ ၁ဝ,ဝဝဝ ကို ဝယ်ယူလိုက်ပြီး မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် သယ်ဆောင်လာခဲ့သည်။

စက်ဘီးမှ မူလသော့ကို ဖြုတ်ပြီး စက်ဘီးတွင် နောက်အပိုထိုင်ခုံတစ်ခု တပ်ပေးလိုက်ရုံဖြင့် ကျောင်းသားလေးများထံ ဝေငှပေးရန် လိမ္မော်ရောင်နှင့် အဝါရောင် စက်ဘီးများ အဆင်သင့်ဖြစ်သွားခဲ့သည်။ စက်ဘီးလေးများရရှိလျှင် ကလေးများ ကျောင်းတက်ချင်စိတ် ပေါ်လာမည်၊ ကျောင်းပျော်လာမည်၊ ပညာတတ်လာမည်၊ ဆင်းရဲခြင်းမှ လွတ်ကင်းနိုင်ကြတော့မည်ဟု ကိုသန်းထွန်းဝင်းက မျှော်လင့်နေသည်။

သင်္ဘောတင်ခ၊ ဖြန့်ဝေခ အပါအဝင် စက်ဘီးတစ်စီးအတွက် ၃၅ ဒေါ်လာသာ ကုန်ကျသည်။ မိုက်ခ်က ဤကုန်ကျစရိတ်၏ တစ်ဝက်ကိုသာ ပေးရပြီး၊ ကျန်တစ်ဝက်ကို တာဝန်ယူမည့် အလှူရှင်များဆီမှရရှိသည်။ ၎င်း၏ Lesswalk လှုပ်ရှားမှုကို ရန်ကုန်တွင် ပထမဆုံး စတင်ကြည့်လိုက်ခြင်းဖြစ်ရာ ယခုလနောက်ပိုင်းတွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ ဆက်လက်ဖြန့်ဝေသွားရန်ရှိသည်။

000_1hm5ie.jpg

 title=

title=

စက်ဘီးရရှိမည့် ကလေးများအား တန်းစီထားရာ အသက် ၁၃ နှစ် နှင့် ၁၆ နှစ်အကြား၊ စာသင်ကျောင်းနှင့် အနည်းဆုံး နှစ် ကီလိုမီတာအဝေးတွင် နေထိုင်သောကလေးများက တန်းစီဇယား၏ ရှေ့တန်းတွင် နေရာရကြမည်ဖြစ်သည်။

“မိဘတွေ အများစုက ဆင်းရဲကြတယ်” ဟု သဲဆုဝေတို့ ကျောင်းမှ အသက် ၅၅ နှစ်အရွယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက ပြောပြပါသည်။

“ကလေးတွေ အတော်များများဟာ ထီးတောင်မရှိရှာကြဘူး၊ မိုးရွာရင် ပလတ်စတစ်စတွေနဲ့ ခြုံကြရတယ်”ဟုလည်း ဆရာမကြီးက ပြောသည်။ ယခုလှုပ်ရှားမှုမှာ အစသာဖြစ်ကြောင်းနှင့် ငါးနှစ်ကျော်ကျော်အတွင်း စက်ဘီးစီးရေ တစ်သိန်းအထိ ဝေငှပေးသွားနိုင်ဖို့ ရည်ရွယ်ထားကြောင်း မိုက်ခ်က ပြောသည်။

“ဒီစက်ဘီးတွေဟာ စင်ကာပူလို တိုင်းပြည်မှာ ဘာမှ အဖိုးမတန်ပေမဲ့၊ ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံမှာတော့ အလွန် တန်ဖိုးရှိပါတယ်” ဟု မိုက်ခ်သန်းထွန်းဝင်းက ပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.