စက်ဘီးပိုစီးလာတဲ့ ရန်ကုန်

ယာဉ်ကြောများ ပိတ်ဆို့မှုကြောင့် ရန်ကုန်မြို့သူ မြို့သားများက ယခုအခါ စက်ဘီးများကို အသုံးပြုလာကြသည်။

မြတ်ကျော်သူ ရေးသားသည်။

ဓာတ်ပုံများ-စတိဗ်တစ်ခ်နာ

ယာဉ်ကြောများ ပိတ်ဆို့နေသည့် ရန်ကုန်မြို့တွင် စက်ဘီးဖြင့် သွားလာခြင်းက ရန်ကုန်မြို့သူ မြို့သားများအတွက် လက်တွေ့ကျသော ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာသည်။ 

ဈေးကွက်ထဲတွင်ရှိသော စက်ဘီးများတွင် နိစ္စဓူဝ သွားလာရေးအတွက် စက်ဘီးများအပြင် ပြိုင်ဘီးများ၊ တောင်တက်စက်ဘီးများ၊ နှစ်မျိုးစပ်များ၊ ဂီယာအသေပါသော စက်ဘီးများလည်း ရှိကြသည်။ အပင်ပန်းမခံဘဲ စီးချင်သူများကမူ ဘက်ထရီစက်ဘီးများကိုလည်း စီးနိုင်ကြသည်။ သို့သော် ရန်ကုန်မြို့၏ မြို့နယ်အများအပြားရှိ လမ်းမကြီးများပေါ်တွင် စက်ဘီးစီးနင်းခွင့် မရှိပေ။ 

typeof=

စက်ဘီးစီးသူ များလာသောကြောင့် မင်္ဂလာဒုံမြို့နယ်၊ စော်ဘွားကြီးကုန်းရှိ ရန်ကုန်မြို့၏ အကြီးဆုံး စက်ဘီးဈေးတွင် စက်ဘီးများ အရောင်းသွက်နေသည်။ နံ့သာကုန်းစက်ဘီးဈေးမှ ဆိုင်ပိုင်ရှင်များ၏ အဆိုအရ စက်ဘီးအသစ်များထက် သုံးပြီးသား စက်ဘီးများ ပိုရောင်းရသည်ဟု ဆိုသည်။ အရောင်းရဆုံးမှာ လျှပ်စစ်စက်ဘီးများ ဖြစ်ကြသည်ဟုဆိုသည်။ 

မိန်းမစီးစက်ဘီးများ ရောင်းကောင်းနေသည့်အပြင် တောင်တက်စက်ဘီးများ၊ ပြိုင်ဘီးများကိုလည်း အဝယ်များကြသည်။ 

typeof=

“တစ်ချို့တွေက နာမည်ကြီး တံဆိပ်များဖြစ်တဲ့ Giant တို့၊ Trek တို့လို စက်ဘီးတွေကို ဝယ်ကြတယ်” ဟု စက်ဘီးအပိုပစ္စည်းနှင့် တပတ်ရစ်စက်ဘီးများကို ရောင်းချနေသော ဦးကျော်ကြီးက ပြောသည်။ Giant နှင့် Trek တို့မှာ ထိုင်ဝမ်နှင့် အမေရိကန်ထုတ် တံဆိပ်များဖြစ်ကာ ကမ္ဘာတွင် နာမည်ကြီးသည့် စက်ဘီးများဖြစ်သည်။ 

တပတ်ရစ်စက်ဘီးများကို ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းပြီး မြဝတီမြို့မှ ထရပ်ကားနှင့် သယ်ဆောင်လာသလို ရန်ကုန်မြို့သို့ ကုန်တင်သဘောများဖြင့်လည်း တိုက်ရိုက်တင်သွင်းကြသည်။ 

အသုံးပြုပြီးစက်ဘီးများ ရောင်းချသော ဆိုင်ပိုင်ရှင်များက အခြေအနေအမျိုးမျိုးရှိသော စက်ဘီး အစီး ၅၀၀ ပါဝင်သည့် ကွန်တိန်နာတစ်လုံးကို ကျပ် ၁၅ သိန်းဖြင့် ပေးဝယ်ကြသည်။ ထို့နောက် ပြန်လည်ပြုပြင်ပြီး ရောင်းချကြသည်။ အခြေအနေကောင်းကောင်းနှင့် ရောက်ရှိလာပြီး ပြုပြင်စရာ သိပ်မလိုသော စက်ဘီးများက အမြတ်များများ ရရှိနိုင်သည်။ 

typeof=

အသုံးပြုပြီးတပတ်ရစ် စက်ဘီးရောင်းချသူ မထက်ထက်တာရာက နာမည်ကြီး တံဆိပ်များနှင့် အတော်အတန် ကောင်းမွန်သေးသော စက်ဘီးများက ကွန်တိန်နာထဲတွင် သုံးပုံတစ်ပုံခန့် ပါဝင်သည်ဟု ဆိုသည်။ 

“ကျွန်မတို့က ကောင်းသေးတဲ့ စက်ဘီးတွေကို ပြန်လည်ပြုပြင် အရောင်တင်ပြီး ရောင်းချပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုဈေးတွင် လွန်ခဲ့သည့် ခုနှစ်နှစ်ကတည်းက စက်ဘီးများ ရောင်းချနေသည့် ဦးအဘ်ဒူလာကမူ သူရောင်းချသော စက်ဘီးများကို ကိုယ်တိုင်ရွေးချယ်လေ့ရှိသည်။ သူထံတွင် ဘက်ထရီစက်ဘီးများကို ကျပ် ၅၀,၀၀၀ နှင့် ရရှိနိုင်သည့်အပြင် ပြိုင်ဘီး အကောင်းစားများလည်း ရှိသည်။ 

၎င်း၏ဆိုင်တွင် အီတလီနှင့် အမေရိကန်ကုမ္ပဏီဖြစ်သည့် Bianchi ပြိုင်ဘီးများကို ကျပ် ၆၀၀,၀၀၀ ဖြင့် ရောင်းချနေသည်။ နယ်သာလန်နှင့် ဂျာမနီနိုင်ငံတို့မှ Trek စက်ဘီးများကို ကျပ် ၅၀၀,၀၀၀ ဖြင့် ရောင်းချနေသည်။ 

typeof=

သို့သော် ထိုဈေးမှ တရုတ်ကုန်သည်များကမူ ဂျပန်နိုင်ငံလုပ် Panasonic တံဆိပ် စက်ဘီးများကိုသာ စိတ်ဝင်စားသည်။ 

“စက်ဘီးအရောင်းအဝယ်လုပ်ဖို့ တရုတ်အုပ်စုတစ်စု ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဒီကို ရောက်လာကြတယ်။ ပထမတော့ သူတို့က ဗမာစကားတောင် မပြောတတ်ဘူး။ အခုတော့ ဈေးရောင်းတာ မြန်မာတွေထက်တောင်သာတယ်” ဟု ထိုဈေးတွင် ကွမ်းယာရောင်းသော ကိုအောင်ကျော်က ပြောသည်။ 

ထိုဈေးတွင် တရုတ်လူမျိုးများ ဖွင့်လှစ်လုပ်ကိုင်နေသော ဆိုင်သုံးဆိုင်ခန့်ရှိပြီး ၎င်းတို့အားလုံးက Panasonic တံဆိပ် စက်ဘီးများကိုသာ ဝယ်ယူကြသည်။ ထို့နောက် ပြန်လည်ပြုပြင်ပြီး မူဆယ်မြို့မှတဆင့် တရုတ်ပြည်သို့ ပြန်လည် တင်ပို့ကြခြင်းဖြစ်သည်။ စက်ဘီးများက အခြေအနေ ဆိုးရွားနေလျှင်ပင် Panasonic တံဆိပ်ကို မြင်နေရသေးပါက စက်ဘီး ကိုယ်ထည်ကြီးကိုပင် ဝယ်ယူကြလေ့ရှိသည်။ 

typeof=

ထိုစက်ဘီးများက တရုတ်ပြည်တွင် ဈေးကောင်းရမည်ဟု ကုန်သည်များက ယူဆထားကြသည်။ WeChat တွင် စကားပြောနေသည့် တရုတ်ဆိုင်ရှင်တစ်ဦး စကားပြောပြီးချိန်တွင် အင်တာဗျူးရန်အတွက် Frontier က ချည်းကပ်သွားချိန်တွင် ၎င်းက “မသိဘူး၊ မသိဘူး” ဟုသာ ပြန်လည်ပြောကြားခဲ့သည်။ 

ဗမာစကား မပြောတတ်ကြောင်း ၎င်းက ပြောပြလိုဟန် ရှိသည်။ သို့သော် ၎င်း၏ ဗမာစကားသည် ပီသနေသဖြင့် ၎င်းအနေဖြင့် ဗမာစကား ကောင်းကောင်း ပြောတတ်လိမ့်မည်ဟု ယူဆရသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.