ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Chin World Media နဲ့ ဒို့အသံတို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတောင်တန်းအစွန်မှာရှိတဲ့ ကလေးမြို့နယ်မှာ စွန့်ပစ်အမှိုက်တွေကြောင့် သူတိုရဲ့ကျန်းမာရေးတွေ ထိခိုက်မှုတွေရှိနေတယ်လို့ ပြောဆိုနေကြတဲ့ ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ မြို့နယ်တွင်းနေထိုင်သူတွေ သူတို့အမှိုက်တွေကို စွန့်ပစ်ဖို့အတွက် နေရာတစ်ခု သတ်မှတ်ပေးဖို့လည်း အဲဒီဒေသအတွင်းမှာရှိတဲ့ ကျေးရွာနှစ်ရွာမှ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
အလှအပရေးရာ ခွဲစိတ်ခြင်းကို အမှန်တကယ် မတတ်ကျွမ်းတဲ့ သမားအတုအယောင်တွေရဲ့ လက်တည့်စမ်း ခွဲစိတ်မှုတွေကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ ရေရှည်ဆိုးကျိုးတွေ ခံစားနေကြရတဲ့ အမျိုးသမီးတွေက ရင်ဖွင့်အသိပေးပြီး၊ ဒီလို အတုအယောင် အလှအပဆေးခန်းတွေနဲ့ လက်တည့်စမ်း ခွဲစိတ်ကုသနေသူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ တောင်းဆိုနေပါတယ်။
Frontier ရေးသားသည်။