မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူတွေထူထပ်များပြားတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အကျဉ်းထောင်တွေမှာဆိုရင် လက်ဆေးခြင်း၊ ဂျင်းပြုတ်ရည်သောက်ခြင်းတွေနဲ့ ကိုဗစ် ၁၉ ရောဂါကို ကာကွယ်နေကြပါတယ်။ အဲဒါတွေက တကယ့်တကယ်မှာ အကာအကွယ်ပေးရဲ့လား။ အကျဉ်းထောင်တွေမှာ လူအစုလိုက်အပြုံလိုက် ဒီရောဂါမဖြစ်ပွားစေဖို့ နောက်ထပ် ဘာတွေကာကွယ်ဖို့ လိုအပ်သလဲ။ လူတချို့ကတော့ အကျဉ်းထောင်အတွင်း လူဦးရေထူထပ်မှုကို လျှော့ချနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုဗစ် ၁၉ က အကျဉ်းသားတွေအတွက် သူတို့ကျခံနေရတဲ့ အပြစ်ဒဏ်အပြင် ထပ်တိုးအပြစ်ဒဏ်သဖွယ် ဖြစ်လာနိုင်မလားဆိုတာကို ဒို့အသံက ရှာဖွေတင်ဆက်ထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာသေးခင်က သမ္မတရာထူးရယူပြီး ပုဒ်မ ၄၀၁ အနှောင်အဖွဲ့ဖြင့် အရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်အပါအဝင် အကျဉ်းသားအများအပြားကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ၎င်းသည် အာဏာသိမ်းပြီးနောက် ပြည်သူများကို တရားမဲ့ ဖမ်းဆီးနိုင်ရန် ဥပဒေများ ပြင်ဆင်ခဲ့ပြီး တစ်ချိန်တည်းတွင် လွတ်ငြိမ်းခွင့်ကို နိုင်ငံရေးအကျိုးအမြတ်အတွက် လက်နက်သဖွယ် အသုံးချနေသည်။
Frontier ရေးသားသည်။