အင်းစိန်သို့ တစ်ခေါက်

စာသားနှင့် ဓာတ်ပုံ – သူရဇော်

မြန်မာနိုင်ငံရှိ ကိုဗစ် ၁၉ ကူးစက်သူလေးပုံတစ်ပုံသည် ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ အင်းစိန်မြို့နယ်တွင်ရှိနေသော်လည်း အင်းစိန်မြို့နယ်တွင်းရှိ လမ်းမများပေါ်၌ သွားလာနေပုံကိုကြည့်လျှင်တော့ ယင်းကဲ့သို့ ဦးရေများပြားနေသည်ဟု ထင်မှတ်မိမည်မဟုတ်ချေ။ ကိုဗစ် ၁၉ ကူးစက်မှုလျှော့ချရေး စည်းမျဉ်းများကို လိုက်နာလာရေး ဖိအားပေးလုပ်ဆောင်မှုနည်းသလို လိုက်နာမှုလည်းနည်းနေသေးသည်။ မြို့နယ်နေတချို့ကလည်း ဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်မှုနည်းနေပုံရသည်။

ဓာတ်ပုံ - သူရဇော်

ဓာတ်ပုံ – သူရဇော်

အင်းစိန်ရှိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၄၉ ဦးအနက် အများစုသည် အငြင်းပွားစရာကောင်းသော ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် စောကွယ်ဝါးတို့ပြုလုပ်ခဲ့သည့် ဘာသာရေးအခမ်းအနားနှင့် ဆက်စပ်နေသည်။ မတ်အကုန်ပိုင်းနှင့် ဧပြီအစောပိုင်းတို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါဘာသာရေးဆိုင်ရာ အခမ်းအနားများသည် လူစုလူဝေးမပြုရပိတ်ပင်ချက်ကို ချိုးဖောက်နေပြီး မြန်မာရှိ ကူးစက်သူ ၂၂၄ ဦးအနက် ၆၅ ဦးနှင့် ဆက်စပ်နေသည်။

လူစုလူဝေးပြုပြီးနောက် ဒေးဗစ်လားထံ ကိုဗစ် ၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း ၎င်းသည် ယခုအချိန်တွင် ပြန်လည်ကျန်းမာလာပြီဖြစ်သည်။ ဒေးဗစ်လားသည် ယခုအချိန်တွင် အင်းစိန်ထောင်၌ ချုပ်နှောင်ခံထားရပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ်သုံးနှစ်ခန့် ကျခံရဖွယ်ရှိနေသည်။ ဘာသာရေးပွဲအတွက် စီမံရာတွင် ပါဝင်ခဲ့သည့် စောကွယ်ဝါးအပါအဝင် အခြားလူသုံးဦးသည်လည်း တရားစွဲဆိုခံထားရသည်။

အင်းစိန် အနောက်ရွာမရပ်ကွက်မှ လူငယ်လေးတစ်ဦး လုံချည်ကို နှာခေါင်းစည်းသဖွယ် စည်းနှောင်ထားစဉ်။ ဓာတ်ပုံ - သူရဇော်

အင်းစိန် အနောက်ရွာမရပ်ကွက်မှ လူငယ်လေးတစ်ဦး လုံချည်ကို နှာခေါင်းစည်းသဖွယ် စည်းနှောင်ထားစဉ်။ ဓာတ်ပုံ – သူရဇော်

အင်းစိန်နှင့် အနီးအနားရှိ မရမ်းကုန်းတို့သည် ကူးစက်သူဦးရေများပြားသဖြင့် ကူးသန်းသွားလာမှုကန့်သတ်ချက် ရုပ်သိမ်းရန်ကျန်ရှိနေသေးသည့် မြို့နယ်နှစ်ခုဖြစ်သည်။

သို့သော် အင်းစိန်ရှိ လမ်းမများတွင် အချို့သည် ဗိုင်းရပ်စ်ကူးစက်နိုင်သည့် အန္တရာယ်ကို အခြားလူများထက် ပိုမိုအလေးအနက်ထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

မြို့နယ်၌ ခဝဲခြံ ၂ လမ်းသည် အင်းစိန်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှု အများဆုံးဖြစ်သည်။ ဓာတ်ပုံ - သူရဇော်

မြို့နယ်၌ ခဝဲခြံ ၂ လမ်းသည် အင်းစိန်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှု အများဆုံးဖြစ်သည်။ ဓာတ်ပုံ – သူရဇော်

မြို့နယ်တွင်း ကူးစက်သူအများစုကိုတွေ့ရှိခဲ့သည့် ခဝဲခြံ ၂ လမ်းသို့ အပြင်လူများ လုံးဝဝင်ထွက်သွားလာခွင့် မရသေးချေ။

ရပ်ကွက်အချို့တွင် နေထိုင်သူများကလည်း လမ်းများကို ပိတ်ဆို့ထားပြီး ဝင်ထွက်သွားလာသူများ လက်ကို မကြာခဏဆေးကြောရန်နှင့် နှာခေါင်းစည်းတပ်ရန် သတိပေးထားသည့် ဆိုင်းဘုတ်များကို ချိတ်ဆွဲထားသည်။

ဓာတ်ပုံ - သူရဇော်

ဓာတ်ပုံ – သူရဇော်

အချို့ကလည်း သူတို့နေထိုင်သည့် လမ်းထိပ်တွင် စောင့်ကြပ်ကာ စစ်ဆေးနေပြီး ကိုဗစ် ၁၉ ကူးစက်မှုတားဆီးရေး စည်းမျဉ်းမလိုက်နာသူများအား ဝင်ခွင့်မပြုဘဲ ပိတ်ပင်နေကြသည်။

သို့သော် Frontier က အင်းစိန်ဈေးသို့သွားရောက်သည့်အခါ ဈေးသည်နှင့် ဈေးဝယ်သူအများစုမှာ နှာခေါင်းစည်း တပ်မထားကြောင်း တွေ့ရှိခဲ့သလို အနှေးယာဉ်လုပ်သားများနှင့် မော်တော်ဆိုင်ကယ်တက္ကစီသမားများသည်လည်း အလားတူပင် နှာခေါင်းစည်း တပ်မထားကြောင်း မြင်တွေ့ခဲ့ရသည်။

အင်းစိန်ဈေးမှ ဝယ်သူမျှော်နေသည့် ဒေါ်လှလှ။ ဓာတ်ပုံ - သူရဇော်

အင်းစိန်ဈေးမှ ဝယ်သူမျှော်နေသည့် ဒေါ်လှလှ။ ဓာတ်ပုံ – သူရဇော်

နေ့တိုင်း နှာခေါင်းစည်းအသစ် မဝယ်နိုင်သောကြောင့် ညတိုင်း နှာခေါင်းစည်းကို လျှော်ဖွတ်ရကြောင်း ငါးရောင်းသူ ဒေါ်လှလှက ရှင်းပြခဲ့သည်။

“ဈေးကိုလာတဲ့ ဈေးဝယ်သူလည်းနည်းသွားပြီ၊ ကူးစက်ရောဂါဖြစ်နေတုန်း ငါးရောင်းဖို့က ခက်တယ်” ဟု ဒေါ်လှလှကပြောသည်။

We Love Insein ပရဟိတအဖွဲ့ဝင်များကို အင်းစိန် ဂျီတီအိုင်ကျောင်းဝင်းအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ - သူရဇော်

We Love Insein ပရဟိတအဖွဲ့ဝင်များကို အင်းစိန် ဂျီတီအိုင်ကျောင်းဝင်းအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ – သူရဇော်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဝေဖြိုးဟန် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အင်းစိန်မဲဆန္ဒနယ်အမှတ် ၂) ဦးဆောင်သည့် We Love Insein ပရဟိတအဖွဲ့သည် မြို့နယ်တွင်း နှာခေါင်းစည်းများကို ဝေငှနေသည်။ ယင်းနှာခေါင်းစည်းအများစုသည် တရုတ်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက လှူဒါန်းထားခြင်းဖြစ်သည်။

We Love Insein ပရဟိတအဖွဲ့ဝင်များ လိုက်လံလှူဒါန်းသည့် တရုတ်နိုင်ငံမှ မျက်နှာဖုံးနှင့် နှာခေါင်းစည်းများ။ ဓာတ်ပုံ - သူရဇော်

We Love Insein ပရဟိတအဖွဲ့ဝင်များ လိုက်လံလှူဒါန်းသည့် တရုတ်နိုင်ငံမှ မျက်နှာဖုံးနှင့် နှာခေါင်းစည်းများ။ ဓာတ်ပုံ – သူရဇော်

အများပြည်သူဆိုင်ရာနေရာများ၌ သွားလာရာတွင် နှာခေါင်းစည်းတပ်ရန် ရန်ကုန်တမြို့လုံး ချမှတ်ထားသည့် စည်းမျဉ်းကို မြို့နေများ လိုက်နာကြရန် အဖွဲ့က တိုက်တွန်းမှုပြုလုပ်နေသည်။

မေလ ၁၇ ရက်က We Love Insein ပရဟိတအဖွဲ့ဝင်များက နှာခေါင်းစည်းများ လိုက်လံလှူဒါန်းစဉ်။ ဓာတ်ပုံ - သူရဇော်

မေလ ၁၇ ရက်က We Love Insein ပရဟိတအဖွဲ့ဝင်များက နှာခေါင်းစည်းများ လိုက်လံလှူဒါန်းစဉ်။ ဓာတ်ပုံ – သူရဇော်

“တရားရုံးမရောက်ချင်ဘူး၊ ဒဏ်ငွေ ၅,၀၀၀ မပေးဆောင်ချင်ဘူးဆိုရင် အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ကြပါ” ဟု နှာခေါင်းစည်းဝေငှနေသည့် စေတနာ့ဝန်ထမ်းတစ်ဦးကပြောသည်။

သက်အေး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အင်းစိန်မြို့နယ် အနောက်ရွာမရပ်ကွက်မှ နှာခေါင်းစည်းတပ်ထားသည့် မိသားစုတစ်စုကို တွေ့ရစဉ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.