နို့ထွက်ပစ္စည်းစက်ရုံ၌ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရန် ဒိန်းမတ် ထောက်ပံ့

မြန်မာနိုင်ငံတွင် နို့နှင့် နို့ထွက်ပစ္စည်းများကို ၁၉၉၅ ခုနှစ်က စတင်ထုတ်လုပ်နေသည့် Walco နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံ၌ ရေဆိုးသန့်စင်စက်ရုံတည်ဆောက်ရန် ဒိန်းမတ်အစိုးရက ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

နို့နှင့် နို့ထွက်ပစ္စည်းများကို ထည့်သွင်းအသုံးပြုသည့် နို့ပုံးများ၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ကိရိယာများကို ဆေးကြောသည့် စွန့်ပစ်ရည်များတွင် COD (Chemical Oxygen Demand) နှင့် BOD (Biochemical Oxygen Demand) တို့မှာ ခွင့်ပြုရာခိုင်နှုန်းထက် ပိုမိုပါဝင်နေသဖြင့် ပတ်ဝန်းကျင်နှင့် အပင်နှင့် သတ္တဝါငယ်လေးများကို ဆိုးကျိုးဖြစ်ပေါ်စေသည်ဟု Walco ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော စွန့်ပစ်ရည်ရရှိစေရေးအတွက် ဆောင်ရွက်ရန် ရေဆိုးသန့်စင်စက်ရုံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုစက်ရုံအတွက် ဒိန်းမတ်နိုင်ငံအစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် Responsible Business Fund မှ စက်ရုံကုန်ကျစရိတ်၏ ၆၄ ရာခိုင်နှုန်းကို ပြန်လည်ပေးဆပ်ရန်မလိုအပ်သော ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုစက်ရုံဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးလည်း တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့ကြောင့် Walcom သည် မြန်မာနိုင်ငံတွင် ရေဆိုးထုတ်လွှတ်မှု စည်းမျဉ်းစည်းကမ်းကို လိုက်လာသည့် အငယ်စားနှင် အသေးစားလုပ်ငန်းအနည်းငယ်ထဲတွင် ပါဝင်လာပြီဖြစ်သည်ဟု ဒိန်းမတ်သံရုံးက ပြောကြားသည်။

၁၉၉၂ ခုနှစ်တွင် စတင်မှတ်ပုံတင်ခဲ့သည့် Walco Co.Ltd သည် ၎င်း၏ ကိုယ်ပိုင် နွားမွေးမြူရေးခြံမှ ထွက်ရှိသော နွားနို့နှင့် လယ်သမားများထံမှ နွားနို့များကို နေ့စဉ်ဝယ်ယူစုဆောင်းကာ နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေခြင်းဖြစ်သည်။

ယခုအခါ စက်ရုံမှ စွန့်ထုတ်လိုက်သည့် စွန့်ပစ်ရေများသည် သာမန်သုံးရေအဖြစ် ရောက်ရှိပြီးဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော နို့ထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံအဖြစ် ရပ်တည်နေပြီဖြစ်သည်ဟု Walco ကို ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.