ဓာတ်ပုံ – စိုးသန်းလင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၉
ယနေ့ နံနက် ၉ နာရီတွင် အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ဆုံကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်ရေး၊ အမျိုးသား ရင်ကြားစေ့ ရေးတို့အတွက် သမ္မတ၊ တပ်ချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့ကို တွေ့ခွင့်တောင်းခဲ့ရာ ထိုသုံးဦး အနက်မှ သူရဦးရွှေမန်းကို ပထမဆုံးတွေ့ခြင်း ဖြစ်သည်။
လွှတ်တော်ဘက်မှ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ ညွှန်ချုပ် ဦးကျော်စိုး၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပုသိမ်အမတ် ဦးဝင်းမြင့်၊ ကျောက်ပန်းတောင်းအမတ် ဒေါက်တာ ဇော်မြင့်မောင်တို့ပါဝင်ကြသည်။
သတင်း – စိုးသန်းလင်း