သတင်းမီဒီယာကောင်စီသစ် သမ္မတရှေ့၌ ကတိသစ္စာကျိန်ဆို

သတင်းမီဒီယာကောင်စီဝင်သစ်များကို သမ္မတဦးသိန်းစိန် နှုတ်ဆက်နေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

သတင်းမီဒီယာကောင်စီဝင်သစ်များကို သမ္မတဦးသိန်းစိန် နှုတ်ဆက်နေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်သစ်များက သမ္မတရှေ့မှောက်၌ ကတိသစ္စာကျိန်ဆိုမှုကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက သမ္မတအိမ်တော် သဘင်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

သတင်းမီဒီယာကောင်စီဝင်သစ်များ သမ္မတဦးသိန်းစိန် ရှေ့၌ ကတိသစ္စာကျိန်ဆိုနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

သတင်းမီဒီယာကောင်စီဝင်သစ်များ သမ္မတဦးသိန်းစိန် ရှေ့၌ ကတိသစ္စာကျိန်ဆိုနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

သတင်းမီဒီယာကောင်စီသစ်အနေဖြင့် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သလို သတင်းမီဒီယာသမားများ လိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာနိုင်အောင် အရည်အသွေးမြှင့်တင်ပေးရမည့် တာဝန်ရှိသည်ဟု သမ္မတဦးသိန်းစိန်က ကတိသစ္စာကျိန်ဆိုပွဲတွင် ပြောကြားခဲ့သည်။

“ဒီလုပ်ငန်းတာဝန်များကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာကောင်စီဟာ သတင်းမီဒီယာသမားများရဲ့ အခွင့်အရေးတစ်ခုတည်းကိုသာ ကာကွယ်ဖို့အတွက်မဟုတ်ပဲ ပြည်သူများရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊ ပြည်သူများ၊ သတင်းမီဒီယာများရဲ့ စောင့်ကြည့်ဝေဖန်ခြင်းကို ခံရမယ့် မဏ္ဍိုင်များအနေနဲ့ မှန်ကန်တိကျပြီး အရည်အသွေးပြည့်ဝတဲ့ သတင်းအချက်အလက်များကို ရရှိစေရန်အတွက် စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ အဆင့်အတန်းများကို ထိန်းသိမ်းပေးရန်ဆိုတဲ့ လုပ်ငန်းတာဝန်များပါ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အထက်ပါ တာဝန်များကို သတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကပြောကြားသည်။

သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်က ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၅ ခုနှစ် ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ နည်းဥပဒေအခန်း အခန်း ၃ အရ သတင်းမီဒီယာကောင်စီဝင်သစ် ၂၉ ဦးကို အောက်တိုဘာလအတွင်းက ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် နည်းဥပဒေပုဒ်မ ၁၄ ပါအတိုင်း နိုင်ငံတော်သမ္မတရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းဖြစ်သည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.