အောင်လံတွင် ရေတွင်းတူးရာမှ မထင်မှတ်ဘဲ သဘာဝဓာတ်ငွေ့များပန်းထွက်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မကွေးတိုင်း၊ အောင်လံမြို့နယ် နှောက်စမ်းကျေးရွာအုပ်စု၊ မဲခေါင်းကျေးရွာ၌ ရေတွင်းတူးရာမှ မထင်မှတ်ဘဲ သဘာဝဓာတ်ငွေ့များပန်းထွက်လာကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ပြည် – အောင်လံကားလမ်း၏ အရှေ့ဘက် ၃၅ မိုင်အကွာရှိ အဆိုပါမဲခေါင်းကျေရွာတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ အသုံးပြုရန် ရေတွင်းတူးစဉ် အနက်ပေ ၃၈၀ ခန့်အရောက်တွင်  ဓာတ်ငွေ့များပန်းထွက်လာရာ ပေ ၃၀ ခန့်အထိပင် ရှိကြောင်း ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယင်းကျေးရွာသို့ အမြန်သွားရောက်လျက်ရှိကြသော်လည်း ဒေသခံတို့မှာမူ ဓာတ်ငွေ့ကြောင့် မီးဘေးအန္တရာယ်ကို စိုးရိမ်လျက်ရှိကြောင်း ဆိုသည်။

သတင်း – ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.