နယ်စည်းမခြား ရှယ်ဘီယာများ

အာရှ-ပစိဖိတ်ဒေသ၏ ထိပ်တန်းချက်လုပ်သူများသည် ၎င်းတို့၏ ပယင်းရောင်ထနေသော ယစ်ရွှေရည်များကို ယခုလရန်ကုန်တွင်ပြုလုပ်မည့် နိုင်ငံတကာပွဲတော်တစ်ခုတွင် ပြသကြမည်ဖြစ်သည်။

သောမတ်စ်ကင်း(န်) ရေးသည်။
ဓာတ်ပုံ-ခွန်လတ်

“ပြည်ပကနေ ဘီယာတင်သွင်းခွင့်မပြုတဲ့ နေရာတစ်ခုမှာ နိုင်ငံတကာရှယ်ဘီယာပွဲတော်တစ်ခုကို ဘယ်လို ကျင်းပမလဲ။”
“လွယ်ပါတယ်။ ဒီနိုင်ငံထဲမှာပဲ ဘီယာချက်လိုက်တာပေါ့။”
ထို့ကြောင့် မကြာသေးခင်က ဒီဇင်ဘာနေ့လည်ခင်းတစ်ခုမှာ ထိုင်းညီနောင် မစ္စတာနတ်တာချိုင်းအန်စရီဝေါင်းနှင့် မစ္စတာတီးရာပက်အန်စရီဝေါင်းတို့သည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဘားဘရစ် ဘီယာချက်စက်ရုံတွင် ရေနွေးထည့်ထားသည့် သံမဏိကြိတ်ချေကန်တစ်ခုထဲသို့ အခြောက်ခံထားသည့် မုယောအိတ်များထည့်ကာ ဖြေးညင်းစွာမွှေနေသည်ကို ကြည့်နေကြသည်။
မုယောနှင့်ရေ ရောနှောခြင်းသည် ဘီယာပြုလုပ်ခြင်းလုပ်ငန်းစဉ်၏ အစဖြစ်သည်။ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ၎င်းတို့၏ ပျော့ဖတ်များကDevanom Pakkret Pale Ale ဘီယာပျော့တစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကာ ၎င်းဘီယာကို ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပမည့် မြန်မာ၏ ပထမဆုံးရှယ်ဘီယာပွဲတော်တွင် ပြသသွားမည်ဖြစ်သည်။
ရှယ်ဘီယာဆိုသည်မှာ ရိုးရိုးဘီယာများနှင့်မတူဘဲ အရသာကောင်းအောင်အမျိုးအစားတွေစုံလင်အောင် တီထွင်ဆန်းသစ်ထားသော ဘီယာမျိုးဖြစ်သည်။
“သိပ်မပျင်းမယ့်ဘီယာတစ်မျိုးကို ချက်လုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တယ်။ ချိုမြိန်ပြီး မုယောကဲတဲ့အနံ့နဲ့ ချက်ထားလို့ ဒါက အရသာရှိပြီး အဝင်လည်းကောင်းတယ်လေ”ဟု နတ်တာချိုင်းက ရှင်းပြသည်။ 
“အရှေ့တောင်အာရှက လူအများအပြားက ချိုမြိန်မှုကြောင့် ဘီယာပျော့ပျော့ကို ကြိုက်ကြတယ်။ ဒါက ကျနော်တို့ရဲ့ အစားအစာနဲ့လည်း လိုက်တယ်လေ” ဟု ၎င်းကပြောသည်။
ပွဲတော်မတိုင်မီ ဘားဘရစ်ဘီယာချက်စက်ရုံက စင်ကာပူက Brewerkz, ဗီယက်နမ်မှ Winking Seal နှင့် သြစတြေးလျမှ Old Wives Ales တို့အပါအဝင် ဒေသတွင်း ဘီယာကုမ္ပဏီခုနှစ်ခုအတွက် တံခါးဖွင့်ထားပြီး ၎င်းတို့အနေဖြင့် ယင်း၏ကိရိယာများကို အသုံးပြုပြီး မြန်မာသောက်သုံးသူများအတွက် အကောင်းဆုံးနှင့်အထူးခြားဆုံးဘီယာများ ချက်လုပ်နိုင်မည်ဖြစ်သည်။
Winking Seal သည် ဘားဘရစ် နှင့်ပေါင်း၍ ဖရဲသီးကစော်တစ်မျိုးဖောက်နေသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် ကစော်ဖြစ်သော်လည်း ယင်းဘီယာမျိုးမှာ ရန်ကုန်က ကုန်စုံဆိုင်တစ်ခုတွင် သင်တွေ့ရမည့် ဘီယာအမျိုးအစားတော့ မဟုတ်ပေ။
ဘားဘရစ်နဲ့တွဲပြီးကြိုးစားထိုးဖောက်ရတဲ့အတွက် ဂုဏ်ယူပါတယ် ဟု Winking Seal ပူးတွဲတည်ထောင်သူ မစ္စတာမာ့ခ်နာနီးက ပြောသည်။
pale ale  နှင့် ဖရဲသီးကစော်သည် ရန်ကုန်မြို့ထိုင်းသံရုံးနားက မနော်ဟရီလမ်းရှိ ဘားဘရစ်ဘီယာခန်းတွင် ကျင်းပမည့် ပထမဆုံးရှယ်ဘီယာပွဲတော်တွင် ရရှိနိုင်မည့် ဘီယာ ၃၂မျိုးထဲတွင် ပါဝင်သည်။
ယင်းပွဲသည် ၂၀၁၇ ဇန်နဝါရီ ၂၀ က ဖွင့်လှစ်ခဲ့သော မြန်မာ၏ လမ်းသစ်ထွင်အသေးစားဘီယာချက်စက်ရုံအတွက် အောင်မြင်သော ပထမသုံးနှစ်ကို ကိုယ်စားပြုပါသည်။ ယခုအခါ ဘီယာချက်စက်ရုံတစ်ခုနှင့် ဘီယာခန်းကြီးတစ်ခုရှိနေပြီဖြစ်ကာ ယင်း၏ဘီယာများကို စူပါမားကက် ဒါဇင်များစွာနှင့် စားသောက်ဆိုင်ကြီးငါးဆယ်ကျော်တွင် ရရှိနိုင်ပြီဖြစ်သည်။ 
ဘားဘရစ် သည် တစ်လလျင် ဘီယာလီတာ တစ်သောင်းကျော်ထုတ်လုပ်လျက်ရှိပြီး တစ်နှစ်လျင် အရောင်းပမာဏမှာ ၁၈၀ ရာခိုင်နှုန်းကြီးထွားတိုးတက်နေသည်ဟု ပူးတွဲတည်ထောင်သူများဖြစ်သော ဦးထင်လင်းနှင့် ကိုမောင်ဇော်တို့က ပြောသည်။
“စကတည်းက ပွဲတော်လုပ်ဖို့ ရည်ရွယ်နေတာပါ။ ဒါပေမဲ့ ကျနော်တို့မှာ အချိန်မရခဲ့ဘူး” ဟု ဦးထင်လင်းက ပြောသည်။ သုံးနှစ်မြောက်နှစ်ပတ်လည်နေ့မှပဲ ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

 

Burbrit workers stir the mash – a mix of malted barley and hot water – in a mash tun. Known as "mashing in", it's the first step in the beermaking process. (Hkun Lat | Frontier)

Burbrit workers stir the mash – a mix of malted barley and hot water – in a mash tun. Known as “mashing in”, it’s the first step in the beermaking process. (Hkun Lat | Frontier)

အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း

ဘီယာပွဲတော်သည် အရည်အသွေးရှိ ရှယ်ဘီယာများကိုတည်ခင်းဖို့သက်သက်မဟုတ်ပေ။ ချက်လုပ်သူ အချင်းချင်း မျှဝေပူးပေါင်းပြီး ဖန်တီးထားမှုကိုမြင်နိုင်စေလိုရင်းလည်းဖြစ်သည်။ 
“ဒါက ပူးပေါင်းဆောင်ရွက်မှု၊ အမျိုးစုံလင်မှုနဲ့ ပတ်သက်ပါတယ်။ ဒါက တစ်ဦးဆီကတစ်ဦး သင်ယူနိုင်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်သလို ခြားနားတဲ့ ဘီယာကုမ္ပဏီတွေကြား ပိုမိုနီးကပ်တဲ့ ရင်းနှီးမှုတွေထူထောင်ဖို့လည်း ဖြစ်ပါတယ်” ဟု ဦးထင်လင်းကပြောသည်။
အန်စရီဝေါင်းညီနောင်အတွက် အခြားဘီယာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကူအညီဖြစ်စေသည်သာမက အလွန်လည်းလိုအပ်သည်။ 
၎င်းတို့နှစ်ဦးသည် ဥရောပသို့ခရီးထွက်စဉ် ၂၀၁၁ခုနှစ်က ခရပ်ဖ်ဘီယာ ကိုလွန်စွာစိတ်ဝင်စားလာခဲ့ပြီး သုံးနှစ်ကြာသည့်အခါ အခြေခံအချက်အလက်များအတိုင်းရွေးချယ်လုပ်ဆောင်ခဲ့သည်။ ဝါသနာတစ်ခုအနေဖြင့် စတင်ခဲ့သည့်အရာသည် မကြာမီ သက်မွေးပညာတစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ အချိန်ပြည့် ဘီယာချက်နိုင်ရန်အတွက် နတ်တာချိုင်းသည် သူ၏ အက်ပလီကေးရှင်းဖွံ့ဖြိုးရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်းတွင် Nonthaburi Brewing Company ကိုထူထောင်ခဲ့သည်။
သို့သော်လည်း ကြိုးစားနေဆဲဖြစ်သည်။ သင်သည် ကြီးနှစ်ကြီးထဲက တစ်ကြီးမဟုတ်လျှင် ထိုင်းနိုင်ငံမှာ ဘီယာထုတ်ရန်ခက်ခဲသည့် နေရာဖြစ်သည်။ ထိုင်း၏အကြီးဆုံး အဖျော်ယမကာကုမ္ပဏီ ThaiBev သည် Chang ဘီယာကို ထုတ်လုပ်ပြီး နောက်ထပ်ကြီးမားသည့် Boon Rawd ကုမ္ပဏီက Singha နှင့် Leo ဘီယာတို့ထုတ်လုပ်သည်။
လုံးဝဥပဒေပြင်ပမဟုတ်သော်လည်း အသေးစားဘီယာချက်စက်ရုံနှင့် ပရဝုဏ်အတွင်းချက်သည့် ဘီယာများရောင်းသည့် စားသောက်ဆိုင်များသည် အခြေခံအားဖြင့် မြင့်မားသည့် ထုတ်လုပ်မှုလိုအပ်ချက်များနှင့် တွက်ခြေမကိုက်စေသည့် တခြားစည်းကမ်းချက်များအရ တည်ရှိနေသည်မဟုတ်ပေ။ 
သာဓကအားဖြင့် ဘီယာများကို ပုလင်းမသွတ်နိုင်သလို ဘီယာချက်လုပ်နည်းတစ်ခုစီသည် အာဏာပိုင်များ၏ ကြိုတင်အတည်ပြုချက်လိုအပ်သည်။ ရဲတပ်ဖွဲ့သည် အိမ်တွင်းဘီယာချက်သူများကို ဖမ်းဆီးလေ့ရှိသည်။
ယင်းစည်းမျဉ်းများကို အောင်မြင်စွာကိုင်တွယ်ရန် များပြားသည့် ဆန္ဒပြင်းပြသည့် ရှယ်ဘီယာချက်သူများသည် ၎င်းတို့၏ဘီယာကို နိုင်ငံပြင်ပတွင် ချက်လုပ်ပြီး ပြန်လည်တင်သွင်းကြသည်။ သို့သော်လည်း ယင်းသို့ပြုလုပ်ခြင်းက ခရပ်ဖ်ဘီယာကဏ္ဍတိုးတက်မှုကို နှောင့်နှေးစေသည်ဟု နတ်တာချိုင်းက ရှင်းပြသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်ပမှတင်သွင်းကုန်များအတွက် အခွန်မြင့်မားစွာဆောင်ရသောကြောင့်ဖြစ်သည်။ ခရပ်ဖ်ဘီယာသည် သောက်သုံးသူအများစုအတွက် ဈေးကြီးလွန်းသဖြင့် ၎င်းတို့မှာ အများအားဖြင့် ပင်မဈေးကွက်ဘီယာများကိုသာ စွဲမြဲစွာသောက်လေ့ရှိသည်။
သို့သော်လည်း ပြောင်းလဲမှုက ဖြစ်လာနိုင်သည်။ ၂၀၁၉ မတ်လက ကျင်းပသော အထွေအထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Future Forward အမတ်များတွင် မစ္စတာ တောင်ပီဖော့လင်မ်ဂျစ်ထရာကောင် ပါဝင်ခဲ့ပြီး ၎င်းသည့် ဘန်ကောက်တွင် အိမ်တွင်းဘီယာချက်လုပ်မှုဖြင့် ၂၀၁၇ ဇန်နဝါရီလက ဖမ်းဆီးခံရသည်။
၎င်းရွေးကောက်ခံရပြီး လအနည်းငယ်အကြာ ကုမ္ပဏီစုကြီးအနည်းငယ်၏ အကျိုးအတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အဘယ့်ကြောင့် ထိုင်းဘီယာဈေးကွက်၏ ပြင်ပသို့ရောက်ရန် အစိုးရ၏ စည်းမျဉ်းများက ပိတ်ဆို့နေရပါသလဲဟု သူက ဘဏ္ဍာရေးဒုဝန်ကြီး မစ္စတာဆန်တီပရွမ်ပက်ကို ပါလီမန်တွင် ဖိ၍မေးသည်။ ဒု-ဝန်ကြီးက စားသုံးသူများကို ကာကွယ်ရန်နှင့် ညီမျှမှုရှိစေရန် ဆိုသည့် လက်ခံနိုင်ဖွယ်မရှိသည့် တုံ့ပြန်မှုတစ်ခုကို အဆိုပြုခဲ့သည်။
တောင်ပီဖော့အဖမ်းခံရခြင်းသည်ပင်လျင် ရှယ်ဘီယာလောကအတွက် အကူအညီဖြစ်စေသည်ဟု နတ်တာချိုင်းကဆိုသည်။
 “ဒီအကြောင်းက သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ပါခဲ့ပါတယ်။ လူတော်တော်များများအတွက်တော့ အိမ်ချက်ဘီယာဆိုတာ ပထမဆုံးကြားဖူးတာပါ” ဟု၎င်းကပြောသည်။

Ko Zaw Min Aung, head brewer at Burbrit. Three years after it opened, the country's first microbrewery is producing 10,000 litres a month, its founders say. (Hkun Lat | Frontier)

Ko Zaw Min Aung, head brewer at Burbrit. Three years after it opened, the country’s first microbrewery is producing 10,000 litres a month, its founders say. (Hkun Lat | Frontier)

ဒေသတွင်းဘီယာဗဟိုချက်

 အစိုးရ၏ စည်းမျဉ်းများကို ဆန့်ကျင်လိုသော ထိုင်းဘီယာချက်သူများသည် စည်းမျဉ်းပိုမိုပျော့ပြောင်းသည့် ဝန်းကျင်တွင် ရှိနေသာ ဗီယက်နမ်ဘီယာချက်သူများကို အားကျလျက်ရှိသည်။ သေးငယ်သည့် ဘီယာချက်စက်ရုံ ၃၀ ကျော်ရှိနေသော ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် လျင်မြန်စွာကြီးထွားနေသော ဘီယာဈေးကွက်ဖြစ်သည်ဟု နာနီးက ပြောကြားခဲ့ပြီး အိမ်တွင်းချက်ရှယ်ဘီယာပွဲတော်များလည်း ကျင်းပမှုပိုများလာနေသည်။
သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ အိမ်တွင်းချက်ရှယ်ဘီယာမြေပုံတွင် နိုင်ငံအဆင့်ထက်ကျော်ကာ အထူးသဖြင့်ဟိုချီမင်းစီးတီးကို ဖော်ပြသည်။ ယင်းသို့ဖြစ်ရခြင်းမှာလည်း ဒေသတွင်းပါဝင်ပစ္စည်းများနှင့် စမ်းသပ်ပြီး တခြားမည်သည့်နေရာမျှမတွေ့နိုင်သည့် အထူးခြားဆုံးဘီယာများချက်လုပ်လိုသည့် ဘီယာချက်သူများ၏ ဆန္ဒလည်းဖြစ်သည်။
လုပ်ငန်းကြီးထွားမှုမှာ အားကောင်းစွာတည်ရှိနေတဲ့ ဘီယာသောက်သုံးတဲ့ ယဉ်ကျေးမှုက တွန်းအားပေးခြင်းကြောင့်ဖြစ်ပြီး လူလတ်တန်းစားတွေကြားမှာ လျင်မြန်စွာကျယ်ပြန့်လာနေပါတယ်။ ဒါ့အပြင် အရသာသစ်နဲ့ ဆန်းသစ်မှုတွေကို လိုလားတောင့်တမှုကြောင့်လည်းဖြစ်ပါတယ် ဟုနာနီးကပြောသည်။ ဗီယက်နမ် သို့မဟုတ် ထိုင်းနှင့် ယှဉ်လျင်ပင် မြန်မာ၏ ရှယ်ဘီယာမှာ လိုက်မီရန် များစွာလိုနေသေးသည်။
 စောစီးစွာအောင်မြင်မှုရသော်လည်း မြန်မာပြည်သူများ၏ နည်းပါးသည့်ဝင်ငွေ၊ ရှယ်ဘီယာနှင့် ထိတွေ့မှုမရှိခြင်းနှင့် အကန့်အသတ်ဖြင့်ရှိနေသည့် အခြေခံအဆောက်အအုံတို့ကို ထည့်သွင်းစဉ်းစားလျင် ဘားဘရစ်ဖွင့်လှစ်မှုမှာ စောလွန်းနေသည်ဟု သူထင်ကြောင်း ဦးထင်လင်းက ပြောသည်။

“ဈေးနှုန်းသတ်မှတ်ချက်နဲ့ အအေးခန်းမှာသိမ်းထားဖို့လိုအပ်ချက်တွေရှိတယ်။ ကျနော်တို့ဘီယာတွေက အအေးခံထားဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘီယာတွေကို အပူပေးပိုးသတ်လို့မရသလို စစ်ယူလို့လည်းမရပါဘူး။ ဆိုလိုတာက ကျနော်တို့ဘီယာတွေက ဈေးကွက်အများကြီးကို မရောက်နိုင်သေးဘူး “ဟု၎င်းကပြောသည်။
လာမည့်သုံးနှစ်အတွင်း ဘားဘရစ် သည် ပိုမိုကျယ်ပြန့်သည့် အားပေးမှုရရှိစေရန်နှင့် ဒေသထွက်ပါဝင်ပစ္စည်းများနှင့်ချက်သည့် နောက်ထပ်ဘီယာများကို မိတ်ဆက်ဖို့ ကြိုးစားရန် ဆန္ဒရှိကြောင်း ဦးထင်လင်းက ပြောသည်။
“ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ပွဲတော်ကို သူငယ်ချင်းတွေနဲ့လာပြီး ဘီယာကို အစားကောင်းအသောက်ကောင်းတွေ၊ ဂီတတွေနဲ့အတူ ခံစားစေချင်ပါတယ်” ဟု၎င်းကပြောသည်။ 
ရှယ်ဘီယာဆိုတာ လူ့အသိုင်းအဝိုင်း၊ ပျော်ရွှင်မှုတွေနဲ့ သက်ဆိုင်တယ်ဆိုတာပါပဲ ဟု၎င်းကပြောသည်။
ခရပ်ဖ်ဘီယာပွဲတော်မြန်မာ ၂၀၂၀ကို Burbrit Taproom (အမှတ် ၇၄၊ မနော်ဟရီလမ်း၊ ထိုင်းသံရုံးအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်) တွင် ဇန်နဝါရီ ၁၉ ရက်၌ ကျင်းပမည်ဖြစ်သည်။
လက်မှတ်ခမှာ ကျပ် နှစ်သောင်းဖြစ်ပြီး အသေးစိတ်သိရှိလိုပါက https://www.facebook.com/cbfmyanmar တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

TOP PHOTO: Mr Teerapat Ungsriwong (left) and Mr Nattachai Ungsriwong, who make the Thai craft beer Devanom, inside the Burbrit Brewery in North Dagon Township last month. (Hkun Lat | Frontier)

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.