Viber out အတွက် ငွေဖြည့်ကတ်ကို Red dot ဆိုင်များတွင် ဝယ်ယူနိုင်

ရန်ကုန်

မိုဘိုင်းကြိုတင်ငွေဖြည့်ကတ်ကို ပုံစံသစ်တမျိုးဖြင့်ရောင်းချသည့် Red dot ကုမ္ပဏီက မြန်မာနိုင်ငံတွင် လူသုံးအများဆုံးအင်တာနက်ဖုန်းခေါ်ဝန်ဆောင်မှုဖြစ်သည့် Viber ၏ ထပ်ဆောင်းဝန်ဆောင်မှုတစ်ခုဖြစ်သော Viber out မှ တဆင့် ဖုန်းခေါ်ရန် ငွေဖြည့်ကတ်များကို စတင်ရောင်းချပြီဖြစ်ကြောင်း သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးက ကြေညာထားသည်။

Viber out မှတဆင့် Viber အက်ပ် ထည့်သွင်းထားသည့် ဖုန်းဖြစ်စေ၊ မထည့်သွင်းထားသည့်ဖုန်းဖြစ်စေ ခေါ်ဆိုနိုင်ပြီး၊ မိမိခေါ်ဆိုသည့်ဖုန်း၌လည်း အင်တာနက်ဖွင့်ထားရန်မလိုအပ်သလို ပြည်ပနိုင်ငံများသို့လည်း အလွယ်တကူ ဖုန်းခေါ်နိုင်သည်။

မြန်မာနိုင်ငံတွင် ယခင်က အဆိုပါ Viber out ဝန်ဆောင်မှုအတွက် ငွေဖြည့်သွင်း၍ မရသဖြင့် အသုံးပြု၍ မရခဲ့ဘဲ ယခုမှ Red dot ကငွေဖြည့်ကတ်ဝန်ဆောင်မှုစတင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အခြားနိုင်ငံများတွင် Viber out အသုံးပြုရန်အတွက် ခရက်ဒစ်ကတ် သို့မဟုတ် ဘဏ်ကတ်တစ်ခုခုရှိရန် လိုအပ်သော်လည်း မြန်မာနိုင်ငံ၌ လူအများစုတွင် ဘဏ်ကတ်မရှိကြသောကြောင့် Red dot မှတဆင့် ငွေဖြည့် နိုင်ရန် ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။

“ဘဏ်ကတ်မရှိဘဲနဲ့ Viber out ကို ငွေဖြည့်နိုင်တာ မြန်မာနိုင်ငံက ပထမဦးဆုံးပါပဲ” ဟု Red dot ၏ အမှုဆောင်အရာရှိချုပ် ဂျွန်နာဂယ်လ်က ဝန်ဆောင်မှုမိတ်ဆက်ပွဲတွင် သတင်းထောက်များကို ပြောသည်။

Viber out မှတဆင့် ပြည်တွင်းဖုန်းများကို ခေါ်ဆိုပါက ကုန်ကျစရိတ်အားဖြင့် ပုံမှန်ဖုန်းခေါ်ဆိုသည့် ပမာဏနှင့်အတူတူဖြစ်သော်လည်း အားသာချက်အနေဖြင့် ပြည်ပနိုင်ငံများသို့ဖုန်းခေါ်ပါက ပြည်ပခေါ်ဆိုခ နှုန်းထားနှင့်မကျသင့်ဘဲ မိမိခေါ်ဆိုသည့်နိုင်ငံ၌ ပြည်တွင်းဖုန်း အချင်းချင်း ခေါ်ဆိုသည့် ကုန်ကျစရိတ်နှင့် အတူတူသာ ကျသင့်မည်ဖြစ်သည်။

Viber out အတွက် ငွေဖြည့်ကတ်များကို သာမန်ဖုန်းငွေဖြည့်ကတ်များကဲ့သို့ပင် ကျပ်တစ်ထောင်မှ စတင်ရောင်းချပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့တွင် ထိုငွေဖြည့်ကတ်ဝယ်နိုင်သည့် Red dot ဆိုင်စုစုပေါင်း ၁၀,၀၀၀ ရှိသည်ဟု ကုမ္ပဏီများက တရားဝင်ထုတ်ပြန်ထားသည်။

သတင်း- ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.