တိုင်ပေခရီးစဉ်သစ်ကို အမ်အေအိုင် ရပ်ဆိုင်း

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (အမ်အေအိုင်)သည် ရန်ကုန်-တိုင်ပေ ခရီးစဉ်ကို စတင်ပြီး တစ်လမပြည့်မီမှာပင် ခရီးသည် နည်းပါးမှုကြောင့် ရပ်ဆိုင်းလိုက်ရသည်ဟု ထိုင်ဝမ်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် Central News Agency က ရေးသားထားသည်။

အဆိုပါခရီးစဉ်အား ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းခွင့်ပြုရန် အမ်အေအိုင်က ထိုင်ဝမ် Civil Aeronautics Administration သို့ လျောက်ထားခဲ့သည်ဟု CNA က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ၎င်း၏ Focus Taiwan သတင်းချန်နယ်ကတစ်ဆင့် သတင်းဖော်ပြခဲ့သည်။

ရန်ကုန်နှင့် တိုင်ပေကြား တစ်ပတ်လ ျှင် စင်းလုံးငှားခရီးစဉ် သုံးကြိမ်အား Airbus 319s လေယာဉ်ဖြင့် မတ် ၂၅ ရက်နေ့အထိ ပြေးဆွဲရန် အမ်အေအိုင်က လျောက်ထားခဲ့ပြီးနောက် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြေးဆွဲမှုကို စတင်ခဲ့သည်။

သို့သော် ကျန်ရှိသည့် ခရီးစဉ်များကို ဖျက်သိမ်းရန် လေကြောင်းလိုင်းက လျောက်ထားခဲ့သည်ဟု CAA က ပြောကြားသည်။

လေကြောင်းလိုင်းခရီးစဉ်များ စီစဉ်ရန်အတွက်ဟု လေကြောင်းလိုင်းက အကြောင်းပြ လျောက်ထားခဲ့သော်လည်း ခရီးသည် နည်းပါးမှုကြောင့် ပြေးဆွဲမှု ရန်တန့်လိုက်ခြင်းဖြစ်သည်ဟု CAA က ပြောကြားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ထိခိုက်ရသည့် ခရီးသည်များအတွက် ငွေပြန်အမ်းပေးခြင်း သို့မဟုတ် အခြားလေကြောင်းလိုင်းဖြင့် သွားနိုင်ရန် စီစဉ်ပေးခြင်းတို့ကို လေကြောင်းလိုင်းက ဆောင်ရွက်ပေးမည်ဖြစ်သည်။

အမ်အေအိုင်က ခရီးစဉ် ဖျက်သိမ်းလိုက်သည့်အတွက် China Airlines သည် ရန်ကုန်နှင့် တိုင်ပေကြား ပြေးဆွဲနေသည့် တစ်ခုတည်းသော လေကြောင်းလိုင်းအဖြစ် ကျန်ရှိနေမည်ဖြစ်သည်။ အဆိုပါ လေကြောင်းလိုင်းက Boeing 737-800s လေယာဉ်ဖြင့် တစ်ပတ်လ ျှင် အသွားအပြန် ခြောက်ကြိမ်ပြေးဆွဲနေသည်။

အဆိုပါ ရန်ကုန်-တိုင်ပေ ခရီးစဉ်အား ပျံသန်းရန် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ဇန်နဝါရီ ၁၆ ရက်နေ့ကတည်းက လျောက်ထားခဲ့သော်လည်း ခရီးစဉ်ကို ယခုအချိန်အထိ စတင်ခြင်းမရှိသေးဟု CAA က ပြောကြားသည်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.