Emirates လေကြောင်းလိုင်းက ဒူဘိုင်း- ရန်ကုန်ခရီးစဉ် ပြေးဆွဲတော့မည်

Emirate လေကြောင်းလိုင်းမှ Boeing 777-300ER လေယာဉ်တစ်စိး။

Emirate လေကြောင်းလိုင်းမှ Boeing 777-300ER လေယာဉ်တစ်စိး။

ရန်ကုန်

အာရပ်စော်ပွားများ ပြည်ထောင်စု၊ ဒူဘိုင်းနှင့် ရန်ကုန်ကြား ခရီးစဉ်များကို Emirates လေကြောင်းလိုင်းက သြဂုတ် ၃ ရက်နေ့တွင် စတင်ပြေးဆွဲတော့မည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို Boeing 777-300ER လေယာဉ်များ အသုံးပြုကာ နေ့စဉ် ပြေးဆွဲသွားမည်ဟု  ဖေဖော်ဝါရီ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ခရီးစဉ်သစ်ကို စတင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ခရီးသည်များအတွက် ရွေးချယ်စရာများ ပိုမိုရရှိစေမည်ဟု လေကြောင်းလိုင်း၏ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ Adnan Kazim က ပြောကြားသည်။

လေကြောင်းလိုင်းသည် အဆိုပါတစ်နေ့ထဲမှာပင် ဒူဘိုင်းမှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ခရီးစဉ်သစ် စတင်မည်ဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်မှ ခရီးသည်များသည် လေကြောင်းလိုင်း၏ နိုင်ငံတကာကွန်ယက်နှင့် လွယ်ကူစွာ ချိတ်ဆက်ပြီး ခရီးသွားလာနိုင်ကြမည် ဖြစ်သည်။

“မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံက ခရီးသည်တွေဟာ ဥရောပက ၃၉ မြို့၊ အရှေ့အလယ်ပိုင်းက ၁၆ မြို့အပြင် အာဖရိကနဲ့ အမေရိက နေရာအတော်များများကို သက်တောင့်သက်သာနဲ့ ချိတ်ဆက်သွားလာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု Adnan Kazim က ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသည် ခုနစ်သန်းခွဲလာရောက်ရေးအတွက် လေကြောင်းလိုင်းက အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်နှင့် ဟနွိုင်းခရီးစဉ်သစ်များ စတင်ချိန်တွင် Emirates လေကြောင်းလိုင်းသည် အရှေ့တောင်အာရှ နိုင်ငံခုနစ်နိုင်ငံမှ မြို့ကြီး ၁၂ မြို့အထိ ကွန်ယက် ကျယ်ပြန့်လာမည် ဖြစ်သည်။ 

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.