ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှု ကျဆင်းသွား

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ တရားမဝင်ပုံမှန် သစ်တင်ပို့နေမှုများဟာ လွန်ခဲ့တဲ့ ခြောက်လအတွင်း သိသိသာသာ ကျဆင်းခဲ့တယ်လို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

တရားမဝင် သစ်ကုန်သွယ်ရာမှာ အသုံးပြုတဲ့ အဓိကကျတဲ့ နေရာတွေကို စောင့်ကြည့်ခဲ့ရာမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စတင်ပြီး သိသိသာသာကျဆင်းသွားတယ်လို့ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က မတ် ၇ ရက်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ခြောက်လအတွင်း နယ်စပ်ဖြတ်ကျော်ပြီး သစ်ကုန်သွယ်မှုတွေမှာ ကျွန်းသစ်နဲ့ အခြားသစ်တွေကို ထရပ်ကားနဲ့ သယ်ယူတာမျိုးမဟုတ်တော့ပဲ မော်တော်ဆိုင်ကယ်တွေ၊ ခရီးသည်တင် ကားတွေနဲ့ပဲ သယ်ယူတော့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်မှာ သစ်ခိုးခုတ်တဲ့ တရုတ်နိုင်ငံသာ ၁၅၅ ဦးကို ဖမ်းဆီးထောင်ချပြီးတဲ့နောက် ယခုလို ကျဆင်းသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းတို့ကို မြစ်ကြီးနားတရားရုံးက ၂၀၁၅ ခုနှစ်၊ ဇူလိုင်မှာ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၂ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

ထိုကဲ့သို့ ထောင်ဒဏ်များ ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံပိုင် မီဒီယာနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့က ကန့်ကွက်ခဲ့တာကြောင့် သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၇,၀၀၀ နီးပါးလွှတ်ပေးခဲ့ရာမှာ တရုတ် သစ်ခုတ်သမား ၁၅၅ ဦးလုံးကိုပါ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လည်လွှတ်ပေးခဲ့တဲ့ သစ်ခုတ်သမားအများစုဟာ တရုတ်နိုင်ငံနယ်စပ် Houqiao မြို့ကဖြစ်ကြပြီး သူတို့ရဲ့  ထရပ်ကားတွေနဲ့ ပစ္စည်းကိရိယာတွေ သိမ်းယူခံခဲ့ရတာကြောင့် နယ်စပ်ကို နောက်တစ်ကြိမ် ဖြတ်ကျော်နိုင်ဖွယ်မရှိတော့ကြောင်း EIA က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယမြောက် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ပြီးခဲ့တဲ့နှစ်က စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်ကစပြီး နှစ်စဉ် သစ်တောဧကပေါင်း ၅၄၆,၀၀၀ ဟက်တာခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်က EIA ရဲ့  ခန့်မှန်းချက်အရ ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ ယူနန်ဒေသကြား တရားမဝင် သစ်ကုန်သွယ်မှုဟာ ၂၀၁၄ ခုနှစ်မှာ ကုဗမီတာ ၉၀၀,၀၀၀ ထက်ကျော်လွန်သွားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် တန်ကြေးရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ရဲ့ သစ်ကုန်သွယ်မှုတွေက နှစ်အလိုက် အနိမ့်အမြင့် အတက်အကျတွေ ရှိပါတယ်။ ၂၀၀၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တရုတ်နိုင်ငံ ယူနန်ဒေသကို တရားမဝင် သစ်တင်ပို့မှုဟာ ကုဗမီတာတစ်သန်းရှိတယ်လို့ Global Witness ကခန့်မှန်းခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ သစ်တန်ချိန် စုစုပေါင်းရဲ့  ၉၅ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ လေးနှစ်အကြာမှာတော့ တရားမဝင် သစ်တင်ပို့မှုက ၇၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ကုဗမီတာ ၄၄၀,၀၀၀ ကို တင်ပို့ခဲ့ပါတယ်။

သတင်း- ရှောင်လလေစင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.