မြန်မာ့ စွမ်းအင်ဈေးကွက် တိုးတက်လာမည်ဟု သြစတြေးလျကုမ္ပဏီ Woodside က ယုံကြည်ထား

ယခုနှစ်အစောပိုင်းက ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းများတွင် အမြတ်ငွေကြီးမားစွာကျဆင်းသည့်တိုင်  သြစတြေးလျရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ Woodside Energy က မြန်မာဈေးကွက်တွင် တိုးတက်မှုများရှိလာမည်ဟု ယုံကြည်စွာမျှော်လင့်လျက်ရှိသည်ဟု ဧပြီ ၂၁ ရက်နေ့က ကုမ္ပဏီ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ စင်ကာပူဒေသခံ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Woodside Myanmar သည် ၎င်း၏ ရန်ကုန်ရုံးကို ၂၀၁၄ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ Woodside Myanmar သည် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်းအလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့အကွက်ခြောက်ခုတွင် ရှာဖွေတူးဖော်ရေး ဖက်စပ်လုပ်ငန်းများတွင် ပါဝင်လျက်ရှိသည်။ ယင်းနေရာများတွင် ဇန်နဝါရီကတည်းက သဘာဝဓါတ်ငွေ့သိုက်နှစ်ခုကို တွေ့ရှိထားသည်။

“မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျွန်တော်တို့ရဲ့ တူးဖော်တွေ့ရှိခဲ့တဲ့ အောင်မြင်မှုအတွက် အထူးအားရကျေနပ်မိပါတယ်။ လွန်ခဲ့တဲ့ ခြောက်လအတွင်း သဘာဓါတ်ငွေ့ တွေ့ရှိမှုနှစ်ခုကို ကျွန်တော်တို့ ကြေညာထားပါတယ်”ဟု Woodside ဥက္ကဋ္ဌ မိုက်ကယ်ချာနီးက သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် ပြုလုပ်သည့် အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဒီ ကျောချင်းကပ်တွေ့ရှိမှုတွေက ရခိုင်ချိုင့်ဝှမ်းရဲ့ မျက်နှာချင်းဆိုင် အစွန်းဘက်တွေမှာ ရှိပါတယ်။ အနီးက အခြေခံအဆောက်အအုံတွေရဲ့ အနားမှာ ရှိနေတာရယ်၊ မြန်မာနိုင်ငံက အားကောင်းတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေကြောင့် စီးပွားဖြစ် လုပ်ဆောင်နိုင်ခြေဟာ မြင့်မားလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

အကွက်အမှတ် A-6 ပထမဆုံးတွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိမှုကို ဇန်နဝါရီအစောပိုင်းက ကြေညာခဲ့သည်။ ယင်းနေရာတွင် Woodside သည် တူးဖော်ခွင့်လိုင်စင်တစ်ခုရရှိထားပြီး Myanmar Petroleum Resources Ltd နှင့် တူညီသော အကျိုးတူ မိတ်ဖက်အနေဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ ဒုတိယမြောက်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က AD-7 အကွက်တွင် တွေ့ရှိခဲ့ပြီး ယင်းနေရာတွင် Woodside က ၄၀ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်ပြီး အများစုကို Daewoo International ကပိုင်သည်။

ဖေဖော်ဝါရီလက Woodside သည် ကမ္ဘာလုံးဆိုင်ရာရေနံဈေးပြိုလဲြခင်း၏ ရလဒ်အဖြစ် တစ်နှစ်လုံးအတွက် အမြတ်ငွေမှာ ၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး့အမေရိကန်ဒေါ်လာ ၂၆ သန်းသာရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ ယခင်တစ်နှစ်က အမြတ်ငွေမှာ ဒေါ်လာ ၂ ဒသမ ၄၁ ဘီလျံအထိရရှိခဲ့ရာမှ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီသည် နောက်လတွင် သြစတြေးလျ၏ အနောက်မြောက်ကမ်းရိုးတန်းအလွန် James Price Point ရှိ ဒေါ်လာ ဘီလျံ ၄ဝ တန် သဘာဝ ဓါတ်ငွေ့ကို အရည်ပြုလုပ်သည့် စက်ရုံစီမံကိန်းများအား ရပ်ဆိုင်းခဲ့သည်။

သတင်း- ရှောင် ဂလေစင်

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.