ကမ္ဘောဇက အင်တာနက်ဆက်သွယ်ရေး စနစ်သစ်ကို မိတ်ဆက်

ရန်ကုန်၊ မေ ၂၆

မြန်နှုန်းမြင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ကမ္ဘောဇ လုပ်ငန်းစု (KBZ Group of Companies) က စတင်လိုက်ပြီး တိုင်းပြည်တွင်း ဒီဂျစ်တယ်ကွာဟမှုများကို ဆက်သွယ်ပေးမည်ဖြစ်သလို ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာမည်ဟု ပြောကြားလိုက်သည်။

KBZ Gateway က ဗီဆက်ဟု ခေါ်သည့် Very Small Aperture Terminal စနစ်ကို အမေရိကန်နိုင်ငံမှ Hughes Network Systems LL နှင့် ဟောင်ကောင်အခြေစိုက် Asia Satellite Telecommunications Company Ltd တို့နှင့် ပူးပေါင်းကာ စတင်လိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအတွက် တယ်လီကွန်းဆက်သွယ်ရေးခေတ်သစ်ကို ဗီဆက်နည်းပညာနဲ့ စတင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ကျေနပ်မိပါတယ်” ဟု KBZ Gateway ၏ အမှုဆောင်အရာရှိချုပ် Stephane Lamoureux က ပြောသည်။ 

“ယခင်က ဒီမှာရရှိခဲ့တဲ့ဝန်ဆောင်မှုတွေနဲ့ မတူတဲ့ အဆင့်မြင့် ဆက်သွယ်ရေးအခြေခံအဆောက်အဦးကြောင့် တစ်နိုင်ငံလုံးမှာ မြန်နှုန်းမြင့် ဆက်သွယ်မှုတွေ ရရှိစေမှာဖြစ်ပြီး လုပ်ငန်းတွေနဲ့ လူမှုအသိုက်အဝန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့မှ မိုင် ၅၀ ခန့် ကွာဝေးသည့် ပဲခူးမြို့တွင် ဂိတ်ဝေးကို အခြေစိုက်ထားသည်။

၎င်းတို့ ၁၉၉၂ ခုနှစ်က စတင်လုပ်ကိုင်ခဲ့သည့် အိန္ဒိယဈေးကွက်နှင့် မြန်မာနိုင်ငံက ဆင်တူသည်ဟု Hughes Network Systems ၏ ဥက္ကဋ္ဌ Pranav Roach က ပြောသည်။

“အဲဒီအချိန်တို့က အိန္ဒိယက စီးပွားရေးက ပွင့်လင်းမှုမရှိသေးပဲ အခု ဒီမှာနဲ့ အတော်ဆင်တူပါတယ်။ ဆက်သွယ်မှုတွေလည်း အလွန်နည်းပါတယ်” ဟု ၎င်းကပြောသည်။ သို့သော် ယခုအခါ ၎င်းတို့အနေဖြင့် ဘဏ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ပညာရေးအပါအဝင် အိန္ဒိယရှိ လုပ်ငန်းကဏ္ဍအားလုံးနီးပါးတွင် ပါဝင်လုပ်ကိုင်နေပြီဖြစ်သည်ဟု ၎င်းကပြောသည်။

လုပ်ငန်းစတင်သည့် အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကသံအမတ်ကြီး စကော့မာဆီရယ်လည်း တက်ရောက်ခဲ့သည်။

“အမေရိကန်လုပ်ငန်းတွေ ဒီကို ထပ်မံလာရောက်ကြပြီး မြန်မာလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် အခွင့်အလမ်းတွေ၊ ကြွယ်ဝမှုတွေနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးစေချင်ပါတယ်။ ဒီလိုမျိုး ပူးပေါင်းလုပ်ဆောင်မှုတွေက ဒီကပြည်သူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီး ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

သတင်း-အိုလီဗာ ဆလိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.