မြင်းခြံရှိ ဒေါ်လာသန်း ၃၀၀ တန် ဓာတ်အားပေးစက်ရုံ စီးပွားဖြစ် စတင်လည်ပတ်

စင်ကာပူနိုင်ငံ Sembcorp က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံထားသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အပြည့်အဝ စီးပွားဖြစ် စတင်လည်ပတ်နေပြီဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံသံမဏိစက်ရုံးအနီးတွင် တည်ရှိသည့် အဆိုပါစက်ရုံက လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို အစိုးရထံ ရောင်းချသွားမည်ဖြစ်သည်။ ထိုစက်ရုံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံလည်း ဖြစ်လာမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် သဘောတူညီချက်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်နှင့် Sembcorp ၏ အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ Mr Tan Cheng Guan တို့က နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်အရ စက်ရုံကို Sembcorp Myingyan Power Co. က ၂၂ နှစ်ကြာ စီမံခန့်ခွဲ လည်ပတ်ပြီးနောက် မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

“Sembcorp မြင်းခြံ IPP ဟာ လျှပ်စစ်ဓာတ်အား ပေးဝေခြင်းဖြင့် မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနဲ့ လူနေမှု အဆင့်အတန်း တိုးတက်လာမှုများကို အထောက်အကူပြုမယ့် ဒီလုပ်ငန်းဟာ တိုင်းပြည်ကို ဆယ်စုနှစ် တစ်ခုအထိ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားခြင်းလည်း ဖြစ်ပါတယ်။ အခု စီမံကိန်းက အဆိုပါ ဒေသမှာ ရှိတဲ့ ပြည်သူတွေ အကျိုးကျေးဇူးအတွက်  မှန်ကန်တဲ့ အတွေးအမြင်တွေ၊ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာတွေ အောင်မြင်မှုရနိုင်လည်းဆိုတာကို ပြမှာပါ” ဟု Sembcorp Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိဖြစ်သူ Mr. Neil McGregor က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ထိုစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank)၊ Asian Infrastructure Investment Bank၊ Clifford Capital၊ DBS Bank Ltd၊ DZ Bank၊ International Finance Corporation နှင့် Oversea-Chinese Banking Corporation တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘဏ္ဍာရေးထောက်ပံ့မှုများကိုလည်း ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Sembcorp သည် Sembcorp မြင်းခြံ စက်ရုံနှင့် အနီးစပ်ဆုံးတွင်နေထိုင်သော မြင်းခြံ လူမှု အသိုင်းအဝိုင်းအတွက် ကောင်းမွန်သော မိတ်ဖက်ဖြစ်ရန် ရည်မှန်းထားပြီး အဆိုပါ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များကို နားလည်သိရှိနိုင်ရန်လည်း တတ်တတ်ကြွကြွဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“ကျွန်ုပ်တို့ဟာ Sembcorp မြင်းခြံ IPP တည်ဆောက်ရေးမှာ ကျန်းမာရေး၊ လုံခြုံရေးနဲ့ သဘာဝ ပတ်ဝန်းကျင်တို့နဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ယနေ့အထိ နာရီပေါင်း ၈ ဒသမ ၇သန်းကျော်နဲ့ညီမျှတဲ့ လုပ်အားပမာဏကို ထိခိုက်ဒဏ်ရာရမှု မရှိဘဲ ဆောင်ရွက်နိုင်ခဲ့တာဟာ ကျွန်ုပ်တို့ကုမ္ပဏီရဲ့ တာဝန်သိတတ်မှုနဲ့ ရေရှည်တည်တံ့အောင်မြင်စေမှုကို အလေးထားတဲ့ လုပ်ကိုင်ဆောင်ရွက်မှုများ ပေါ်လွင်စေတယ်လို့ ထင်ပါတယ်” ဟု Sembcorp Myingyan Power Company ၏ ဦးဆောင်ညွန်ကြားရေးမှူး Mr. Dennis Foo က ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.