Mytel က အမှုဆောင်အရာရှိချုပ်သစ် ပြောင်းလဲခန့်အပ်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel က Mr. Nguyen The Nghia ကို အမှုဆောင်အရာရှိချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

Mytel မြန်မာ၌ နည်းပညာအမှုဆောင်အရာရှိချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၎င်းသည် ဗီယက်နမ် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီသို့ ၁၉၉၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး နှစ် ၂၀ အတွင်း အောင်မြင်မှုပန်းတိုင်များစွာကို ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Mytel ၌ တာဝန် မထမ်းဆောင်မီ Viettel Peru S.A.C. ကုမ္ပဏီ၏ ဥက္ကဋ္ဌ (သို့) အမှုဆောင်အရာရှိချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်ဟုလည်းဆိုသည်။

“ကျွန်တော် စီအီးအို (အမှုဆောင်အရာရှိချုပ်) တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ Mytel ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ သုံးစွဲသူတွေကို ခေတ်မီနည်းပညာတွေနဲ့ ဝန်ဆောင်မှုပေးရင်း မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ ဖွဲ့စည်းမှုအခိုင်ခန့်ဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်ဖို့ဆိုတဲ့ ပန်းတိုင်ကို တက်နိုင်သမျှ အားစိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယခုအစောပိုင်းတွင် ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်အတွင်း Mytel က အမြဲတမ်းသုံးစွဲသူ လေးသန်းကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သုံးစွဲသူအရေအတွက်အား နှစ်ဆမြှင့်တင်သွားရန် ရည်မှန်းထားသည်ဟုဆိုသည်။

ဈေးကွက်တွင်း ဝင်ရောက်ခဲ့သည့် ခြောက်လတာကာလအတွင်း ဈေးကွက်ရှယ်ယာပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းအထိ ရှိလာသည်ဟုလည်း Mytel က ပြောကြားထားသည်။

အမှုဆောင်အရာရှိချုပ်သစ် ခန့်အပ်လိုက်ပြီးနောက် ယခင်အမှုဆောင်အရာရှိချုပ် Mr. Nguyen Thanh Nam က Viettel Group ၏ ဒုဥက္ကဋ္ဌအဖြစ် ပြောင်းလဲထမ်းဆောင်မည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ Mytel ရဲ့ အမှုဆောင်အရာရှိချုပ်သစ် Mr. Nguyen The Nghia နဲ့ Viettel Group ရဲ့ ဒုဥက္ကဋ္ဌသစ် Mr. Nguyen Thanh Nam တို့ကို ဂုဏ်ပြုချင်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဦးဆောင်ညွှန်ကြားမှုတို့နဲ့ Mytel ကုမ္ဗဏီ အောင်မြင်တိုးတက်လာမည်လို့လည်း ယုံကြည်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.