မြန်မာ ယူ-၂၃ က ဂျပန်ကို ၇ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ပြီး အုပ်စု ဒုတိယသာရရှိ

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ (AFC U23 CHAMPIONSHIP QUALIFIERS 2020) ၏ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ ယူ-၂၃ အသင်းနှင့် ဂျပန် ယူ-၂၃ အသင်းတို့ ရန်ကုန်မြို့တွင် ယနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာက ၇-၀ ဂိုးဖြင့် ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့သည်။

ဂျပန်အသင်းအတွက် ဂိုးများကို ပထမပိုင်းတွင် Daizen Maedaက ပွဲချိန် ၇၊ ၁၀၊ ၄၅ မိနစ်များတွင် လည်းကောင်း၊ Yuto Iwasaki က ပွဲချိန် ၁၈ မိနစ်တွင် လည်းကောင်း၊ Yuta Nakayama က ပွဲချိန် ၃၈ မိနစ်တွင်လည်းကောင်း သွင်းယူခဲ့ကြသည်။ ထို့နောက် ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ တွင် Yuto Iwasaki နှင့် ပွဲချိန် မိနစ် ၈၀ တွင် Yuta Nakayama တို့က ထပ်မံသွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ဂျပန်အသင်းက ၇-၀ ဂိုး ဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြန်မာအသင်း၏ နည်းပြဖြစ်သူ Velizar Popov က မြန်မာအသင်းအနေဖြင့် ဂျပန်အသင်းကို အစစအရာရာ မယှဉ်နိုင်ခဲ့ဟု ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ရလဒ်နဲ့ပတ်သက်ပြီး ပရိသတ်ကို တောင်းပန်ပါတယ်။ ဂျပန်အသင်းက အာရှရဲ့ အကောင်းဆုံး အသင်းတစ်သင်းပါ။ နောက်ပြီး ဘရာဇီး၊ ပြင်သစ်တို့လိုအသင်းတွေနဲ့ ကမ္ဘာ့ဖလားကစားနေတဲ့အသင်းပါ။ level အဆင့်တစ်ခု ကွာပါတယ်။ ဒီနေ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တောင် တစ်ဂိုး နှစ်ဂိုးထပ် ပိုမရပါဘူး။ ဂျပန်အသင်းကို ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရော နည်းစနစ်ပိုင်းကော အစစအရာရာ ယှဉ်လို့ မရခဲ့ပါဘူး” ဟု ၎င်းက ပြောကြားသည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဂျပန်အသင်း၏ နည်းပြဖြစ်သူ Akinobu Yokouchi ကမူ ပွဲမစမီကတည်းက ပစ်မှတ်ထားသည့်အတိုင်း အနိုင်ရရှိခဲ့သည်ဟု ပြောကြားသည်။

“ဒီနေ့ ကစားသမားတွေ ကွင်းထဲမှာအကောင်းဆုံး ကစားနိုင်ခဲ့တယ်။ မြန်မာအသင်းကစားပုံကို သေချာ အခွေကြည့်ထားပြီး ဒီနေ့ပွဲအတွက် ပြင်ခဲ့တာကြောင့် အခုလို နိုင်တာပါ” ဟု ၎င်းကပြောသည်။ 

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြန်မာအသင်းသည် မတ် ၂၂ ရက်နေ့က ပွဲဦးထွက်ပွဲစဉ်အဖြစ် အရှေ့တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် အုပ်စုဒုတိယပွဲစဉ်အဖြစ် မကာအိုအသင်းနှင့် မတ် ၂၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့ရာ ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အာရှဘောလုံးအဖွဲ့ချုပ်က အာရှယူ-၂၃ ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပရာ မြန်မာအသင်းအနေဖြင့် အုပ်စု (I) တွင် ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့် ကျရောက်ခဲ့သည်။ ကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် ထိပ်ဆုံးလေးသင်း၊ စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ထို့ကြောင့် မြန်မာအသင်းအနေဖြင့် အုပ်စုဒုတိယနေရာမှ ခြေစစ်ပွဲအောင်နိုင်ခွင့်ရရှိရေးအတွက် အခြားအုပ်စုများ၏ ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်ဟု သိရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.