Vox Pop: ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ ဘယ်လို ပြောင်းလဲသွားလဲ

အရပ်သားအစိုးရ အာဏာရရှိလာပြီးနောက်ပိုင်း ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ ဘာတွေ ပြောင်းလဲလာတယ်ဆိုတာနဲ့ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နေ ပြည်သူအချို့ကို စီဇံမျိုးကျော်နဲ့ ခိုင်မီမီဝင်းတို့က မေးမြန်းထားပါတယ်။

typeof=

ဒေါက်တာ ဇော်ထက်အောင်၊ ဆရာဝန်၊ ၂၅ နှစ်

၂၀၁၁ နောက်ပိုင်း ကျန်းမာရေးဘက်ကို ကြည့်ရင်တော့ အများကြီး ကောင်းလာတယ်။ အရင်တုန်းက တိုင်းပြည်ဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းကိုပဲ သုံးတယ်လေ။ အခု ၃ ရာခိုင်နှုန်း သုံးလာတယ်။ ဆေးရုံတွေကို အများကြီး ပြုပြင် ပြောင်းလဲလာတာ တွေ့ရတယ်။ အရင်က ကုတင် ၂၅၀ ဆေးရုံ တွေကနေ ကုတင် ၅၀၀ ဆေးရုံတွေ ဖြစ်လာတယ်။

အခုနောက်ပိုင်းမှာ တော်တော်များများလဲ အလကား ရလာတယ်။ ရန်ကင်းကလေးဆေးရုံဆိုရင် ဆေးရုံတက်တဲ့လူနာက ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး။ စားစရိတ် သောက်စရိတ်တောင် မကုန်ဘူး။ ဆေးရုံမှာတင်ကျွေးတယ်။ ဆေးရုံမှာလဲ အလှူရှင်တွေရှိတယ်ဆိုတော့ တော်တော်လေးကို အဆင်ပြေလာတယ်။

အဓိကပြောင်းလဲဖို့ လိုတာကတော့ မယောင်ရာ ဆီလူးလုပ်တာတွေပဲ။ မလိုအပ်တဲ့ဆေးတွေက အများကြီး ဖြစ်နေပြီးတော့ လိုအပ်တဲ့ဆေးတွေက မရှိဘူးဖြစ်နေတယ်။ အဓိကကတော့ လိုအပ်တဲ့ဆေးတွေကို ပို ပံပိုးပေးစေချင်တယ်။

ဦးစားပေး ပြုပြင်ပြောင်းလဲသင့်တာကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆေးရုံတာဝန်ရှိသူတွေ ညှိနှိုင်းလုပ်ဆောင် သင့်တယ်လို့ ထင်တယ်။ ဆေးရုံမှာရှိတဲ့ ဌာနတစ်ခုခြင်းစီရဲ့ လိုအပ်ချက်ကို ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ညှိနှိုင်း ဖြည့်ဆည်းပေးသင့်တယ်။

ကိုရဲနိုင်ဝင်း၊ Myanmar Spacial Media တည်ထောင်သူနှင့် စီအီးအို၊ ၃၆ နှစ်

၂၀၁၁ နောက်ပိုင်း ရွှေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရလက်ထပ်မှတော့ လူတွေရဲ့အသံကို နားထောင်ပြီး ပညာရေးနဲ့ ကျန်းမာရေးက မဖြစ်မနေ တိုးတက်အောင် လုပ်ရမယ် ဆိုပြီးတော့ ပညာရေး ဘတ်ဂျတ်လဲ တိုးလာတယ်။ ကျန်းမာရေး ဘက်ဂျတ်လဲ တိုးလာတယ်။ သူတို့ကောင်းအောင် လုပ်နေကြတယ်လို့ မြင်တယ်။

ပညာရေးနဲ့ ကျန်းမာရေးကို ပြောင်းဖို့လိုအပ်တာက နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စနစ်တွေကို လေ့လာပြီး ပြည်တွင်းမှာ ပြန်ပြီးတော့ ကိုယ်ပြည်သူတွေနဲ့ ကိုက်ညီမယ့်၊ ဘတ်ဂျတ်နဲ့လဲ အဆင်ပြေမယ့်စနစ်မျိုးကို ပြောင်းလဲကျင့်သုံးသင့်တယ်။

ပညာရေးကတော့ ဦးစားပေး ပြောင်းလဲသင့်တယ်။ အစ်ကိုတို့ရဲ့ ပညာရေးစနစ်တွေက ခေတ်မမှီတော့ဘူး။ ကမ္ဘာပေါ်မှာ သင်ကြားနေတဲ့ ပညာရေးစနစ်တွေကို လေ့လာပြီး သူတို့နဲ့ ရင်ဘောင်တန်းနိုင်အောင် ပညာရေးစနစ်ကို ပြောင်းလဲသင့်နေပြီ။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်နေလို့မရတော့ဘူး။

typeof=

နော်မူးမေဖေါ်ဝါစိုး၊ သူနာပြုဆရာမ၊ ၂၃ နှစ်

ကျန်းမာရေးဘက်မှာဆိုရင် ဆရာဝန်အင်အားတွေ တိုးလာတယ်။ သူနာပြုတွေလဲ ခေါ်ရင် ခေါ်သလောက် တိုးတယ်။ ဆေးတွေဆိုရင်လဲ အရင်ကမရတဲ့ ဆေးတွေ အခုရလာတယ်။ အသုံးများတဲ့ဆေးတွေပေါ့နော်။ ဓါတ်ခွဲခန်းတွေဆိုရင်လည်း အရင်အချိန် အကြာကြီး စောင့်စရာမလိုတော့ဘဲ လျှင်လျှင်မြန်မြန် လုပ်ပေးလာတာတွေ့ရတယ်။

လိုအပ်တာတွေကတော့ လူနာတွေအတွက် အသုံးအဆောင်ပစ္စည်းပေါ့။ သူတို့ကို ကုသတဲ့အခါ လိုအပ်တဲ့ လက်အိတ်တို့ ဘာတို့ပေါ့။ ပြီးတော့ အသုံးများတဲ့ဆေးတွေ ပိုပြီး ထုတ်ပေးစေချင်တယ်။ ဝန်ထမ်းအိမ်ယာ မရှိတဲ့ ဆေးရုံတွေမှာ ဝန်ထမ်းအိမ်ယာတွေ ဆောက်ပေးစေချင်တယ်။

ကုတင်၂၀၀ လို ဆေးရုံအသေးတွေကို နေရာ ထပ်ချဲ့စေချင်တယ်။ ဆေးရုံ အသေးတွေမှာနေရာ အခက်အခဲရှိတယ်။ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ပြီးတော့ သူနာပြုအင်အားကိုလဲ ထပ်ပြီး တိုးချဲ့စေချင်တယ်။

ဦးလှမိုး၊ ကုန်သည်၊ ၅၀ နှစ်

ပညာရေးကတော့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းထားရမယ်။ ကျောင်းမှာရှိ နေရမယ်။ အဲဒီလိုတွေ ဖြစ်လာတယ်။ နောက်ပြီး အကုန်လုံး အခမဲ့တွေပေါ့။ အခြေခံပညာ အဆင့်ဆိုရင် အကုန်လုံး ကျောင်းအပ်တာတွေ စာအုပ်ခဲတံကအစ အကုန် အခမဲ့ဖြစ်လာတယ်ဆိုတော့ ဒါတွေ ကောင်းလာတာပေါ့။ ကိုယ်ပိုင်ကျောင်းတွေ ပေါ်လာတာလဲ ကောင်းတယ်။ ရှိတဲ့လူလဲ ရှိသလိုပေါ့။ ကျောင်းကားတွေလဲ လုံလုံခြုံခြုံ ဖြစ်လာတယ်။

typeof=

ဒေါ်သိမ့်သူဇာအောင်၊ အထက်တန်းပြ ဆရာမ၊ ၃၁ နှစ်

ပညာရေးမှာအကုန်လုံးက စမ်းတဝါးဝါးနဲ့ပြောင်းတာ မြေစမ်းခရမ်းပျိုးသလိုမျိုး။ ဒါလေးလုပ် ကြည့်တယ် မကောင်းဘူးဆို ပြန်ဖျက်လိုက်တယ်။ ၂၀၁၁ နောက်ပိုင်းမှာ ကလေးဗဟိုပြု ချည်းကပ်နည်းဆိုပြီးတော့ သင်ကြားရေးနည်း အသစ်ကို လုပ်တယ်။ ဒါပေမယ့် အဲဒါကလဲ မအောင်မြင်ဘူး။ အမှန်ဆိုနည်းလမ်းက အရမ်းကောင်းတယ်။ နိုင်ငံခြားကယူထားတဲ့ နည်းလမ်းပေါ့လေ။

အဓိကပြောင်းလဲဖို့ဆိုရင်တော့ ဟိုတစ်စ ဒီတစ်စ ပြောင်းနေတာထက် စာရင် အုံလိုက်ကြီး ပြောင်းလိုက်မယ်ဆို ပိုပြီး အဆင်ပြေမယ်။ နိုင်ငံခြားမှာလို တစ်ကယ်ပဲ ပညာတတ်တဲ့ ကလေးတွေ တစ်ကယ်မွေးထုတ်မှာလား။ အဲဒါဆိုရင် တစ်ခုချင်းစီ ပြောင်းနေမဲ့အစား ပညာရေးစနစ် တစ်ခုလုံးကို ပြောင်းလိုက်တာကောင်းတယ်။ ဆရာအင်အားလဲ လုံးဝနီးပါ ချို့ယွင်းနေတယ်။

ဦးစားပေး ပြောင်းလဲသင့်တာဆိုရင်တော့ စနစ်ကို ပြောင်းလဲသင့်တယ်။ ပညာရေးစနစ်ပေါ့နော်။ ပြောရမယ်ဆိုရင် အစိုးရဆိုတဲ့ နာမည်ကြီးကိုတတ်ပြီးတော့ မရှက်ဘဲနဲ့ အအောင်ပေးတာပေါ့နော်။ မအောင်တာတွေ အရမ်းများနေတဲ့ကိစ္စကို အအောင်ပေးလိုက်တာမျိုးတွေပေါ့။

မနီလာလင်း၊ ကျူရှင်ဆရာမ၊ ၂၇ နှစ်

ဟိုတုန်းကတော့ နှစ်ဝက်စာမေးပွဲရှိတော့ ကလေးတွေက စာတွေမမေ့ဘူးပေါ့။ အခုက နှစ်ဆုံးမှ အကုန်လုံး ပေါင်းစစ်တာဆိုတော့ ကလေးတွေက စာတွေ မေ့သွားတာပေါ့။ အစကနေပြန်ကြည့်ရတော့ သူတို့လေးတွေ ဒုက္ခရောက်တာပေါ့ အကုန်လုံးက သူတို့အတွက် အသစ်ဖြစ်သွားပြီလေ။

အခုနောက်ပိုင်း လေးယောက်အဖွဲ့လိုက် စစ်တာတော့ ကောင်းတယ်။ ဆိုးတာတွေတော့ ရှိတာပေါ့။ ကောင်းကျိုးက စာမလုပ်တဲ့ကလေးက သိမ်ငယ်လာပြီး စာလုပ်ချင်စိတ် ရှိလာမယ်။ အဖွဲ့လိုက် စည်းလုံးမှု စိတ်ဓာတ်လေးတွေ ရှိလာမယ်။ ဆိုးကျိုးက အချောင်ခိုစိတ်ပေါ့။ လေးယောက်မှာ တစ်ယောက်က စာရေးဆိုတော့ ငါက စာပဲရေးမယ်၊ စာမကျက်တော့ဘူးဆိုတဲ့ စိတ်ဝင်သွားရင် အဲဒီကလေးအတွက် မကောင်းတော့ဘူးပေါ့။ 

ဦးကျော်မိုးထက်၊ သင်္ဘောသား၊ ၃၅ နှစ်

လူနေမှုစနစ်တွေ တိုးတတ်လာတယ်။ ဥပမာ YBS ပေါ့။ အရင်တုန်းက ဆိုလို့ရှိရင် စီးရတာ မထသတွေပေါ့။ အခုချိန်မှာ ရန်ကုန်တိုင်းအစိုးရရဲ့ စီစဉ်ပေးမှုကြောင့် ခရီးစဉ်မှာလည်း လမ်းကြောင်းတွေလည်း ပိုကျယ်လာတယ်။ ပိုပြီးလည်း သွားရေးလာရေးတွေ အဆင်ပြေလာတယ်။ လူနေမှု အဆင့်အတန်းလည်း မြင့်လာတယ်။ 

ဦးလှရွှေ၊ ကင်ဆာဝေဒနာရှင်၊ ၅၅ နှစ်

ဆေးရုံကြီးက အရင် ထက်တော်တော်လေး ကောင်းလာတယ်။ ဆေးပစ္စည်းတွေ၊ ကျန်းမာရေးပစ္စည်းတွေ တော်တော်စုံစုံလင်လင် ရှိတယ်။ အရင်ကမစုံဘူး။ ဟိုပြေးဝယ်ဒီပြေးဝယ်ရနဲ့။ ကုသမှုလည်း တော်တော်လေး ကောင်းလာတယ်။ အရင်တုန်းက အကုန်လုံးလိုလို အပြင်ကဝ ယ်ရတယ်။အခုက ဝယ်စရာ မလိုတော့ဘူး။ နဲနဲပါးပါးလောက်ဘဲ။ ဆေးတွေက အစ အလကားပေးတယ်။ ခွဲစိတ်တာကလည်း အလကားခွဲပေးတယ်။ ဆေးဖိုးလည်း မကုန်ဘူးပေါ့။

နေရာ အခက်အခဲတွေ တော်တော်များတယ်။ ဆေးရုံမှာ ကုတင်မရတာများတယ်။ ဆေးပြတ်သွားတာတွေလည်း ရှိတယ်။ အဲဒါတာတွေ လုံလုံလောက်လောက် ရှိစေချင်တယ်။

ဦးသန်းလွင်ထွန်း၊ ကွမ်းယာရောင်းသူ၊ ၄၈ နှစ်

ပြောင်းလဲလာတာတော့ KG တန်းတွေတော့ ပြောင်းလာတယ်။ အဓိကကတော့ ကျောင်းပြီးသွားရင် ကလေးတွေ အလုပ်လက်မဲ့ မဖြစ်အောင် နိုင်ငံခြားနဲ့လဲ တန်းတူရင်ဘောင် တန်းနိုင်တဲ့ ပညာရေး စနစ်လေးတစ်ခု ဖြစ်စေချင်တယ်။ အခု ဦးလေးတို့ဆိုရင် ဘွဲ့ရတယ် အလုပ်ကမရှိဘူး။ အလုပ်လဲ မပေးနိုင်ဘူး။ ပညာတတ်ပြီး ဘာမှမထူးဘူး။

ပြောင်းလဲသင့်တာကတော့ ဘဝအတွက် အသုံးချနိုင်တဲ့ ပညာရေးကို သင်ကြားပေးသင့်တယ်။

typeof=

မမေသက်ခိုင်၊ kid’s improvement pre school ကျောင်းအုပ်၊ ၃၀နှစ်

မူကြိုပညာရေးက အခုနောက်ပိုင်းက ကလေးဖွံ့ဖြိုးမှုကို အဓိကထားလုပ်တာ။ အစတုန်းကတော့ ကလေးဖွံ့ဖြိုးမှု ထက် စာတွေ့ပေါ့။ ဒါတွေပဲရေး၊ ဒါတွေပဲကျက် ပုံစံပေါ့။ ကလေးဖွံ့ဖြိုးမှုကတော့ အစထဲက ရှိပြီးသားပါ။ တွင်တွင်ကျယ်ကျယ် မသုံးကြတာပေါ့။ အခုနောက်ပိုင်းမှ သုံးလာတယ်။ တကယ့်လည်း အကျိုးရှိတယ်။ ဒါပေမယ့် တချို့မိဘတွေက ဒါကို နားမလည်တော့ လက်မခံဘူး။ တချို့ကတော့ နားလည်တယ်။ လက်ခံတယ်။ ပညာရေးက ဒီလိုပြောင်းပါတယ်ဆိုတာကို ဆရာတွေပဲ လုပ်မယ့်အတူတူ ကျောင်းသားမိဘတွေကိုပါ ပညာပေးစေချင်တယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.