“မိုးမွန်”

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်း ရွာလေးဟာခက်ခဲတဲ့အချိန်တွေရှိခဲ့ပေမယ့် ဈေးကွက် ဝင်အရွက်တစ်မျိုးကြောင့် အဆင်ပြေနေကြပါတယ်။

ဘန်ဒူးနန့်

အင်းလေးကန်ကို အပေါ်စီးကနေလှမ်းမြင်နေရတဲ့ တောင်ကုန်းတစ်ပေါ်က သနပ်ဖက် အပင်တွေကြားမှာ “မိုးမွန်” ရပ်နေခဲ့ပါတယ်။ (ပအိုဝ်း လို အမေကို “မိုး” လို့အနီးစပ်ဆုံးထွက်ပါတယ်။) သူမရဲ့ဦးခေါင်းထက်မှာ ပိန်လှီနေတဲ့ ပင်စည်တွေကနေ ရိုးတံအဆုံးမှာအစိမ်းရောင်အရွက်တွေရှိတဲ့ သနပ်ဖက်အပင်တွေက အုပ်မိုးထားတယ်။ ၆၆ နှစ်အရွယ်ရှိတဲ့ “မိုးမွန်” ဟာ ဝါးနဲ့လုပ်ထားတဲ့ချိတ်နဲ့ ပင်စည်ကိုယူပြီး အရွက်တွေခူးဆွတ်နေခဲ့တယ်။ဒီအရွက်တွေကို  မီးကင်ပြီးနောက်မှာတော့ ရိုးရာဆေးပေါ့လိပ်အတွက် ဖက် အဖြစ်ရောင်းလို့ရပါပြီ။ဒီလုပ်ငန်းက ညောင်ရွှေမြို့နယ်ထဲက  “လွယ်ခေါ်” လို့ခေါ်တဲ့ “မိုးမွန်” တို့ ရွာရဲ့အဓိကဝင်ငွေရတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။

“ငါ ဒီအလုပ်တွေ လုပ်ဖို့အသက်အရမ်းကြီးလွန်းနေပြီ”လို့ သူက ခပ်တိုးတိုးရေရွတ်ပါတယ်။ “မိုးမွန်”လို့ရွာကလူတွေသိကြတဲ့ သူက ထူထဲတဲ့ အပြာရင့်ရောင်အင်္ကျ ီကိုအပေါ်ကထပ်ဝတ်ထားပြီး အနီရောင်နဲ့ အဝါရောင် စပ်ထားတဲ့ ဗောင်းထုပ်ကို ပေါင်းထားပါတယ်။ဒါက သူ့ကို ပအိုဝ်းအမျိုးသမီးကြီးတစ်ယောက်ဆိုတာကိုပေါ်လွင်စေပါတယ်။ ပအိုဝ်းတွေက အစဉ်အလာအားဖြင့် ရှမ်းပြည်တောင်ပိုင်းရဲ့ကြီးမားတဲ့တောင်ကြောတွေနဲ့ တောင်ကုန်း ထိပ်တွေပေါ်မှာ မြေကိုရှင်းလင်းပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးလေ့ရှိတယ်။ သနပ်ဖက်ပင်၊ပြောင်းနဲ့ ဆေးရွက်ကြီးလို စီးပွားဖြစ်သီးနှံတွေ ပေါ့။ သူတို့ရဲ့ ကံကြမ္မာက တိုင်းပြည်စီးပွားရေးနဲ့ကြီးကြီးမားမားဆက်နွယ်နေတယ်။

“ငါ့သားလေးတွေကိုသတိရတယ်”လို့ မိုးမွန် က ပြောလိုက်တဲ့အခါ အရေးအကြောင်းတွေ နဲ့ သူ့မျက်နှာက ပြုံးသယောင်ဖြစ်သွားတယ်။ သားနှစ်ယောက်က အဝေးမှာပါ။ တစ်ယောက်ကတော့ထိုင်းနိုင်ငံမှာ အကူအလုပ်လုပ်နေပြီး တစ်ယောက် ကတော့ မွန်ပြည်နယ်သထုံမှာပါ။သူတို့ရွာထဲမှာ အရမ်းငယ်တဲ့လူတွေနဲ့ အသက်အရမ်းကြီးတဲ့ လူတွေပဲကျန်တော့တယ်။အလုပ်အကိုင်နဲ့ ပညာသင်ဖို့အခွင့်အလမ်းနည်းပါးတဲ့အတွက် အရွယ်ရောက်လာရင် ရွာကိုခပ်မြန်မြန်စွန့်ခွာသွားကြတာပါ။

ဘယ်လိုပဲဖြစ်ပါစေ ဒေသကပေးတဲ့ဆုလာဘ်အဖြစ် မြေဆီသြဇာပြည့်ဝတဲ့မြေကို ပိုင်ဆိုင်ရသူတစ်ဦးဖြစ်လို့ မိုးမွန်ဟာ သူ့ကိုသူ ဘယ်တော့မှ ကံမကောင်းဘူးလို့မတွေးမိပါဘူး။ခင်ပွန်းနဲ့အတူ ဆေးရွက်ကြီးကို မီးကင်ပြီးရောင်းချခဲ့လို့ ၂ လအတွင်း ကျပ်ငွေသိန်းနှစ်ဆယ်နီးပါး ဝင်ငွေရှိခဲ့ပြီး အဲ့ဒီငွေတွေဟာ ဒီနှစ်အတွင်းသူတို့ရဲ့စားဝတ်နေရေးကို ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

မိုးမွန်တို့ရွာလေးမှာ လျှပ်စစ်မီးလဲမရရှိသလို မိုဘိုင်းဖုန်း ကွန်ရက်တွေဟာလဲ အကန့်အသတ် ရှိပါတယ်။ မိုးတွင်းဆို လမ်းတွေဟာ ရွံ့မြေအဖြစ် ပြောင်းသွားပြီးသွားလာရခက်ခဲတယ်။ ဒါပေမဲ့ တောင်ခြေက ရှမ်းနဲ့ အင်းသားရွာတွေ မသာယာချိန်က ပအိုဝ်းရွာလေးရဲ့ခက်ခဲတဲ့ အချိန်တွေကို ပြန်မှတ်မိစေပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်မှာ သူတို့ခေါင်းဆောင်တွေက ရှမ်းစော်ဘွားတွေရဲ့ “ပဒေသရာဇ်” စနစ်ကို  ကြံ့ကြံ့ခံခဲ့ကြရပါတယ်။ အဲ့ဒီနောက်မှာလည်း စစ်အုပ်ချုပ်ရေးဒဏ်ကို ဆယ်ခုနှစ်များစွာထပ်ခံရပါတယ်။ ၁၉၉၁ ခုနှစ်မှာချုပ်ဆိုခဲ့တဲ့ တပ်မတော်နဲ့ ပအိုဝ်းအမျိုးသားတပ်မတော်တို့ရဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကြောင့်ဒေသတွင်း အခြေအနေပြန်လည်တည်ငြိမ်ခဲ့ပေမယ့် လွတ်လပ်ခွင့်နဲ့ ချမ်းသာကြွယ်ဝခြင်းကိုတော့မရခဲ့ပါဘူး။

အပစ်အခတ်ရပ်ခဲ့ပြီးနောက်မှာပဲ ဝေးလံခေါင်ဖျားဒေသမှာရှိတဲ့ ဆင်းရဲတဲ့ လယ်သမားတွေဟာ စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးခြင်းအပေါ်အမှီပြုခဲ့ရပါတယ်။ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်တွေဟာ တပ်မတော်နဲ့ မဟာမိတ်ဖြစ်လာပြီးနောက် အကျိုးစီးပွားတွေများလာပြီး ခရိုနီတွေနဲ့လည်းအဆက်အသွယ်ကောင်းလာပါတယ်။ သူတို့ရဲ့သစ္စာရှိမှုအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပအိုဝ်းဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာပြီး ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တို့ ပါဝင်ပါတယ်။

ဒီတောင်ကုန်းတွေရဲ့ အထီးကျန်မှုဟာ စစ်အုပ်ချုပ်ရေးကြောင့်တင်မဟုတ်ဘဲ စီးပွားရေးစီမံခန့်ခွဲမှုအမှားအယွင်းတွေကြောင့်လည်းဖြစ်ပါတယ်။ အသက်(၄၅)နှစ်အရွယ် ရှိတဲ့ ဦးကျော်ခင်က ဘိန်းရွက်တွေကိုမီးကင်နေရင်း ၁၉၈၇ ခုနှစ်အတွင်းကနာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ငွေသိမ်းခံရမှုအကြောင်းကိုပြန်ပြောပြပါတယ်။

၁၉၈၇ စက်တင်ဘာ ၅ ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက  ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန် နဲ့ ၇၅ ကျပ်တန်တွေကို ဘာမပြောညာမပြောနဲ့ ရုတ်သိမ်းခဲ့ပါတယ်။ရန်ကုန်နဲ့ အဆက်အသွယ်ကောင်းတဲ့ ကောက်ကျစ်တဲ့အဖွဲ့တစ်ဖွဲ့က အဲ့ဒီသတင်းကြားတာနဲ့ တရားမဝင်တဲ့ငွေအထပ်လိုက်နဲ့ မြေတွေဝယ်ပြီး ခပ်မြန်မြန်ချမ်းသာကုန်ကြပါတော့တယ်။သူတို့ရွာအပါအဝင် ဝေးလံခေါင်ဖျားတဲ့တောင်ပေါ် ရွာတွေကအဲ့ဒီဒဏ်ခံလိုက်ရတယ်လို့ ဦးကျော်ခင်ကပြောပြပါတယ်။

ဦးကျော်ခင်ကသူရဲ့ခေါင်းကို ခါယမ်းနေခဲ့တယ်။အတိတ်ကို အတိတ်မှာပဲထားခဲ့တော့တယ်လို့ သူက အရှိအတိုင်းပြောပါတယ်။ သူဟာ ခေါင်မိုးထိထိနေတဲ့ အညိုရောင် သနပ်ဖက်ရွက်ခြောက်တွေကို ထုပ်ပိုးရင်း မိုးမွန်ရဲ့ နှစ်စဉ်သီးနှံထွက်လို့ ရတဲ့ဝင်ငွေထက် သူရဲ့ဝင်ငွေကပိုများတယ်လို့ပြောပါတယ်။ 

ပအိုဝ်းရွာလေး “လွယ်ခေါ်” က တော့ သူတို့ရဲ့ကိုယ်ပိုင်ဟန်နဲ့ ကြွယ်ဝရှင်သန်နေကြတာပါ။

စိမ်း ဘာသာပြန်ဆိုသည်။

သရုပ်ဖော်ပုံ-ဂျာရတ် ဒေါင်းနင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.