တရားမျှတမှုဆိုင်ရာပြဿနာတွေ ပါဝင်တဲ့ ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်မည်

တရားမျှတမှုဆိုင်ရာ ပြဿနာတွေ၊ ဖြေရှင်းချက်တွေ စတာတွေကို ဖျော်ဖြေရေးပုံစံနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားတဲ့ “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ရုပ်သံဇာတ်လမ်းတွဲ ဒုတိယပိုင်းကို ယခုလ ၅ ရက်နေ့ကနေစပြီး MRTV ရုပ်သံလိုင်းမှာ ပြသတော့မှာ ဖြစ်ပါတယ်။

အဲဒီ ဇာတ်လမ်းတွဲရဲ့ ပထမပိုင်းတုန်းကတော့ စိတ်ကူးပုံဖော်ထားတဲ့ နယ်မြို့လေးတစ်မြို့က ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ဘဝတွေကို ပရိသတ်တွေအနေနဲ့ ထဲထဲဝင်ဝင် မြင်တွေ့ခဲ့ရပါတယ်။ အခု ဒုတိယပိုင်းမှာတော့  အကူအညီလိုအပ်နေတဲ့ အမှုသည်တွေကို အဲဒီမြို့လေးက တရားမျှတမှုစင်တာက ဥပဒေအကူအညီတွေ အခမဲ့ ဖြည့်ဆည်းပေးပြီး လူမှုအသိုက်အဝန်းမှာ ရင်ဆိုင်နေရတဲ့ တရားစီရင်ရေး ပြဿနာတွေနဲ့ ရှေ့နေတွေ၊ ရဲအရာရှိတွေနဲ့ ဒေသခံခေါင်းဆောင်တွေက ပြဿနာတွေ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို မြင်တွေ့မယ်လို့ ဆိုပါတယ်။

“တရားမျှတမှုလိုမျိုး အရေးပါတဲ့ လူမှုအကြောင်းအရာတစ်ရပ်နဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြားလို လူမှုဖျော်ဖြေရေးမီဒီယာတစ်ခုကို ထိထိရောက်ရောက် အသုံးချချင်တာပါ”လို့ ထုတ်လုပ်သူ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဇာတ်လမ်းတွဲတစ်ခုကို ဒုတိယတွဲအထိ ထပ်မံထုတ်လွှင့် ပြသတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ပရိသတ်တွေအတွက် အခုလို ကြိုးပမ်းအားထုတ်ပေးရလို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ-Supply

ဓာတ်ပုံ-Supply

ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာအောင်ကိုလတ်က ဦးစီးရိုက်ကူးပြီး ပထမဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ ဆုပန်ထွာ၊ မိုးယံဇွန်၊ ဘုန်းသိုက်နဲ့ ခင်ဇာခြည်ကျော်တို့ ပြန်လည်ပါဝင်ထားပါတယ်။

ဇာတ်လမ်းတွဲဖြစ်မြောက်ရေးအတွက် ထုတ်လုပ်သူတွေအဖြစ် ဥပရောသမဂ္ဂက ကူညီပံ့ပိုးထားပြီး ဗြိတိသျှကောင်စီက ဆောင်ရွက်နေသည့် တရားမျှတမှုလက်လှမ်းမီရေး (MyJustice) စီမံကိန်းနဲ့ Omidyar ကွန်ယက်တို့က ဆောင်ရွက်ပြီး ပျိုးပင်အဖွဲ့အစည်းနဲ့ Communication Services Group တို့က ရန်ပုံငွေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

“ဒိမိုကရေစီစနစ်တစ်ရပ်မှာ ဥပဒေဆိုတာ ဘယ်သူက အင်အားအကြီးဆုံး၊ အချမ်းသာဆုံးဖြစ်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ ဘယ်ဟာက တရားမျှတပြီး မှန်ကန်တယ်ဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ဒီလို ဒီမိုကရေစီစနစ်တစ်ရပ် အလုပ်ဖြစ်ဖို့အတွက် လူအများဟာ သူတို့အခွင့်အရေးကို သူတို့ သိရှိဖို့လိုပြီး သူတို့ကို ဘယ်သူတွေက ဘယ်နေရာကနေ အကာအကွယ်ပေးနေသလဲဆိုတာကို သိဖို့လိုပါတယ်။ နေရယ်၊ လရယ်၊ အမှန်တရားရယ်ဆိုတဲ့ ဇာတ်လမ်းတွဲဟာ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပြီး ဥရောပသမဂ္ဂအနေနဲ့ ပံ့ပိုးကူညီပေးရတဲ့အတွက် ဂုဏ်ယူပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schimidt က ပြောပါတယ်။

ဓာတ်ပုံ-Supply

ဓာတ်ပုံ-Supply

ဇာတ်လမ်းတွဲ ဒုတိယပိုင်းမှာတော့ နိုင်ငံအဝှမ်းမှာ လူအများခံစားနေရတဲ့ ခေါင်းပုံဖြတ်ငွေချေးမှု ပြဿနာတွေ၊ အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ မူးယစ်ဆေးဝါး၊ တရားမဝင် ကုန်ကူးမှုနဲ့ မြေယာသိမ်းခြင်းစတဲ့ ပြဿနာတွကို မိနစ် ၃၀ ကြာ ဇာတ်လမ်းအပိုင်း ၁၀ အဖြစ် ပြသသွားမှာ ဖြစ်ပါတယ်။

“နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်လမ်းတွဲ (ဒုတိယပိုင်း)က သာမာန်ပြည်သူတွေအတွက် တရားမျှတမှုက ဘယ်လောက်အရေးပါသလဲဆိုတာကို လူအများစတင်ဆွေးနွေးကြစေဖို့ လုပ်ဆောင်ရာမှာ ကနဦးခြေလှမ်းဖြစ်ပါတယ်” လို့ MyJustice အဖွဲ့ခေါင်းဆောင် ကိတ်တလင်းရိုက်ဂါက ပြောပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်။ ဓာတ်ပုံ-Supply

ဒါရိုက်တာ အောင်ကိုလတ်။ ဓာတ်ပုံ-Supply

“မီဒီယာဆိုတာက ဖျော်ဖြေရေးသက်သက်အတွက်မဟုတ်ဘဲ ဥပဒေဟာ လူအများရဲ့ အခွင့်အရေးတွေကို ဘယ်လိုကာကွယ်နိုင်ကြောင်းကို လက်ဖက်ရည်ဆိုင်တွေ၊ အိမ်တွေနဲ့ ရုံးခန်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုနိုင်ကြစေဖို့ ကူညီလမ်းဖွင့်ပေးနိုင်တယ်ဆိုတာက ကျွန်မတို့က ယုံကြည်တဲ့အတွက် ပြောကြမယ်လို့ အမည်ရတဲ့ တရားမျှတမှုနဲ့ဆိုင်တဲ့ နိုင်ငံအနှံ့ လှုပ်ရှားမှုအစီအစဉ်ကိုပါ နောက်ဆက်တွဲအနေနဲ့ ပြုလုပ်သွားမှာပါ။ လူတစ်ဦးချင်းစီ တရားမျှတမှုနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံလေးတွေကို ဒီလှုပ်ရှားမှုကနေတစ်ဆင့် ကြားသိနိုင်ပါ” လို့ သူကပြောပါတယ်။

ဇာတ်လမ်းတွဲကို စက်တင်ဘာ ၅ ရက်နေ့နေစပြီး MRTV ရုပ်သံလိုင်းမှာ ည ၇ နာရီ ၁၅ မိနစ်ကနေ ၈ နာရီအထိ၊ တစ်ပတ်ကို သုံးကြိမ်ခန့် ပြသသွားမှာ ဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.