၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲနှင့် ကန့်ကွက်ပွဲ တရက်တည်းပြုလုပ်

ဟိန်းသာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ ထွက်ရှိလာပြီးနောက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်လိုသူများနှင့် မပြင်ဆင်လိုသူများ ရန်ကုန်မြို့၌ ယနေ့တရက်တည်းတွင် မနက်ပိုင်း တစ်ဖွဲ့၊ ညနေပိုင်း တစ်ဖွဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ၊ အစုအဖွဲ့များပါဝင်သော အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာကို ဇူလိုင်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်ေ တာ်၌ တင်သွင်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်ပေါင်း ၃,၇၆၅ ချက်ကို ပြင်ဆင်၊ ပယ်ဖျက်ရန်တင်သွင်းခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တင်သွင်းချက်ထဲတွင် သမ္မတအရည်အချင်းကန့်သတ်ချက်ဖြစ်သော ပုဒ်မ ၅၉(စ) ကိုပယ်ဖျက်ရန်လည်း ပါဝင်သည်။

ဇူလိုင်လ ၁၇ ရက် ယနေ့မနက် ၉ နာရီခန့်က အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံအားပေးသူလူဦးရေ သောင်းဂဏန်းခန့်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲများ ကျင်းပခဲ့ကြသည်။

ဓာတ်ပုံ - ကိုဦး

ဓာတ်ပုံ – ကိုဦး

ဆန္ဒထုတ်ဖော်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူ့ဆန္ဒ မပါဝင်ကြောင်း၊ တိုင်းပြည်ငြိမ်းချ မ်းရေးအတွက် အခြေခံဥပဒေသစ်ကို လိုလားကြောင်း ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုထောက်ခံပွဲသို့ သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP – Union Betterment Party မှ ပါတီဝင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ကျွန်တော်တို့နိုင်ငံ ဖက်ဒရယ်စနစ်တည်ဆောက်ဖို့ မျှော်လင့်ချက်လမ်းကြောင်းဖြစ်တယ်။ ကျွန်တော်တို့ပြည်သူတွေအချင်းချင်း ညီမျှငြိမ်းချမ်းစွာ နေထိုင်ဖို့လည်းဖြစ်တယ်။ တိုင်းပြည်ပိုကောင်းသွားအောင် ပြင်ဆင်ဖို့လိုအပ်တယ်” ဟု ထောက်ခံပွဲကို ဦးဆောင်သည့် စာရေးဆရာ သရဝဏ်(ပြည်) က ထောက်ခံပွဲတွင်ပြောသည်။ သရဝဏ်(ပြည်) နှင့်အတူ ဒေါင်းမာန်ဟုန်၊ နေမျိုးအေး(ရဲခေါင်မဲမောင်)နှင့် ကိုမြအေးတို့လည်း အသီးသီးဟောပြောကြသည်။

နေ့လယ်ပိုင်း ၁ နာရီခန့်တွင်မူ အမျိုးသားရေးအဖွဲ့များနှင့် သံဃာတော်အချို့ဦးဆောင်ကာ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရန်နှင့်သံဃာချင်း သင်းကွဲအောင် သွေးခွဲနေသူများအား ဆန့်ကျင် ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါပွဲတွင် လူဦးရေ သောင်းဂဏန်းခန့်ပါဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) ကို မပယ်ဖျက်ရန်ကြွေးကြော်ဆန္ဒပြသည်။ ဆန္ဒပြသူများထဲတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီဝင်များလည်း ပါဝင်ခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အထွတ်အထိပ် သမ္မတရွေးတဲ့နေရာမှာ တိုင်းတပါးလက်အောက်ခံ၊ တိုင်းတပါးသြဇာကို မလွန်ဆန်နိုင်တဲ့လူကို အလိုမရှိဘူး။ ဒါကြောင့် ၅၉(စ) က လုံးဝပယ်ဖျက်လို့မရတဲ့ ပုဒ်မဖြစ်တယ်” ဟု အမျိုးသားရေးသမားတစ်ဦးဖြစ်သူ ဦးဝင်းစိုးက ထောက်ခံပွဲတွင်ပြောသည်။

ယနေ့ ဇူလိုင် ၁၇ ရက်တွင် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထောက်ခံပွဲများကို စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ လွိုင်ကော်၊ စစ်ကိုင်း၊ ညောင်ရွှေနှင့် တောင်ကြီးမြို့တို့တွင်လည်း အသီးသီးကျင်းပခဲ့ကြသည်။

ခွန်ယံအားဖြည့်ရေးသားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.