အိုင်စီစီတရားခွင်သို့ မြန်မာ ရောက်ရှိနိုင်မည့် အလားအလာမရှိ

အေအက်ဖ်ပီ

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ ဖိနှိပ်ခံနေရသော်လည်း ကျူးလွန်သူများမှာ ပြည်ပအင်အားကြီး မဟာမိတ်များကြောင့် တရားခွင်သို့ ရောက်ရှိနိုင်သည့် အလားအလာမရှိဟု ထိပ်တန်း ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက မြန်မာစစ်တပ်က ပြုလုပ်ခဲ့သည့် ကြီးမားသည့် စစ်ဆင်ရေးကြောင့် မူဆလင် ၇၀၀,၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် ယန်ဟီလီကလည်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိစဉ် ပြင်းထန်သည့် မှတ်ချက်စကားများ ပြောကြားခဲ့သည်။ ရိုဟင်ဂျာစစ်သွေးကြွများ၏ ရုတ်တရက် စီးနင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း မုဒိမ်းမှု၊ လူသတ်မှုနှင့် ရွာများ မီးရှို့ခံရမှုအကြောင်း ဒုက္ခသည်များ၏ ပြောကြားချက်များကို လူ့အခွင့်အရေးအဖွဲ့များနှင့် သတင်းထောက်များက မှတ်တမ်းတင်ပြီးနောက် မြန်မာနိုင်ငံက လူမျိုးစုအလိုက် သန့်စင်မှုများ ပြုလုပ်နေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့နှင့် အမေရိကန်တို့က စွပ်စွဲခဲ့ကြသည်။

ကျန်ရှိနေသည့် ရိုဟင်ဂျာများကိုလည်း စနစ်တကျ အကြမ်းဖက်မှု ကျူးလွန်နေသည်ဟု ယန်ဟီလီက ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းများကို သွားရောက်ခဲ့ပြီးနောက် ဒါကာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာ ဗိုလ်ချုပ်ကြီးများကို မကြာခင်အချိန်အတွင်း သည်ဟိဂ်ရှိ နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ) တွင် မြင်ရနိုင်သည့် မျှော်လင့်ချိန်များ မှေးမှိန်လျက်ရှိပြီး ထိုသို့မှေးမှိန်ရခြင်းမှာ ရုရှားနှင့် တရုတ်တို့က ကာကွယ်ပေးမည်ဖြစ်သောကြောင့် ဖြစ်သည်ဟု ယန်းဟီလီက ဆိုသည်။

“ရှင်တို့သိတဲ့အတိုင်း နိုင်ငံတကာဖိုရမ်တွေရဲ့ လက်ရှိဖွဲ့စည်းပုံအရ အိုင်စီစီကို လွှဲတာက လုံခြုံရေးကောင်စီက လွှဲပေးရတာပါ” ဟု ၎င်းကပြောသည်။ “အိုင်စီစီမှာက မြန်မာရဲ့ မိတ်ဆွေတွေက အမြဲတမ်း နှစ်နေရာရှိတော့ ဒီလို(အိုင်စီစီကိုလွှဲတာ)မျိုး ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော်လည်း နိုင်ငံများ၏ အမည်ကို ၎င်းက ဖော်ပြပြောဆိုခြင်း မရှိပေ။ ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်များဖြစ်သည့် ရုရှားနှင့် တရုတ်က လုံခြုံရေးကောင်စီတွင် မြန်မာကို ယခင်က ထောက်ခံပေးထားပြီး နောက်ထပ်ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းမှ ကာကွယ်ပေးနေသည်။

လူမျိုးစုအလိုက် ရှင်းလင်းရေးလုပ်သည်ဆိုသည့် စွပ်စွဲချက်များကို မြန်မာက ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့ Arakan Rohingya Salvation Army (ARSA)ကို တရားဝင် တုံ့ပြန်မှုအဖြစ် နှိမ်နင်းခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာစစ်တပ်သည် သူပုန်ဧရိယာများရှိ စစ်သွေးကြွအုပ်စုများကို နှိမ်နင်းရာတွင် အရပ်သားများကို ထိခိုက်စေသည့် မြေလှန်ဖျက်ဆီးသည့် နည်းဗျူဟာများကို ချမှတ်လုပ်ဆောင်ခဲ့သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည့်အပြင် ရိုဟင်ဂျာများအပေါ် အစိုးရက အားပေးကူညီသည့် ဖိနှိပ်မှုများ ပြုလုပ်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဟုလည်း ဝေဖန်သူများက ထောက်ပြကြသည်။

ဗုဒ္ဓဘာသာအများစုရှိသော မြန်မာနိုင်ငံတွင် မူဆလင်လူနည်းစုကို အများအပြားက နှစ်သက်လိုလားခြင်းမရှိဘဲ နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။ ထို့အပြင် ရိုဟင်ဂျာတို့က ရခိုင်ပြည်နယ်ကို ၎င်းတို့၏ ဇာတိမြေဟု ခေါ်ဆိုနေသော်လည်း ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများအဖြစ်သာ သတ်မှတ်ထားသည်။ မယုံနိုင်စရာရက်စက်မှုများ ကျူးလွန်ခံခဲ့ရသည်ဟု တိုင်တန်းချက်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ ပြီးခဲ့သည့် ရက်သတ္တပတ်က သွားရောက်ကြည့်ရှုစဉ်အတွင်း ကြားသိခဲ့ရသည်ဟု ပြောကြားခဲ့ပြီး ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ခံမှုရှိရန် မြန်မာကို တောင်းဆိုခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.