အိန္ဒိယရေတပ် သင်္ဘောနှစ်စီးနှင့် ရဟတ်ယာဉ်တစ်စီး ရန်ကုန်လာမည်

အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်ခြင်း အခမ်းအနားဖွင့်ပွဲ တက်ရောက်ရန်အတွက် အိန္ဒိယရေတပ်သင်္ဘောနှစ်စီးနှင့် ရဟတ်ယာဉ်တစ်စီးတို့သည် ရန်ကုန်မြို့သို့ နှစ်ရက်ကြာလာရောက်မည်ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် အိန္ဒိယနိုင်ငံမှ ရေတပ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ မကြာခဏ အလည်အပတ် လာရောက်လေ့ရှိသည်။ ယခုတစ်ကြိမ်တွင် ရေတပ်သင်္ဘော Kulish နှင့် Battimalv တို့သည် Dornier ရဟတ်ယာဉ်နှင့်အတူ စက်တင်ဘာ ၂၄ မှ ၂၆ ရက်နေ့အထိ လာရောက်မည်ဖြစ်သည်။

ဤသို့ ပူးတွဲကင်းလှည့်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံဘက်၏ ပင်လယ်ရေကြောင်းနယ်နိမိတ်အတွင်း ပင်လယ် ရေကြောင်း လုံခြုံရေးအား ထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံ ရေတပ်များအကြား ပူးပေါင်း ဆောင်ရွက်ခြင်းမှတဆင့် အပြန်အလှန် နားလည်မှု မြှင့်တင်ရန်ဖြစ်သည်ဟု ရန်ကုန်မြို့၊ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။

INS Kulish သည်အိန္ဒိယနိုင်ငံ ပြည်တွင်းထုတ် တတိယမြောက် Kora Class Guided Missile Corvettes ဖြစ်ပြီး အိန္ဒိယရေတပ်သို့ ၂ဝဝ၁ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ကာ ပို့ဘလဲတွင်အခြေပြုထားသည်ဟု သိရသည်။ လက်နက်များနှင့် အာရုံခံကိရိယာ အများအပြား တပ်ဆင်ထားပြီး သင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံထုတ် Dhruv A lH သို့မဟုတ်၊ Chetak ရဟတ်ယာဉ် တင်ဆောင်နိုင်သည့် ပုံစံထုတ်ပြီး တည်ဆောက်ထားသည်။ သင်္ဘောပေါ်၌ ဝန်ထမ်းပေါင်း ၁၂ဝ ပါရှိကြောင်းလည်း သိရသည်။

INS Battimalv သင်္ဘောမှာမူ လျှင်မြန်စွာ တိုက်ခိုက်နိုင်သော ရေယာဉ်ဖြစ်ပြီး အိန္ဒိယရေတပ်သို့ ၂ဝဝ၆ ခုနှစ်တွင် တပ်တော်ဝင်ခဲ့သည်။ ထိုသင်္ဘောသည် ပုံမှန်ကင်းလှည့်ခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်း တာဝန်များကို အန်ဒမန်နှင့် နီကိုဘာ ကျွန်းစုများတွင် ထမ်းဆောင်နေသည်။ သင်္ဘောပေါ်တွင် ဝန်ထမ်းပေါင်း ၅ဝကျော် ပါဝင်လာမည်ဖြစ်သည်။

၎င်းတို့သည် ရန်ကုန်တွင် ပူးတွဲကင်းလှည့်ခြင်း ဖွင့်ပွဲအခမ်းအနားအပြင်၊ ဂါရဝပြု တွေ့ဆုံခြင်းများ၊ အားကစားနှင့် လူမှုရေးဆောင်ရွက်ခြင်းများနှင့် စိတ်ဝင်စားဖွယ်နေရာများသို့လည်း လည်ပတ်ကြမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar