အာရှအမြန်ဆုံး 3G ကွန်ရက်များတွင် ပါဝင်နေဟု တယ်လီနောက ပြောကြား

အာရှအမြန်ဆုံး ကွန်ရက်များစာရင်းတွင် ၎င်း၏ 3G ကွန်ရက်လည်း ပါဝင်နေသည်ဟု စစ်တမ်းတစ်ခုကို အခြေခံပြီး တယ်လီနောက ပြောကြားလိုက်သည်။

ကမ္ဘာတစ်ဝှမ်း အင်တာနက် အသုံးပြုသူများကို အခြေပြု၍ မိုဘိုင်းကွန်ရက် အခြေအနေများကို ထုတ်ပြန်ပေးသည့် အကြီးမားဆုံး ကွန်ရက်စံနှုန်းပြ စီမံကိန်းတစ်ခုဖြစ်သည့် Open Signal ၏ ဆန်းစစ်မှုအရ ထိုသို့ ပြောကြားခြင်းဖြစ်သည်ဟု တယ်လီနော၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အကောင်းမွန်ဆုံးနှင့် အတည်ငြိမ်ဆုံး ကွန်ရက်ဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါရလဒ်များမှာ ၂၀၁၆ ခုနှစ် မေလမှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြုလုပ်ထားသော Open Signal ၏ ကွန်ရက် အမြန်နှုန်း ဆန်းစစ်ချက်များကို အခြေခံ၍ ထုတ်ဖော်ထားခြင်း ဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံရှိ 3G ကွန်ရက်များအနေဖြင့် ဒေါင်းလုတ် အမြန်နှုန်း ပျမ်းမျှ ၄ ဒသမ ၇၉ Mbps အထိရှိပြီး အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများစွာရှိ အလားတူကွန်ရက်များ၏ ဒေါင်းလုတ် အမြန်နှုန်းမှာ ပျမ်းမျှ ၃ ဒသမ ၅ Mbps သာရှိကြောင်း ဆန်းစစ်ချက်များအရ သိရသည်ဟု ဖော်ပြထားသည်။

ထိုကာလအတွင်း တယ်လီနော၏ 3G ကွန်ရက်သည် ဒေါင်းလုပ်အမြန်နှုန်း ပျမ်းမျှ ၅ ဒသမ ၅ Mbps ရှိသည်ဟု ဖော်ပြထားသည်။

“ကျွန်တော်တို့အနေနဲ့ သာလွန်ကောင်းမွန်တဲ့ အင်တာနက်ဒေတာ သုံးစွဲမှု အတွေ့အကြုံတွေ ပေးအပ်နိုင်စေဖို့ 4G ကွန်ရက်လွှမ်းခြုံမှုကို အရှိန်မြှင့် တိုးချဲ့ ဆောင်ရွက်နေတာဖြစ်ပြီး တစ်ချိန်တည်းမှာလည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူ ၆၅ ရာခိုင်နှုန်းဟာ နိစ္စဓူဝ အင်တာနက် အသုံးပြုမှုတွေအတွက် ကောင်းမွန်တဲ့ 3G ကွန်ရက်ကို အားထားနေကြရဆဲပဲ ဆိုတာကို နားလည်ထားပါတယ်” ဟု တယ်လီနောမြန်မာ၏ နည်းပညာဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Jai Prakash က  သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ဒေတာ အသုံးပြုမှုများအတွက် 3G ကွန်ရက်မှာ အရေးပါဆုံးကဏ္ဍတွင် ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး တယ်လီနော၏ ကိုယ်ပိုင်စနစ်အခြေပြု အချက်အလက်များအရ နိုင်ငံတွင်းရှိ အင်တာနက် ဒေတာ အသုံးပြုမှုများ၏ ၈၀ ရာခိုင်နှုန်းနီးပါးမှာ 3G ကွန်ရက်ကို အသုံးပြုနေကြသည်ဟု တယ်လီနောက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.