အာရှဖလားခြေစစ်ပွဲတွင် မြန်မာက အုပ်စုအေတွင် ကျရောက်

၂၀၁၉ အာရှဖလား (2019 AFC Asian Cup) ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေအတွက် ဇန်နဝါရီ ၂၃ ရက်နေ့က မဲခွဲဆုံးဖြတ်ရာမှာ မြန်မာက အိန္ဒိယ၊ ကာဇစ္စတန်၊ မကာအိုတို့နဲ့ အုပ်စုအေမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာအသင်း၏ နည်းပြဖြစ်သူ ဂတ်ဆီဇီက ထိုအုပ်စုအနေအထားကို ကျေနပ်မိတယ်လို့ ပြောကြားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

“ဒီထက်ခက်ခဲတဲ့ အုပ်စုထဲ ကျနိုင်တာကြောင့် ဒီအုပ်စုအနေအထားကို ကျေနပ်ပါတယ်။ ငယ်ရွယ်တဲ့ ကျွန်တော်တို့အသင်းမှာ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ ဘယ်အုပ်စုပဲကျကျ လိုအပ်တဲ့ ရမှတ်တွေ၊ နိုင်ပွဲတွေရမှ ခြေစစ်ပွဲအောင်မှာဖြစ်လို့ ပိုကြိုးစား အလုပ်လုပ်ကြရပါမယ်။ ကျွန်တော်တို့ အာရှဖလား ၂၀၁၉ ယူအေအီးကို ဝင်ခွင့်ရချင်ပါတယ်။ ကြိုးစားသွားမှာပါ” လို့ သူကပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အခြား အာရှနိုင်ငံတွေနည်းတူ ဘောလုံးအားကစားနည်းမှာ အမြောက်အများ ရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိယနိုင်ငံကတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း အာရှဖလား နောက်ဆုံးအဆင့်ကို ပထမဆုံး တက်ရောက်နိုင်မယ်လို့ မေ ျှာ်မှန်းတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။

နောက်ဆုံးအုပ်စုပွဲစဉ်တွေမှာတော့ အသင်းလေးသင်းစီပါဝင်တဲ့ အုပ်စုခြောက်ခုက နေရာ ၁၂ နေရာအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲမှာတော့ အုပ်စုပထမနဲ့ ဒုတိယရရှိသူတွေက နောက်ဆုံးအဆင့်ကို တက်ရောက်ရမှာလည်း ဖြစ်ပါတယ်။

သြစတြေးလ ျှကတော့ လက်ရှိချန်ပီယံ ဖြစ်ပါတယ်။

ယခုနှစ် အာရှဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွေကို ယူအေအီးနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ အသင်း ၂၄ သင်း ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိပုံစံကတော့ အသင်း ၁၆ သတင်းပဲ ဝင်ခွင့်ရရှိတာ ဖြစ်ပါတယ်။

အုပ်စုပွဲစဉ်တွေ မဲခွဲဆုံးဖြတ်တဲ့အခမ်းအနားမှာတော့ အာရှဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်စီ) ရဲ့ ဒုဥက္ကဋ္ဌ Chung Mong Gyu က အာရှဖလားပြိုင်ပွဲဟာ “အာရှဘောလုံးလောကရဲ့အထွတ်အထိပ်” ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

“ယူအေအီးမှာ ကျင်းပမယ့် ၂၀၁၉ အေအက်ဖ်စီ အာရှဖလားပြိုင်ပွဲက သမိုင်းဝင်ဖြစ်ပါလိမ့်မယ်” လို့ သူကပြောကြားတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်

“နိုင်ငံတွေ ပိုပြီး ပါဝင်လာနိုင်မယ်။ ပြိုင်ပွဲတွေကို အာရှတလွှားမှာ ပိုမိုများပြားတဲ့ ပရိသတ်တွေ ကြည့်ကြလိမ့်မယ်” လို့ သူကပြောပါတယ်။

အုပ်စုပွဲစဉ်တွေကို မတ် ၂၈ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar