အရပ်ဖက်အဖွဲ့အစည်းများ၏ ပင်လုံအကြို ငြိမ်းချမ်းရေးဖိုရမ်မှ မျှော်လင့်ချက်နှင့် စိတ်ပျက်စရာ အဟန့်အတားများ

အသက် ၂၁ နှစ်အရွယ် ကိုသူရိန်ထွန်းနှင့် သူငယ်ချင်း လေးယောက်တို့သည် သူ့ဇာတိရပ်ရွာ ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့တွင် စစ်ဘေးရှောင်လူထုအတွက် ကယ်ဆယ်ရေး၊ ပညာရေးနှင့် ကျွမ်းကျင်မှုအလုပ်အကိုင်များ စီစဉ်ပေးရန် စိတ်ကူးလျက်ရှိကြသည်။

သို့သော် ရန်ပုံငွေမရှိသောကြောင့်လည်းကောင်း၊ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ အရှိန်မြင့်တက်လာနေသောကြောင့်လည်းကောင်း သူတို့စီမံကိန်း ရပ်တန့်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဖိုရမ်ကိုတက်ရန် လေးရက်ကြာမည့်ခရီးအတွက် ဘတ်စ်ကားစီးကာ ရောက်ရှိလာကြသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း (၁၄) ခု အနက် (၁၃)ခု တို့ရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀၀ ခန့်သည် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) ၏ လက်အောက်ခံ ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများကော်မတီ တတိယအကြိမ် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ရန် မတ်လ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့တွင် စုရုံးရောက်ရှိနေကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရပ်ဖက်အဖွဲ့အစည်းများပါဝင်ခွင့်ရရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) က ဤဖိုရမ်ကို ကမကထ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကိုသူရိန်ထွန်းအတွက်တော့ ဤဖိုရမ်မှာ သူ့ဇာတိရပ်ရွာတွင် အရှိန်မြင့်တက်နေသော တိုက်ပွဲများအကြောင်း ဆွေးနွေးရန်မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် သူ့မျှော်လင့်ချက်များ ပြောပြရန် အခွင့်အလမ်းတစ်ခုသာဖြစ်ပါသည်။

သို့သော် အရပ်ဖက်အဖွဲ့အစည်းဝင် အတော်များများအတွက် (အထူးသဖြင့် ကယားပြည်နယ်မှ အရပ်ဖက်ကိုယ်စားလှယ်များအတွက်) မူ ပင်လုံညီလာခံတွင် တိုက်ရိုက်ကိုယ်စားပြု ပါဝင်နိုင်ရေးကိုသာ ပိုမိုလိုလားလျက်ရှိပြီး ယခုဖိုရမ်မှာ မစို့မပို့နစ်နာကြေးပေးခြင်းဟုသာ ရှုမြင်ကြသည်။ ကယားပြည်နယ်မှ အရပ်ဖက်အဖွဲ့အစည်းများသည် ယခုအထိပြုလုပ်ခဲ့ပြီးသော ဖိုရမ်သုံးခုလုံးအား မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့သည်။ အဓိက ပင်လုံညီလာခံကြီးတွင် ပါဝင်ဆွေးနွေးကြရမည့်သူများမှာ အစိုးရ၊ NCA လက်မှတ်ထိုးထားသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် တပ်မတော်တို့သာ ဖြစ်သည်ဟု ကန့်သတ်ထားသည်။

ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ထားသောကြောင့်လည်း ကျေနပ်ရောင့်ရဲမှုမရှိခဲ့ကြပေ။ ဖိုရမ်တစ်ခုတွင် ပါဝင်ဆွေးနွေးသူများက ပေါ်လစီစာတမ်းကို UPDJC ထံ တင်ပြကြရသည်။ သို့သော် UPDJC က သတ်မှတ်ပေးသော ခေါင်းစဉ် ငါးခုကို ဆွေးနွေးကြရသည်။ ထို ၅ ခုအနက် ၃ ခုကို ပြီးခဲ့သော သီတင်းပတ်အတွင်း ဖိုရမ်များတွင် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ မြေနှင့် သဘာဝ သယံဇာတဆိုင်ရာ မူဝါဒ၊ ဖက်ဒရယ်ပေါ်လစီခေါင်းစဉ်တွင် ဘဏ္ဍာရေးကိစ္စများသာ ပါဝင်ရမည်ဟု ကန့်သတ်ထားသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုစီမှ ကိုယ်စားလှယ် ၃၅ ဦးစီ စေလွှတ်နိုင်သည်။ ထိုအထဲမှ လေးဦးကို အဓိကပုဂ္ဂိုလ်များအဖြစ်သတ်မှတ်ထားသည်။ ပေါ်လစီစာတမ်းတွင် တင်ပြမည့် ပြဿနာတစ်ခုအတွက် အဓိက လေးဦးလုံး၏ သဘောတူညီမှုလိုအပ်ခြင်းဖြစ်သည်။ အဆုံးဖြတ်နိုင်သော ပြဿနာကို နောက်ဖိုရမ်တွင် ဆက်လက်ဆွေးနွေးရန်ဖြစ်သည်။ ဤနည်းဖြင့် ပါဝင်ဆွေးနွေးသူများအား ဘုံရည်မှန်းချက်ပန်းတိုင်တစ်ခုအတွက် ဒေသဆိုင်ရာအကျိုးစီးပွားနှင့် မတူကွဲပြားမှုများကို ဘေးဖယ်ထားရန် စိတ်အားထက်သန်စေသည်။

သို့သော် UPDJC စံများအတိုင်းလိုက်နာရေးနှင့် ပတ်သက်၍ အဆုံးဖြတ်နိုင်သဖြင့် အခြားရည်ညွှန်းစံများချပေးရာ လောလောဆယ်နှစ်ခုလုံးကို အသုံးပြုနေရသည်။ အခြားရည်ညွှန်းစံကို အသုံးပြုပါက ပင်လုံဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့အစည်းများပါဝင်ခွင့် ဆုံးရှုံးသွားနိုင်သည်။ အကြောင်းမှာ UPDJC ထံတင်ပြသော ပေါ်လစီစာတမ်းတစ်ခုသည် တရားဝင်စံသတ်မှတ်ချက်နှင့် မကိုက်ညီပါက နောက် ထပ်မံဆွေးနွေးရန် ပြန်ပို့ခံရမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ပေါ်လစီစာတမ်းကို သဘောတူူလက်ခံလိုက်ပြီဆိုပါက UPDJC သည် ပင်လုံငြိမ်းချမ်းရေးညီလာခံသို့ ထိုစာတမ်းများကို သယ်ဆောင်ယူသွားရမည်ဖြစ်သည်။ သို့သော် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ယောက်မှ ပင်လုံညီလာခံတွင် တက်ရောက်နိုင်မည်မဟုတ်ပေရာ သူတို့အသံကို ညီလာခံက ကြားမှ ကြားနိုင်ပါ့မလားဟု စိုးရိမ်နေကြသူတွေလည်း ရှိနေသည်။

Frontier က တွေ့ဆုံမေးမြန်းကြည့်သူ အချို့ကမူ သတ်မှတ်ထားသော ဖိုရမ်ခေါင်းစဉ် (၃) ခု အကြောင်းထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းကိုသာ ပြောရန် စိတ်အားထက်သန်နေကြသည်။ တနင်္သာရီတိုင်းဒေသကြီးရ၏ Focal Point ပင်မပုဂ္ဂိုလ် ဦးမိုးသူအောင်က မြန်မာနိုင်ငံသားတိုင်း ငြိမ်းချမ်းရေးအတွက် အတူတကွလုပ်ဆောင်ကြရန် တာဝန်ရှိသည်ဟု ပြောသည်။

“တနင်္သာရီမှာ စစ်ပွဲတွေမရှိဘူး၊ ဒါပေမဲ့ ကချင်၊ ရှမ်း၊ ရခိုင်က ပြည်သူတွေအတွက် ကျွန်တော်တို့လည်းခံစားရပါတယ်” ဟု သူက ပြောသည်။ မွန်ပြည်နယ်မှ ပင်မပုဂ္ဂိုလ်ဒေါ်နိုင်နိုင်လေးမြင့်က “ဒေသတွင်း ပြဿနာတွေကို ဘေးဖယ်ပြီးအတူ ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

“နိုင်ငံတည်ဆောက်မှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဆက်နွယ်နေတဲ့ နိုင်ငံရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ကျွန်မတို့အားလုံး အတူအလုပ်လုပ်ချင်ပါတယ်၊ မတူကွဲပြားတဲ့ ပြဿနာတွေ ရှိပေမဲ့ အဓိကပြဿနာကိုပဲ ကျွန်မတို့ အာရုံထားပါတယ်၊ ဒါမှ ဘုံအခြေခံတစ်ခုကို ရရှိနိုင်မှာပါ” ဟု ဒေါ်နိုင်နိုင်လေးမြင့်က ပြောသည်။

အရေးကြီးပြဿနာများကို ဖိုရမ်တွင် ပြောဆိုခွင့်မရခဲ့သဖြင့် မတ်လ ၂ဝ ရက်နေ့တွင် ကိုယ်စားလှယ်များက ပေါ်လစီစာတမ်းအပြင် အချက် ၁၃ ချက်ပါ ထောက်ခံတင်ပြချက်များကို ထုတ်ပြန်ခဲ့ကြသည်။ ထိုတောင်းဆိုချက်များတွင် ရခိုင်နှင့် ချင်းတွင် ပဋိပက္ခများချက်ချင်း ရပ်ဆိုင်းရန်၊ ပဋိပက္ခဒဏ်ခံရသော လူထုထံ လူသားဆိုင်ရာ အကူအညီ အကာအကွယ်ပေးရန်၊ သမိုင်းဝင်နေရာများအား ကာကွယ်ပေးရန်၊ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပစ်ရန်၊ ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ပတ်သက်သော အငြင်းပွားမှုကို ဆုံးဖြတ်ပေးရန်တို့ ပါဝင်ခဲ့သည်။

ဖိုရမ်အပြီးတွင် မြေယာ၊ သဘာဝသယံဇာတ၊ ဖက်ဒရယ်ဝါဒနှင့်ဆိုင်သော ပေါ်လစီများကို ၁၃ ဖွဲ့လုံးက တညီတညာတည်း အတည်ပြုခဲ့ကြသည်။ ပတ်ဝင်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သော စာတမ်းကို ချင်းပြည်နယ်မှတစ်ပါး အားလုံးက သဘောတူအတည်ပြုခဲ့သည်။ ချင်းပြည်နယ်မှ ပင်မပုဂ္ဂိုလ် ဆလိုင်းမွန်ဘွိုင်းအပြောအရ ဖိုရမ်တက်လာသော ကိုယ်စားလှယ်များသည် ချင်းပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့မှ ပုဂ္ဂိုလ်များမဟုတ်ကြသဖြင့် ပတ်ဝင်းကျင်ဆိုင်ရာပြဿနာများကို ကိုယ်စားပြုတင်ပြရန် မသင့်သောကြောင့် ပါဝင်ဆွေးနွေးမှု မပြုခြင်းဖြစ်သည်ဟု ဆိုသည်။

ဤစာတမ်းများကို နေပြည်တော်၌ ကျင်းပမည့် နောက်ဖိုရမ်တွင် UPDJC ထံ တင်ပြမည်က ထို အစည်းအဝေး ကျင်းပမည့်ရက်နှင့် ပင်လုံညီလာခံကျင်းပမည့် ရက်များကို မသတ်မှတ်ရသေးချေ။ နောက်ထပ်ဖြည့်စွက်ထားသော ထောက်ခံအကြံပြုချက် ၁၃ ခုသည် သတ်မှတ်ခေါင်းစဉ် သုံးခုအပြင်ဘက်မှဖြစ်ရာ ၎င်းတို့ကို အထက်အဆင့်တွင် မည့်မျှအထိ ထည့်သွင်းစဉ်းစားမည်လည်း မသိနိုင်သေးပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.