အမြန်လမ်းပေါ်တွင် KFC ဆိုင်ခွဲ ဖွင့်လှစ်မည်

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းပေါ်ရှိ ၇၆ မိုင် ယာဉ်ရပ်နားစခန်းတွင် KFC ဆိုင်ခွဲတစ်ခုကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဟု KFC Myanmar က ပြောကြားသည်။

အဆိုပါဆိုင်ခွဲသည် မြန်မာနိုင်ငံတွင် ၁၇ ဆိုင်မြောက်အဖြစ် ဖွင့်လှစ်မည့် KFC ဆိုင်ခွဲလည်း ဖြစ်သည်။

“၇၆ မိုင်ရပ်နားစခန်းသည် မိုင်ပေါင်း ၃၅၀ ရှည်လျားသည့် အမြန်လမ်းပေါ်ရှိ ယာဉ်ရပ်နားစခန်း သုံးခုအနက် တစ်ခု ဖြစ်ပါတယ်။ ဒီအမြန်လမ်းဟာ အလုပ်ကိစ္စသွားလာသူများနှင့် အဝေးပြေး ခရီးသည်တင်ဘတ်စ်ကားများ အများဆုံး အသုံးပြုတဲ့အတွက်ကြောင့် အမြန်လမ်း ယာဉ်ရပ်နားစခန်းသစ်က ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများကို ခရီးသွားလာနေသော စားသုံးသူများထံကိုပါ ထပ်မံတိုးချဲ့ရောက်ရှိစေဖို့ လမ်းကြောင်း ဖွင့်ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်” ဟု KFC Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. JR Ching က ပြောကြားသည်။

“၂၀၀၇ ခုနှစ်ဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့နှစ်ဖြစ်ပြီး သုံးလတာ ကာလအတွင်း ရန်ကုန်ပြင်ပမှာပါ KFC ကို ချဲ့ထွင်ရန် အခွင့်အလမ်း ရရှိခဲ့ပါတယ်။ အခုဆိုင်ခွဲသစ်က ရန်ကုန်မြို့ရဲ့ ပြင်ပမှာ ဖွင့်လှစ်တဲ့ ကျွန်တော်တို့ရဲ့ တတိယမြောက်ဈေးကွက် ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

KFC Myanmar သည် ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ပထမဆုံးဆိုင်ခွဲကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် မေလကုန်အထိ ဆိုင်ခွဲ ၁၆ ဆိုင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ရန်ကုန်တွင် ၁၃ ဆိုင်၊ မန္တလေးတွင် ၂ ဆိုင်နှင့် တောင်ကြီးတွင် ၁ ဆိုင်တို့ ဖြစ်သည်။ KFC Myanmar အား Yoma Strategic Holdings ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Summit Brands Restaurant Group Co., Ltd က စီမံခန့်ခွဲနေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.