အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအတွင်း အဆင့်မြင့်ရာထူးများ အပြောင်းအလဲ ပြုလုပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်အောက်ရှိ ဌာနတစ်ခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်လွန်ခဲ့သည့်လပိုင်းက ရာထူးသစ်တစ်ခု ဖန်တီးလိုက်ပြီး ရာထူးအပြောင်းအလဲများ ပြုလုပ်လိုက်သည်။

မြတ်ကျော်သူ ရေးသားသည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးရာထူးအသစ်များကို သြင်္ကန်အားလပ်ရက်မတိုင်မီ သီတင်းပတ်များအလိုက အသစ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ခရိုင်အဆင့်အုပ်ချုပ်ရေးတွင် အမြင့်ဆုံးဖြစ်ခဲ့သည့် ဒုတိယ ညွှန်ကြားရေးမှူးများ၏ နေရာကို အစားထိုးမည်ဖြစ်သည်။

အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်းနှင့် ပြည်နယ်အစိုးရများ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရပြီး ခရိုင်နှင့် မြို့နယ်အဆင့်မှ ရပ်ရွာအောက်ခြေအထိ  အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရကာ လုပ်ပိုင်ခွင့်အပြည့်အဝရှိသည့် ဌာနဖြစ်သည်။ 

ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ၎င်းဌာန၏ နောက်ဆုံးအကြီးအကဲသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထဲရေးဝန်ကြီးဌာနသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုခန့်အပ်သော ဝန်ကြီးဌာနသုံးခုအနက် တစ်ခုဖြစ်သည်။ ကျန်နှစ်ခုမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဖြစ်သည်။ 

ခရိုင်အဆင့် အာဏာချုပ်ကိုင်မှု ခိုင်မာအောင်လုပ်ဆောင်မှုသည် ဒေသဆိုင်ရာအဆင့် မူဝါဒ အကောင်အထည်ဖော်ရာတွင် စစ်တပ်၏ သြဇာကို ချဲ့ထွင်ရန်ဖြစ်သည်ဟု အစိုးရဝန်ထမ်းအချို့က ရှုမြင်ကြသည်။

ညွှန်ကြားရေးမှူးသစ်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးများထံ တိုက်ရိုက်အစီရင်ခံရမည်ဖြစ်သည်။ ယခင်က ဒု-ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများမှာ ယခုအသစ်ဖန်တီးလိုက်သည့် ညွှန်ကြားရေးမှူးရာထူးအဖြစ် ရာထူးတိုးရန် မသေချာဟု ဒုညွှန်ကြားရေးမှူးများက Frontier ကို ပြောသည်။

The badge of a civil servant working at the Eastern Yangon General Administration Department office in Thingangyun Township. (Teza Hlaing / Frontier)

The badge of a civil servant working at the Eastern Yangon General Administration Department office in Thingangyun Township. (Teza Hlaing / Frontier)

“တချို့က သြင်္ကန်မတိုင်ခင်ကတည်းက ရုံးတက်နေကြပြီ။ တချို့ကတော့ ရုံးမတက်ကြသေးဘူး။ ခန့်အပ်တဲ့အမိန့်က မတ်လကတည်းက ထွက်ပြီးသား” ဟု ကချင်ပြည်နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောသည်။ 

၎င်းကိစ္စနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေးအကြောင်းမှုနှင့် သက်သေအထောက်အထားကို Frontier က မတွေ့ရှိခဲ့ပေ။ သို့သော်လည်း ၎င်းတို့အနေဖြင့် အမိန့်ကို လက်ခံရရှိခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနအရာရှိများက အတည်ပြုခဲ့သည်။

“ဒီရာထူးက ခရိုင်အဆင့်အုပ်ချုပ်ရေးကို အဆင့်မြှင့်တင်လိုက်တာပါပဲ”ဟု ဦးအေးမောင်ကြည်က ပြောသည်။

ထို့အပြင် ညွှန်ကြားရေးမှူးသစ်များကို မြေယာအငြင်းပွားမှုကဲ့သို့ ပြသနာများကို ကိုင်တွယ်ရာတွင် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ 

အသစ်ခန့်အပ်လိုက်သည့် ညွှန်ကြားရေးမှူးအများအပြားမှာ တပ်ဖက်မှ အရပ်ဖက်သို့ တိုက်ရိုက်ပြောင်းလာသူများဖြစ်သည်ဟု တနင်္သာရီတိုင်းဒေသကြီး အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းခဲ့သူ တပ်မတော် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဦးမင်းအောင်က ပြောသည်။

ဝါရင့် အရပ်ဘက်ဝန်ထမ်းကို ရာထူးတိုးပေးခြင်းမရှိဘဲ စစ်ဘက်ဝန်ထမ်းဟောင်းများကို ခန့်အပ်ခြင်းက အချို့အငြင်းပွားမှုများတွင် သဘောကွဲလွဲမှုများဖြစ်စေသည်ဟု ထွေအုပ်အရာရှိများက ဝေဖန်ကြသည်။

A civil servant stands outside the Eastern Yangon General Administration Department office in Thingangyun Township. (Teza Hlaing / Frontier)

A civil servant stands outside the Eastern Yangon General Administration Department office in Thingangyun Township. (Teza Hlaing / Frontier)

ယခုကဲ့သို့ လုပ်ရပ်အတွက် စိတ်ပျက်မိကြောင်း အမည်မဖော်လိုသော ဝါရင့်အရပ်ဘက်ဝန်ထမ်းတစ်ဦးက Frontier ကို ပြောသည်။

“ညွှန်ကြားရေးမှူးရာထူးရမယ်လို့ ထင်ထားတာ။ အခုတော့ မဖြစ်နိုင်တော့ပါဘူး”ဟု ၎င်းကဆိုသည်။ “ညွှန်ကြားရေးမှူးအသစ်တွေအောက် ကျနော်တို့ အလုပ်မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်က ကျနော်တို့လည်း သူတို့နဲ့ ရာထူးတူတူပဲလေ။ အခုကျွန်တော်တို့က သူတို့အောက် ရောက်သွားပြီ”ဟု ၎င်းကပြောသည်။

အုပ်ချုပ်ရေးကဏ္ဍတွင် စစ်ဘက်၏ အာဏာကို ခိုင်မာအောင်ပြုလုပ်နေခြင်းက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အစိုးရသစ်အတွက် ပြဿဿ     နာများ ဖြစ်စေနိုင်သည်ဆိုသည့် စိုးရိမ်မှုများကို မီးမောင်းထိုးပြနေသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည် ဆိုသည့် မူဝါဒဖြင့် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် ပြတ်ပြတ်သာသားအနိုင်ရရှိခဲ့သည်။ သို့သော်လည်း အစိုးရသစ်သည် အာဏာအများအပြားကိုင်တွယ်ထားသေးသည့် စစ်တပ်နှင့် လိပ်ခဲတည်းလည်းအခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။

တပ်မတော်သည် ဝန်ကြီးဌာနသုံးခုအပြင် လွှတ်တော်တွင်လည်း ၂၅ ရာခိုင်နှုန်း ထိန်းချုပ်ထားသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဥပဒေလွယ်ကူစွာပြဌာန်းရန် အမတ်ဦးရေအများစုရှိသော်လည်း ယခင်စစ်အစိုးရက ရေးဆွဲခဲ့သည့် တပ်မတော်က ထိန်းချုပ်မှုကို အကာအကွယ်ပေးထားသော အခြေခံဥပဒေကိုပြင်ဆင်ရန် အခက်အခဲရှိနေသေးသည်။

ခေါင်းစီးဓာတ်ပုံ- သင်္ဃန်းကျွန်းမြို့နယ်ရှိ ရန်ကုန် အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ- တေဇလှိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.