အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် ဘာတွေ အောင်မြင်မှု ရခဲ့ပြီလဲ

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် တိုင်းပြည် စီမံခန့်ခွဲ အုပ်ချုပ်ရေးကို တာဝန်ယူခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်ပါပြီ။ အစိုးရအဖွဲ့ တာဝန်ယူပြီးပြီးချင်း မြန်မာတို့ရဲ့ နှစ်သစ်ကူး သြင်္ကန်ပွဲတော် ပိတ်ရက် ၁၀ ရက်ကို ကြုံရတာမို့ ရက် ၁၀၀ ဆိုတာ အချိန်ဘယ်လောက်မှ မရဘဲ ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အစိုးရရဲ့ ရက် ၁၀၀ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဘက်စုံ၊ ရှုထောင့်စုံကနေ ဝေဖန်ဆန်းစစ်မှုတွေလည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ရက် ၁၀၀ ကျော် ကာလအတွင်း အစိုးရအဖွဲ့သစ်ရဲ့ စွမ်းဆောင် အောင်မြင်မှုတွေ၊ ကြုံရတဲ့ အခက်အခဲတွေနဲ့ နောင် အလားအလာ ကိစ္စတွေကို တင်ပြသွားပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် တာဝန် မယူခင် အချိန်တုန်းကဆိုရင် ပြည်တွင်းမှာရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာပါ စိုးရိမ်ပူပန်မှု အရှိဆုံး အချက်ကတော့ တပ်မတော်နဲ့ ပြေလည်မှု ရှိပါ့မလား ဆိုတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရ လက်အောက်မှာ မရှိဘဲ သီးခြား ရပ်တည်နေတဲ့ တပ်မတော်နဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ရင် အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်ရေး ဆိုတာ မလွယ်ကူပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးကိစ္စလို့ သတ်မှတ်ထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အကောင်အထည် ဖော်ရာမှာလည်း အခက်အခဲတွေ အများကြီး တွေ့နိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ရာမှာလည်း နှောင့်နှေးမှုတွေ ကြုံရနိုင်လို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်ယူပြီး ရက် ၁၀၀ ကျော် ကာလအတွင်းမှာပဲ တပ်မတော်နဲ့ အလွန် ရင်းနှီးတဲ့၊ အပြန်အလှန် နားလည်မှုရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ သာဓကအားဖြင့် ဇူလိုင် ၁၉ ရက်က ရန်ကုန်မှာ ကျင်းပတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ ဂါဝရပြု အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင် တက်ရောက် အလေးပြုခဲ့ခြင်းပါ။

ဒါဟာ ထူးခြားမှု တစ်ခုဖြစ်ခဲ့ပြီး အရင် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း နောက်ပိုင်း နှစ်ပေါင်း ၄၀ ဝန်းကျင် ကာလရောက်မှ တပ်မတော် ထိပ်ဆုံးအကြီးအကဲ တစ်ယောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်မှု ဖြစ်နေလို့ပါပဲ။ ဒါတင်မက အစိုးရအဖွဲ့က လုပ်တဲ့ ဗုဒ္ဓဘာသာ ဝါဆိုသင်္ကန်းကပ်ပွဲလိုမျိုး၊ အာဇာနည်နေ့ ဆွမ်းကပ်ပွဲလိုမျိုးမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်နဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ စုံစုံညီညီ တက်ရောက်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော် စစ်သမိုင်းပြတိုက်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုလေ့လာတာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပြတိုက်အတွင်း လိုက်လံ ရှင်းပြခဲ့ပါတယ်။

သြဂုတ်လ မကုန်ခင် ကျင်းပဖို့ ရည်ရွယ်ထားတယ် ဆိုတဲ့ အဲဒီ ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပဖို့ တပ်မတော် ဘက်ကရော လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကပါ မူအားဖြင့် ထောက်ခံထားကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ အပစ်ရပ်မထားတဲ့ ကေအိုင်အေ ခေါင်းဆောင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအကြား သဘောထားကွဲလွဲမှုတွေက အရင်အတိုင်း ရှိနေဆဲမို့၊ အဲဒီ ညီလာခံကြီးမှာ အားလုံး ပါဝင်နိုင်ပါ့မလား၊ အောင်မြင်တဲ့ ညီလာခံကြီး တစ်ခု ဖြစ်လာမလား ဆိုတာကတော့ မသေချာ မရေရာသေးပါဘူး။

ဒီ ဖြစ်ရပ်တွေ အားလုံးကို ခြုံငုံကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ အသွင်ကူးပြောင်းရေး ကာလ၊ တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတဲ့ တပ်မတော်နဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိစ္စကို အတိုင်းအတာ တစ်ခုအထိ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လု့ိ မှတ်ချက်ပြုနိုင်ပါတယ်။ ဒါဟာ ရွေးကောက်ခံ အစိုးရအဖွဲ့သစ် အတွက် ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိပ်တန်းဦးစားပေးဟာ နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးပါ။ ဒီအတွက် အားလုံးပါဝင်နိုင်မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပပြီး ပြဿ     နာတွေကို စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းကြဖို့ အစီအစဉ် ချမှတ် အကောင်အထည် ဖော်နေပါတယ်။

သြဂုတ်လ မကုန်ခင် ကျင်းပဖို့ ရည်ရွယ်ထားတယ် ဆိုတဲ့ အဲဒီ ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပဖို့ တပ်မတော် ဘက်ကရော လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကပါ မူအားဖြင့် ထောက်ခံထားကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ အပစ်ရပ်မထားတဲ့ ကေအိုင်အေ ခေါင်းဆောင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအကြား သဘောထားကွဲလွဲမှုတွေက အရင်အတိုင်း ရှိနေဆဲမို့၊ အဲဒီ ညီလာခံကြီးမှာ အားလုံး ပါဝင်နိုင်ပါ့မလား၊ အောင်မြင်တဲ့ ညီလာခံကြီး တစ်ခု ဖြစ်လာမလား ဆိုတာကတော့ မသေချာ မရေရာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် တက်လာတဲ့အခါ နိုင်ငံတကာ အသိုင်းအဝိုင်းက သိချင်နေကြတာက လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ၊ ဥပမာအားဖြင့် ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ-ဘင်္ဂါလီ ပြဿ     နာ ကိုင်တွယ် ဖြေရှင်းနိုင်မလား ဆိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရ သက်တမ်း ရက်ပေါင်း ၁၀၀ မပြည့်ခင် အဲဒီ ပြဿ     နာ ကိုင်တွယ်နိုင်မယ့် မူဝါဒ လမ်းညွှန်မှုတစ်ရပ် ချမှတ်ခဲ့ပါတယ်။

အဲဒါကတော့ ရခိုင်ပြည်နယ်က ပြဿ     နာတွေနဲ့ ပတ်သက်ရင် တကယ့် အရင်းအမြစ် ပြဿ     နာတွေကို ဖြေရှင်းရမယ်၊ ဒါကြောင့် တစ်ဖက်နဲ့ တစ်ဖက် လက်မခံနိုင်တဲ့၊ ပြဿ     နာ ဖြစ်လွယ်တဲ့ “ ရိုဟင်ဂျာ” “ ဘင်္ဂါလီ” စတဲ့ အသုံးအနှုန်း မသုံးကြဘဲ ရှောင်ရှားကြဖို့ ပြည်တွင်းကိုရော၊ နိုင်ငံတကာ မိသားစုတွေကိုပါ ပန်ကြားခဲ့ပါတယ်။

အဲဒီ ထိလွယ်ရှလွယ်တဲ့ အသုံးအနှုန်းအစား “ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်း” ဆိုပြီး ခေါ်ဝေါ်ဖို့ အစိုးရ ဌာနဆိုင်ရာ အသီးသီးကိုလည်း ညွှန်ကြားခဲ့ပါတယ်။ ဒီပြဿ     နာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းဟာ “ ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်း အသုံးပြုတာကနေ ရှောင်ရှားခဲ့ကြတာ တွေ့ရပါတယ်။ နိုင်ငံတကာမှာရှိတဲ့ “ ရိုဟင်ဂျာ” အရေးလှုပ်ရှားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကို လိုက်နာပြီး ပြဿ     နာဖြစ်စေမယ့် လုပ်ရပ်တွေ ရှောင်ရှားခဲ့တာ တွေ့ရပါတယ်။

ဒါဟာလည်း အစိုးရသစ်အတွက် အောင်မြင်မှုကြီး တစ်ရပ်လို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင်အမျိုးသားတွေနဲ့ တချို့ အမျိုးသားရေး လှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည် အဆိုပြုတဲ့ “ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်း” ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး လက်မခံနိုင်ကြောင်း ဆန္ဒပြမှုတွေကတော့ ကျန်ရစ်နေဆဲ ဖြစ်တာ တွေ့နိုင်ပါတယ်။

အစိုးရအဖွဲ့သစ်ရဲ့ အဓိက အောင်မြင်မှုထဲမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှု ရရှိခြင်းကလည်း ထိပ်ဆုံးက ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီ အတိုက်အခံ ဘဝ ကတည်းက ထောက်ခံအားပေးခဲ့ကြတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုဟာ မထူးဆန်းပေမဲ့ တရုတ်လို အိမ်နီးချင်း နိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုကိုတော့ အောင်မြင်မှုလို့ မှတ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပတ်သက်လို့ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကမှ စီးပွားရေး မူဝါဒ ထုတ်ပြန်ထားတဲ့အတွက် ဝေဖန်ဖို့ စောနေပါသေးတယ်။

ခြုံပြီးပြောရရင် မြန်မာ့သမိုင်းမှာ နှစ်ပေါင်း ၅၀ ကျော်အကြာမှ ပြန်ပေါ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အင်န်အယ်လ်ဒီ အစိုးရရဲ့ ရက် ၁၀၀ ကျော် အောင်မြင်မှုဟာ ကျေနပ်အားရစရာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar