ရန်ကုန်၊ ဇန်နဝါရီ ၂၀
တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ထိခိုက်ပျက်စီးခဲ့သည်ဟူသည့် ခရစ်ယာန် ဘုရားကျောင်းနှင့် ပတ်သက်ပြီး အချက်အလက်များကို သတင်းထောက်များအား ပြောကြားခဲ့သည့် ကချင်သင်းအုပ်ဆရာနှစ်ဦးကို သောင်းကျန်းသူများအတွက် သူလ ျှိုလုပ်ပေးနေသည်ဟူသည့် စွပ်စွဲချက်ဖြင့် တပ်မတော်က ဖမ်းဆီးထားသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးနေရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒီဒီနောင်လတ်နှင့် လန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးအား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒီဇင်ဘာ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများအတွက် လူသစ်စုဆောင်းပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းများကို ပါဝင်လုပ်ဆောင်ခဲ့ကြသည်ဟု ၎င်းတို့အား ဖမ်းဆီးထားကြောင်း ဇန်နဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကြေညာချက်ထဲတွင် တပ်မတော်က စွပ်စွဲထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ကာ ကေအိုင်အေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးခုနှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူပေါင် ၄,၀၀၀ ခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
လူ့အခွင့်အရေးအဖွဲ့များကမူ မုံးကိုးရှိ ဘုရားကျောင်းအပျက်အစီးများကို ဒေသခံဓာတ်ပုံဆရာအား ၎င်းတို့နှစ်ဦးက ပြသခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပြောကြားကြသည်။
သတင်း-အေအက်ဖ်ပီ