သတင်းစကားတိုင်း သန့်ရှင်းစင်ကြယ်ပြီး မှန်ကန်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း

လူသားများ နေ့စဉ်မှီဝဲနေသည့် သတင်းစကားတိုင်းက သန့်ရှင်းစင်ကြယ်ပြီး မူလအတိုင်း မှန်မှန်ကန်ကန်ဖြစ်စေရန် အလွန်အရေးကြီးသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့တိုက်တွန်းလိုက်သည်။

“သတင်းစကားဆိုသည် ကျွန်ုပ်တို့ လူသားအားလုံး၏ အသိအမြင်၊ အတွေးအခေါ်၊ ဉာဏ်ပညာတို့အပေါ် သက်ရောက်စိုးမိုးမှုရှိသော အင်းအားတစ်ရပ်ဖြစ်၍ နေ့စဉ်မှီဝဲသင့်သည့် အသိအမြင်အာဟာရတစ်မျိုးဟု မှတ်ယူနိုင်ပါသည်” ဟု ယနေ့ မေ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားသို့ ပေးပို့သည့် ၎င်း၏ သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့သည် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနှင့် သတင်းမီဒီယာလောကသား အားလုံးအပေါ် လွတ်လပ်မှုနှင့် တရားမျှတမှု အနှစ်သာရများ သက်ဝင်ရှင်သန်စေသည့် နေ့တစ်နေ့ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားထားသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသော်လည်း အခြားသူများ၏ အခွင့်အရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်ဟုလည်း ၎င်းက သဝဏ်လွှာထဲတွင် ပြောကြားထားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်တို့အား ပြဌာန်းထားသော်လည်း ၎င်းတို့အား ရယူကျင့်သုံးရာတွင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ့်ကျင့်တရားအတွက် ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ရန်လည်း တိုက်တွန်းထားသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ထို့ကြောင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာများအနေဖြင့် လွတ်လပ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊ ဥပဒေအရ ညီညွတ်မှုရှီသော သတင်းစကားများအတွက် “ပြည်သူများက အားကိုးအားထားပြုနိုင်သည့် သတင်းမီဒီယာများအဖြစ် ရပ်တည်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.