ဒို့အသံဝိုင်းတော်သားများ တင်ဆက်သည်။
လူနေထူထပ်ပြီး အခြေခံပြည်သူ့ကျန်းမာရေးအဆောက်အဦဖြစ်တဲ့ အိမ်သာတွေမပြည့်မစုံဖြစ်နေတဲ့ လှိုင်သာယာ(၃)ရပ်ကွက်မှာ နေထိုင်သူတွေနဲ့ ဒို့အသံက စကားပြောဖြစ်ခဲ့ပါတယ်။ တရားမဝင်နေထိုင်နေတဲ့ ကျူးကျော်တွေဖြစ်တာကြောင့် အစိုးရကလည်း အများသုံးအိမ်သာနဲ့ မိလ္လာစနစ် မလုပ်ပေးထားပါဘူး။ ဒီလိုအခြေနေတွေကြား နေထိုင်သူတွေမှာ ဘယ်လိုသက်ရောက်မှုတွေခံစားနေရပါသလဲ။
ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတဝန်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်း ဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။