လွန်ခဲ့သည့် ငါးနှစ်အတွင်း သစ်တန်ချိန် ၂၀,၀၀၀ ခန့်ကို ကချင်ပြည်နယ်တွင် ဖမ်းဆီးရမိ

ကချင်ပြည်နယ်က တရုတ်နိုင်ငံနယ်စပ်မှာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တရားမဝင် သစ်တန်ချိန် ၂၀,၀၀၀ ခန့်ကို အာဏာပိုင်များမှ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်အစိုးရ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးက ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောကြားခဲ့ပါတယ်။

အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၀၁၄-၁၅ ခုနှစ်တွင် ဖြစ်ပြီး သစ်တန်ချိန် ၁၀,၆၀၀ ခန့် ဖမ်းမိခဲ့တယ်လို့ လွတ်လပ်သောအာရှအသံ (RFA) က ဝန်ကြီး ဦးအောင်နိုင်ရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

သစ်အများစုကို ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်မှာ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဦးအောင်နိုင်က RFA မြန်မာပိုင်းအစီအစဉ်ကို ပြောကြားခဲ့ပါတယ်။

“အချို့ကိစ္စတွေမှာတော့ သစ်တွေကို စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ကနေ တင်ပို့တာဖြစ်ပြီး အစိုးရထိန်းချုပ်မှုမရှိတဲ့ မန်စီဒေသကတစ်ဆင့် တရုတ်နိုင်ငံကို တစ်ဆင့် ပြန်ပို့တာ ဖြစ်ပါတယ်”လို့ ဦးအောင်နိုင်က ဆိုပါတယ်။

တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွင်း မတည်ငြိမ်မှုကို သစ်မှောင်ခိုတင်ပို့သူများက အခွင့်ကောင်းယူခဲ့တာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“ဒါပေမယ့် ဒေသက တည်ငြိမ်မှုရှိလာတိုင်း ကျွန်တော်တို့ ဌာနဆိုင်ရာ အရာရှိတွေနဲ့ ရဲတွေဟာ ဒီဧရိယာအတွင်းမှာ ကင်းလှည့်နိုင်ပြီး သစ်တင်ပို့မှုတွေကို တားဆီးဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဦးအောင်နိုင်က ပြောကြားခဲ့ပါတယ်။

သစ်အလုံးလိုက်တင်ပို့မှုကို မြန်မာအစိုးရက ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် စတင် တားမြစ် ပိတ်ပင်ခဲ့သော်လည်း တရုတ်နိုင်ငံမှ သစ်ခုတ်သူများက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဒေသတွင်း တပ်မတော် အရာရှိများနဲ့ ပူးပေါင်းပြီး သစ်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူနေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအစောပိုင်းက နယ်စပ်ဒေသမှာ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်သစ်ခိုးထုတ်သူ ၁၅၅ ဦး မြစ်ကြီးနားမြို့ တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်။

အဆိုပါ ဝင်ရောက်ဖမ်းဆီးမှုမှာ သစ်လုံး ၅၂၁ လုံး၊ သစ်သယ်ယာဉ် ၄၀၀၊ မြေတူးစက်တွေနဲ့ အခြား ပစ္စည်းများလည်း ဖမ်းဆီးမိခဲ့ပါတယ်။ ၎င်းတို့ကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်အကြာမှာတွင် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

လန်ဒန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ Enviromental Investigation Agency ကနေ လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့မှတ်တမ်းအရ တရုတ်နိုင်ငံသို့ တရားမဝင်သစ်တင်ပို့မှု တန်ကြေးက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖိုး ရှိတယ်လို့ ဆိုပါတယ်။

သတင်း- Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.