လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ဦးဂမ္ဘီရအား ထောင်ဒဏ် ခြောက်လ ချမှတ်

ရန်ကုန်၊ ဧပြီ ၂၆

ရဟန်းအမည် ဦးဂမ္ဘီရအဖြစ် လူသိပိုများသော ဦးညီညီလွင်အား လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးက ဧပြီ ၂၆ ရက်၊ နေ့လည်က ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်သည်။

၂၀၀၇ ရွှေဝါရာင်တော်လှန်ရေးကာလအတွင်းက ခေါင်းဆောင်တစ်ဦးဖြစ်သော ဘုန်းတော်ကြီးဟောင်းကို ဇန်နဝါရီ ၂၁ ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃.၁ ကိုချိုးဖောက်သည်ဟု စွပ်စွဲခံခဲ့ရသည်။ ၎င်းဥပဒေက နိုင်ငံတွင်း တရားဝင်ဝင်ရောက်ခွင့် သက်တမ်းကုန်ဆုံးပြီး ဆက်လက်နေထိုင်နေခြင်းကို တားမြစ်ထားသည်။

ဇန်နဝါရီ ၁၆ ရက်နေ့က တာချီလိတ်နယ်စပ်ဂိတ်ကို ဖြတ်ကာ ဦးဂမ္ဘီရ နိုင်ငံတွင်း ဝင်ရောက်လာမှုကို လူဝင်မှုကြီးကြပ်ရေးအရာရှိများက အတည်ပြုပေးခဲ့ပြီး မန္တလေးသို့ သွားရောက်ခွင့်ပေးခဲ့သည်။ သို့သော်လည်း နောက်ငါးရက်အကြာတွင် ရဲများက ၎င်းအားဖမ်းဆီးခဲ့သည်။

၂၀၁၂ ခုနှစ် က ထောင်မှလွတ်ပြီးနောက် နှစ်အတန်ကြာ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့သော်လည်း ဦးဂမ္ဘီရသည် ၎င်း၏မြန်မာနိုင်ငံသားဖြစ်မှုကို မစွန့်လွှတ်ခဲ့ပေ။ သူ၏ ခင်ပွန်းဖြစ်သူမှာ တရားဝင်မြန်မာနိုင်ငံသားဖြစ်ေကြာင်း ပြသနေသည့် တရားဝင်စာရွက်စာတမ်းအထောက်အထားများ ယခုတိုင်ရှိနေသေးသည်ဟု သြစတြေးလျလူမျိုး ဇနီးဖြစ်သူ မာရီဆီအိုချာနာက လွန်ခဲ့သည့်လက Frontier ကို ပြောကြားခဲ့သည်။

“ဒါဟာ ထိခိုက်နစ်နာအောင်တမင်လုပ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး လက်မခံနိုင်လောက်အောင် ပြင်းထန်တဲ့ ပြစ်ဒဏ်ပါ”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)မှ အကြီးတန်းသုတေသီ ဒေးဗစ်မာသီဆင်က ဦးဂမ္ဘီရ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် Frontier ကို ပြောသည်။

“သမ္မတဦးထင်ကျော်အနေနဲ့ ဒီအမိန့်ကို လှန်ပစ်သင့်ပြီး ဦးဂမ္ဘီရကို ချက်ခြင်းလွှတ်ပေးသင့်ပါတယ်။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီလအစောပိုင်းက ကတိပြုထားတဲ့ အတိုင်းပေါ့”ဟု ၎င်းကဆိုသည်။

ဧပြီအစောပိုင်းက ဦးထင်ကျော်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ြဖင့် နှစ်ကြိမ်ခွဲ၍ လွှတ်ပေးခဲ့သည်။ သို့သော်လည်း ထိုလွှတ်ပေးသောသူများတွင် ဦးဂမ္ဘီရ မပါဝင်သော်လည်း လက်ပံတန်းတွင် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံရသော ကျောင်းသားများအပါအဝင် တရားခွင်ကို စောင့်နေသည့် ဖမ်းဆီးခံထားရသူ ဒါဇင်ပေါင်းများစွာမှာ လွှတ်ပေးသည့်သူများထဲတွင် ပါဝင်ခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးအပြီးတွင် ဖမ်းဆီးခံရပြီးနောက် ထောင်တွင်းနှိပ်စက်ခံရသဖြင့် ဦးဂမ္ဘီရတွင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဖမ်းဆီးခံရပြီးနောက် အာမခံရရှိရန် ကြိုးစားမှုများလည်း တရားရုံးက ပယ်ချခဲ့သလို ၎င်းနှင့်အတူ လိုက်ပါလာသည့် ဇနီးဖြစ်သူမှာက ၎င်းအား ထောင်တွင်းသွားရောက် တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းရာတွင်လည်း နှစ်ကြိမ်တိုင် တားမြစ်ခံခဲ့ရသည်။

လက်ရှိ စွဲဆိုခံရသည့်ပုဒ်မဖြင့် အမြင့်ဆုံး ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည်။

သတင်း- ရှောင် ဂလေစင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.