ရေဘေးသင့်ဒေသ ရန်ပုံငွေအတွက် နိုင်ငံတကာ အကြမ်းပတမ်း နပန်းပွဲ ကျင်းပမည်

ထိုးသတ်ကြမည့် ဂျပန်နှင့် အမေရိကန်နပန်းသမားအတွဲ တစ်တွဲကို ပြသနေစဉ်။ ဓာတ်ပုံ - ကျော်ဖုန်းကျော်

ထိုးသတ်ကြမည့် ဂျပန်နှင့် အမေရိကန်နပန်းသမားအတွဲ တစ်တွဲကို ပြသနေစဉ်။ ဓာတ်ပုံ – ကျော်ဖုန်းကျော်

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကမ္ဘာတွင် ခေတ်စားသည့် ဒဗလျူဒဗလျူအီးကဲ့သို့သော အကြမ်းပတမ်း တိုက်ခိုက်သည့် နပန်းသတ်ပွဲတစ်ခုကို လာမည့် ဖေဖော်ဝါရီတွင် ကျင်းပမည်ဟု ပွဲစီစဉ်သူများက ဒီဇင်ဘာ ၇ ရက် တနင်္လာနေ့က သတင်းစာရှင်း လင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် အဆိုပါပွဲမျိုးကို ယခင်က မကျင်းပခဲ့ဖူးဘဲ ယခုအကြိမ်သည် ပထမဆုံးဖြစ်လိမ့်မည်ဟုလည်း သူတို့က ဆိုသည်။

ယင်းပွဲကို ဂျပန်နိုင်ငံမှ နပန်းပွဲသွင်းသည့် ကုမ္ပဏီဖြစ်သော First On Stage ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များက ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ရရှိငွေများကို ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက်အားလုံး လှူဒါန်းသွားမည်ဟု ဆိုသည်။

“ပုံမှန်ဆိုရင် နပန်းသမားတွေရဲ့ကြေးက မြန်မာငွေ သိန်း ခုနစ်ထောင်လောက်တောင် ရှိတယ်ဗျ။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ အခုဟာက ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ဖို့ ရန်ပုံငွေပွဲမို့ သူတို့က လမ်းစရိတ် လောက်ပဲယူပြီး လာရောက်ထိုးသတ်ကြမှာပါ” ဟု မြန်မာဘက်မှ ပွဲစီစဉ်သူ ကိုအောင်က သတင်းထောက်များအား ရှင်းပြသည်။

“ကျွန်တော်တို့နိုင်ငံမှာက ဒုက္ခဖြစ်နေတုန်းတော့ အများကြီးလှူကြတယ်။ ဒါပေမဲ့ ပြန်လည်ထူထောင်ရေးကိုတော့ အာရုံစိုက်မှုပိုင်းမှာ အားနည်းကြတယ်။ အစိုးရကလည်း အဲဒီအတွက် ပိုက်ဆံသိပ်မသုံးနိုင်ဘူး။ ဒါကြောင့်စီစဉ်ဖြစ်တာပါ။ အများဆုံးထိခိုက်သွားတဲ့ ကလေးဒေသဘက်ကို လှူမယ်လို့ လတ်တလောလျာထားပါတယ်”ဟု သူက ဆက်ပြောသည်။

နပန်းပွဲတွင် ဂျပန်၊ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်ငါးနိုင်ငံမှ ကြေးစားနပန်းသမား ၂၀ ဦး လာရောက် ထိုးသတ်ကြမည်ဖြစ်ပြီး ထူးခြားချက်မှာ ထိုအထဲတွင် အမျိုးသမီးနပန်းသမများလည်း ပါဝင်မည်ဖြစ်ကာ နပန်းပွဲကိုလည်း အမျိုးသား ငါးပွဲ၊ အမျိုးသမီး နှစ်ပွဲထိုးသတ်မည်ဟု ဆိုသည်။

ထိုနပန်းပွဲတွင် မြန်မာနိုင်ငံသား နပန်းသမားများ ပါဝင်ထိုးသတ်ကြမည်မဟုတ်ဘဲ ဂျပန်နပန်းသမားများနှင့် အခြား နိုင်ငံအသီးသီးမှ နပန်းသမားများ တွဲဖက်ထိုးသတ်ကြမည်ဖြစ်သည်။

အဆိုပါနပန်းပွဲအတွက် ကျပ်သိန်းသုံးထောင့်ငါးရာခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပရန် လောလောဆယ် လျာထားထားသည်။ ကွင်းဝင်ကြေးမှာ ကျပ် နှစ်သောင်း၊ သုံးသောင်းခန့်မှ စမည်ဟု ဆိုသည်။

သတင်း- ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.