ရန်ကုန်လမ်းဘေးက စက်ပြင်ဆရာများ

စီးပွားရေးအထီးကျန်မှုက ဖန်တီးထားခဲ့တဲ့ ဆင်းရဲမွဲတေမှုကြောင့် အကျိုးဆက်ဖြစ်ပေါ်ခဲ့ရတဲ့ ဟိုနားသည်နား စက်ပြင်ဆိုင်လေးတွေဟာ ခုတော့ဖြင့် စည်ပင်သာယာရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ခေတ်မီတိုးတက်မှုတွေ၊ ဝင်ငွေတိုးမြင့်လာမှုတွေကြောင့် အကျပ်ရိုက်နေကြပါတယ်။

စတိဗ် တစ်ခ်နာ နှင့် သီရိဟန်တို့ ရေးသားသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ရန်ကုန်မြို့ကြီးရဲ့လမ်းဘေးတွေမှာ၊ ပြီးတော့ တနိုင်ငံလုံးမှာ သူတို့ကို တွေ့နိုင်ကြပါတယ်။ သူတို့ကတော့ နာရီပြင်၊ ထီးပြင်ကနေ လက်နှိပ်စက်တွေ၊ အဝတ်လျှော်စက်တွေကစလို့ ဘာမဆိုပြင်တဲ့ ပြုတဲ့ ဆိုင်ကလေးတွေ ဖွင့်စားသူတွေပါပဲ။

ပြင်ဖို့လိုလာပြီဆို အဲဒီလူတွေက ပြုပြင်ပေးနိုင်ကြတာကို သင်သေချာပေါက် မျှော်လင့်ထားနိုင်ပါတယ်။

ရန်ကုန်မြို့လယ်က လူအသွားအလာများတဲ့ လမ်းကျဉ်းလေးတွေထဲမှာ ကုန်ပစ္စည်းတွေ ပြုပြင်တပ်ဆင်ပေးတဲ့၊ ပြန်ပြင်သုံးတဲ့၊ ပြန်ရောင်းတဲ့ လုပ်ငန်းပေါင်း အမြောက်အမြား ရှိနေပါတယ်။

လမ်းဘေးစက်ပြင်ဆရာတို့မှာ ရန်ကုန်မြို့မှာ ဆယ်စုနှစ်များစွာ အမြဲရှိနေခဲ့ကြပါတယ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

လမ်းဘေးစက်ပြင်ဆရာတို့မှာ ရန်ကုန်မြို့မှာ ဆယ်စုနှစ်များစွာ အမြဲရှိနေခဲ့ကြပါတယ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ကမ္ဘာတလွှားမှာ အများတကာက တက်ဘလက်တွေ၊ စမတ်ဖုန်းတွေ သုံးစွဲဆက်သွယ်နေချိန်မှာ ၃၂ လမ်းက မျက်မှန်တပ်ထားတဲ့ ယောကျ်ားကြီး တစ်ယောက်က သံချေးတက်နေတဲ့ လက်နှိပ်စက်တစ်လုံးကို အထူးအာရုံစိုက်ကာ ပြုပြင်နေပါတယ်။

ပြုပြင်ပေးတဲ့ဆိုင်တွေက သိပ်မကြီးကျယ်လှပေမဲ့ ဆယ်စုနှစ်များစွာကြာအောင် မြန်မာနိုင်ငံက လူတွေရဲ့ဘဝမှာ အရေးပါတဲ့အပိုင်းကနေ အောင်မြင်ထွန်းကားလာခဲ့ပါတယ်။ ရန်ကုန်မြို့ကြီးနဲ့ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်လာနေသလို ဒီလုပ်ငန်းတွေကလည်း ခုထိတိုင်တော့ ရှင်သန်နေဆဲပါပဲ။

တချို့လုပ်ငန်းတွေက လူသွားလမ်းပေါ်က ဆိုင်တွေကို သက်ဆိုင်ရာက စည်းကမ်းတင်းကြပ်တာ ခံရလို့ အကျပ်ရိုက်ပြီး တချို့ကျတော့လည်း ကားတွေ တပြုံတခဲကြီး ဝင်လာလို့ ဒီကားတွေ အသွားအလာကောင်းအောင် ၂၀၁၁ ကတည်းက မြို့လယ်မှာ လမ်းတွေချဲ့တဲ့အတွက် နေရာတွေ ပျောက်သွားပြီး ဒုက္ခရောက်ကြပါတယ်။ အများစုအနေနဲ့ကတော့ ပစ္စည်းသစ်တွေကို ဝယ်သုံးလာနိုင်ကြတဲ့ လူလတ်တန်းစားတွေ များလာတာမှာ အဲဒီအထဲက သူတို့ဖောက်သည်တချို့ ဆုံးရှုံးသွားတာပါ။  

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အမေရိကန်နိုင်ငံက ဘော့စတွန် အကြံပေးအဖွဲ့ Boston Consulting Group အနေနဲ့ လုပ်ခဲ့တဲ့ ၂၀၁၃ ခုနှစ် လေ့လာမှုတစ်ခုမှာ မြန်မာနိုင်ငံက လူလတ်တန်းစားနဲ့ သုံးနိုင်စွဲနိုင်တဲ့ လူ့အလွှာက ၂၀၂၀ မှာ နှစ်ဆတောင် တိုးလာတယ်လို့ ခန့်မှန်းပါတယ်။ ဒီအဖွဲ့က တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၀(ကျပ် ၁၄၅,၀၀၀) ရသူတိုင်းကို လူလတ်တန်းစားလို့ သတ်မှတ်ပါတယ်။

လေ့လာမှုက အခု ၅ ဒသမ ၃ သန်းရှိတဲ့ လူလတ်တန်းစားနဲ့ သုံးနိုင်စွဲနိုင်တဲ့ အလွှာဦးရေဟာ ၂၀၂၀ မှာ ၁၀ ဒသမ ၃ သန်းရှိလာမယ်လို့ ခန့်မှန်းပါတယ်။

ပန်းဘဲတန်းမြို့နယ်ထဲက ဟိန္ဒူဘာသာဝင်တို့ အဓိကနေထိုင်ရာ ၂၈ လမ်းမှာ ရေဒီယိုတွေ၊ အပိုပစ္စည်းတွေနဲ့ ပတ်ချာဝိုင်းနေပြီး တိုက်နှစ်တိုက်ကြား ကွက်လပ်ကျဉ်လေးကို ကိုစိုးလှိုင် ပိုင်ဆိုင်ပါတယ်။

fixer_5.jpg

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ကိုစိုးလှိုင်က တပတ်ရစ် ရေဒီယိုတွေကို ပြန်ပြင်ပြီး ရောင်းချလာတာ ၂၆ နှစ်တောင် ရှိနေပါပြီ။

တိုင်းပြည်တစ်ခုလုံး စစ်အုပ်ချုပ်ရေးအောက် ကျရောက်ပြီး သတင်းအားလုံး တင်းတင်းကျပ်ကျပ် စိစစ်ဖြတ်တောက်ခံခဲ့ရစဉ်၊ ခုလို မိုဘိုင်းဖုန်းတွေ တပြည်လုံးကို မလွှမ်းခြုံနိုင်သေးခင် ဟိုး ရှေးရှေးကာလက လှိုင်းတိုရေဒီယိုဟာ တခုတည်းသော ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေ ဖြစ်ခဲ့ပါတယ်။

ကိုယ့်နိုင်ငံထဲမှာနဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေကို သိဖို့ဆိုရင် ဘီဘီစီတို့၊ ဗီအိုအေတို့၊ ဒီဗီဘီတို့လို နိုင်ငံခြားအသံလွှင့်ဌာနတွေကိုသာ ပြည်သူအများ အားထားနေခဲ့ကြရပါတယ်။ စစ်အုပ်ချုပ်ရေးအောက်က နိုင်ငံသားတွေ၊ များသောအားဖြင့် အမျိုးသားကြီးတွေဟာ လှိုင်းတိုရေဒီယိုကို နားမှာကပ်ထားပြီး ညနေခင်း လမ်းလျှောက်ထွက် အပန်းဖြေတတ်တာ မြင်နေကျမြင်ကွင်း ဖြစ်ပါတယ်။ 

 

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

၁၉၈၈ ခုနှစ်မှာ အစိုးရအဖွဲ့ ပြုတ်ကျလုနီးထိ ဖြစ်ခဲ့တဲ့ တနိုင်ငံလုံး အုံကြွတဲ့ အရေးအခင်း ဖြစ်ပွားလို့ စက်တင်ဘာလမှာ စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းပြီး အာဏာမသိမ်းခင် သူ့စီးပွားရေးအကြောင်း မေးကြည့်လိုက်တော့ ကိုစိုးလှိုင်က ရယ်ပါတယ်။

“ကျွန်တော် ကောင်းကောင်း မှတ်မိတာပေါ့ဗျာ။ ဗြုန်းစားကြီးကို လူတိုင်းက ရေဒီယို တစ်လုံးလောက် လိုချင်လာကြတယ်။ သတင်းတွေ သိရဖို့က ရေဒီယိုက မရှိမဖြစ်ပစ္စည်းကိုးဗျ” ဟု သူက ပြောပါတယ်။

ကိုစိုးလှိုင်က စီးပွားရေးကတော့ ခုထိ ကောင်းနေသေးကြောင်း၊ ဒါပေမဲ့ အင်တာနက်လို သတင်းအချက်အလက်နဲ့ စပ်လျဉ်းတဲ့ တခြားသတင်းရင်းမြစ်တွေရဲ့ပြိုင်ဆိုင်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေက ကျလာကြောင်း ဆိုပါတယ်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် ကုလသမဂ္ဂက ၁၉၈၇ ခုနှစ်မှာ သတ်မှတ်ခံရတဲ့အချိန် စစ်အာဏာရှင် ကြီးစိုးတဲ့ ဆိုရှယ်လစ်စနစ်အောက်မှာ မြန်မာနိုင်ငံ လုံးဝအထီးကျန်နေတုန်းကတော့ ကိုစိုးနိုင်တို့လို စီးပွားရေးလုပ်ငန်းလေးတွေ ထိုးဖောက်အောင်မြင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က ဝင်ငွေရလမ်းတွေ တိုးတက်လာပေမဲ့လည်း လူအများစုက ငွေကြေးကဏ္ဍ လိုအပ်ချက်ကြောင့် အပြင်ဆိုင်လေးတွေကိုပဲ ဆက်ပြီးအားထားနေကြရပါတယ်။

၂၈ လမ်းရဲ့အောက်ဘက်ကို ဆက်ဆင်းလိုက်တော့ အသက် ၄၆ နှစ်ရှိ ဦးမြင့်ဦးရဲ့ အဖြူထည် ရိုးရိုးပစ္စည်းဆိုင်လေးဆီရောက်ပြီး ပစ္စည်းတွေက လူသွားလမ်းပေါ်ကိုတောင် ရောက်နေကြပါတယ်။

typewriter_repair.jpg

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သူက ရေခဲသေတ္တာတွေ၊ မိုက်ခရိုဝေ့ဖ်မီးဖိုတွေ၊ အဝတ်လျှော်စက်တွေလို ဖြုတ်တပ်ပြုပြင်နိုင်တဲ့ ပစ္စည်းမှန်သမျှ ဝယ်နေ ရောင်းနေပါတယ်။

“ကျွန်တော့်ပစ္စည်းတချို့က လေလံပွဲတွေ၊ မကြာမကြာဆိုသလို သံရုံးတွေ၊ တခြားနိုင်ငံရပ်ခြား အဖွဲ့အစည်းတွေကနေ ရပါတယ်” လို့ ဦးမြင့်ဦးက သူ့ဆိုင်မှာပဲ Frontier ကို ပြောပါတယ်။ “ကျွန်တော့် ဖောက်သည်တွေက သူတို့ပစ္စည်းတွေကို အသစ်တွေနဲ့ အစားထိုးချင်တော့ သူတို့ဆီက အဟောင်းတွေ ကျွန်တော်က ပြန်ဝယ်တာပါပဲ”

မြင့်စိုး ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.