ရန်ကုန်မြို့လယ်ရှိ Junction City ကို မတ် ၃၁ ရက်နေ့ ဖွင့်မည်

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် ၂၀၁၃ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် Junction City တာဝါကို မတ် ၃၁ ရက်နေ့တွင် စတင် ဖွင့်လှစ်တော့မည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်နေရာတွင် တည်ဆောက်ထားသည့် Junction City ကို စင်ကာပူနိုင်ငံမှ ဗိသုကာလုပ်ငန်းဆုတံဆိပ်ရှင် DP Architectsက ဒီဇိုင်းရေးဆွဲခဲ့ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းကြီဖြစ်သည့် ရွှေတောင်အုပ်စု၊ စင်ကာပူအခြေစိုက် အိမ်ခြံမြေ လုပ်ငန်းတစ်ခုဖြစ်သည့် Keppel Landနှင့် Pan Pacific Hotels Group တို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ရေရှည်အလားအလာရှိမှုအပေါ် ယုံကြည်ထားပြီး နိုင်ငံတိုးတက်မှုအတွက် ပူးပေါင်း ပါဝင် ဆောင်ရွက် အကောင်အထည်ဖော်တာပါ။ မြန်မာနိုင်ငံလို တိုးတက်မှုအလားအလာကောင်းရှိတဲ့ ဈေးကွက်မှာ Keppel Land ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံမှုအစုစုကိုလည်း ထပ်မံတိုးချဲ့သွားမှာပါ။ ဒီ Junction City စီမံကိန်းဟာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အရည်အသွေးမြင့် နေထိုင်စရာနဲ့ အဆင့်မြင့်ရုံးခန်း လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးလိုက်တာပါပဲ” ဟု Keppel Land ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr Ang Wee Gee က Junction City တွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျခံ တည်ဆောက်ခဲ့သည့် အထပ် ၂၃ ထပ်ပါ Junction City တာဝါသည် ဧရိယာ စတုရန်းမီတာ ၂၆၀,၀၀၀ ကျယ်ဝန်းပြီး လက်လီအရောင်းဆိုင်များပါဝင်သည့် Junction City Shopping Mall၊ ပထမတန်းစား ရုံးခန်းနေရာများ၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်၊ မိုးလုံလေလုံ ကစားကွင်းနှင့် ရုပ်ရှင်ရုံငါးရုံတို့ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ယာဉ်အစီးရေ ၁,၅၀၀ကျော် ရပ်နားနိုင်သည့် ယာဉ်ရပ်နားစခန်းလည်း ပါဝင်သည်။ Junction City နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်လည်း ပြန်လည်ပါဝင်လာမည်ဖြစ်သည်။

Junction City Shopping Mall အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Junction City

Junction City Shopping Mall အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Junction City

မြန်မာနိုင်ငံ၏ စီးပွားရေး မှန်မှန်တိုးတက်လာပြီး နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများ မြင့်တက်လာခြင်းကြောင့် ရန်ကုန်မြို့တွင်နေထိုင်သူ၊ အိမ်မြေငှားရမ်းသူနှင့် ခရီးသွားဧည့်သည်များအတွက် ကမ္ဘာ့အဆင့်အတန်းမီ နေရာတစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်လျက် ယခု Junction City ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် ပါဝင်သည့် ရွှေတောင်အုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ဇော်နိုင်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာ ဟိုတယ်လုပ်ငန်းကြီးဖြစ်သည့် Pan Pacific Hotels and Resorts က မြန်မာနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံးဟိုတယ်ဖြစ်လာမည့် အထပ်ပေါင်း ၂၅ ထပ်၊ အခန်းပေါင်း ၃၅၀ ခန့်ပါဝင်သည့် ကြယ်ငါးပွင့်အဆင့် Pan Pacific Yangon ဟိုတယ်ကို ယခုနှစ် စတုတ္ထလေးလတာကာလအတွင်း Junction City တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ဤစီမံကိန်း ဆောက်လုပ်စဉ်ကာလအတွင်း၌ လူဦးရေ ၈,၀၀၀ ခန့်ကို အလုပ်ပေးခဲ့ပြီး လုပ်ငန်း လည်ပတ်ချိန်တွင် လူဦးရေ ၄,၀၀၀ ခန့်အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ရုံးခန်းများ၊ လူနေအိမ်ခန်းများပါဝင်မည့် Junction City ဒုတိယအဆင့်ကို ၂၀၁၈ ခုနှစ် ဆက်လက်တည်ဆောက်သွားရန် စီစဉ်ထားသည်။

သတင်း-ထူးထက်နိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.