ရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်ကို သုံးရက်ကြာ ကျင်းပမည်

ရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်ကို ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပွဲတော်အား ဒီဇင်ဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ညနေ ၆ နာရီမှ ည ၁၁ နာရီအတွင်း ကျင်းပမည်ဖြစ်သည်။ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှစတင်ပြီး သိမ်ဖြူလမ်းထောင့်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျှောက်တွင် ခရစ်စမတ်အရုပ်များဖြင့် မီးအလှဆင်ထားမည်ဖြစ်ပြီး အချို့နေရာများတွင် အလှဓာတ်ပုံရိုက်ရန် နေရာများ ထားရှိပေးမည်ဖြစ်သည်။ ထို့ပြင် စန်တာကလော့စ် ဘိုးဘိုးကြီးများထံမှ လက်ဆောင်များကို ရယူနိုင်မည်ဖြစ်ပြီး ခရစ်စမတ်သီချင်း သီဆိုဖျော်ဖြေမှုများနှင့် နာမည်ကျော်အဆိုတော်များမှ သီဆိုဖျော်ဖြေမှုများကိုလည်း ကြည့်ရှုခံစား နားဆင်နိုင်မည်ဖြစ်သည်။

ဖျော်ဖြေရေးအစီအစဉ်များအား ဗိုလ်ချုပ်ဈေးအနီးရှိ အင်္ဂလီကန်ဘုရားကျောင်းရှေ့၊ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီ ကက်သလစ်ဘုရားကျောင်းနှင့် မြို့တော်ခန်းမအနီးရှိ ဧမာနွေလဘုရားကျောင်းများတွင် ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်ကို အူရီဒူးမြန်မာက အဓိက ပံ့ပိုးပေးထားသည်ဟု သိရသည်။

“ကျောင်းသူကျောင်းသားတွေရော အလုပ်လုပ်နေတဲ့ လူထုအတွက်ရော ဒီဇင်ဘာ အားလပ်ရက်တွေ ရှိနေတာကြောင့် အားလုံး ဒီအားလပ်ရက်ရာသီကို ပျော်ရွှင်စွာ ဆင်နွှဲစေလိုပါတယ်။ ဒါ့ကြောင့်အူရီဒူးမှ အားလုံးအတွက် ကြည်နူးဖွယ် အမှတ်တရဖြစ်စေမယ့် အချိန်ကာလလေးကို ဆောင်ကြဉ်းပေးခြင်းဖြစ်ပြီး အားလုံး ပျော်ရွှင်ဖို့အတွက် ပထမဆုံးအကြိမ် ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်ကို ပံ့ပိုးပေးလိုက်ခြင်း ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Vikram Sinha က ပြောကြားသည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar