ရခိုင် စစ်ပြေးဒုက္ခသည်များ အိမ်ပြန်နိုင်ချိန်ကို စောင့်ဆိုင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည် ၂၅၀ ကျော်သည် ၎င်းတို့၏ ရွာများသို့ ပြန်ရန် အစိုးရထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့မှ စတင်ကာ စစ်တွေမြို့ မြောက်ဘက် မိုင် ၄၀ ခန့်အကွာ ကျောက်တော်နှင့် မြောက်ဦးနယ်စပ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သား ၃၀ ခန့် ပျောက်ဆုံးနေပြီး တပ်မတော်နှင့် အေအေဘက်မှ သေဆုံးသူအရေအတွက်ကို မသိရှိရသေးပေ။

တပ်မတော်က သေဆုံးသူအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း အနည်းဆုံး တပ်သား ငါးဦးနှင့် အရာရှိတစ်ဦး ကျဆုံးခဲ့သည်ဟု ယူဆရသည်။

ဒုက္ခသည်များ နေရပ်ပြန်ရန် လုံခြုံစိတ်ချရမှုရှိမရှိ စစ်ဆေးရန် တပ်ဖွဲ့ဝင်များကို တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရမ်ချောင်းတောင်တစ်ဝိုက်သို့ စေလွှတ်ထားသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက Frontier ကို ပြောကြားသည်။

ထွက်ပြေးခဲ့ရသည့် ရွာသူရွာသားများသည် စေတီတောင်၊ ကျီယာပင်၊ ရွာမပြင် ကျေးရွာများရှိ ယာယီစခန်းများတွင် ခေတ္တခိုလှုံနေကြရသည်။ အဆိုပါစခန်းများတွင် ပစ္စည်းများ ပြည့်စုံလုံလောက်ခြင်းမရှိပဲ ညအချိန်တွင် ရာသီဥတုမှာ အလွန်ချမ်းအေးလှသည်ဟု သိရသည်။ မကြာသေးမီကပင် အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဆုပ်ရောင်ရောဂါဖြင့် ဆေးရုံတင်ခဲ့ရသည်။

ရခိုင်ပြည်နယ်အခြေစိုက် ကူညီရေးအဖွဲ့များက ဒုက္ခသည်များကို အကူအညီများ ပေးနေကြသည်။

တိုက်ပွဲများမှာ ၎င်းတို့ ကျေးရွာများမှ မိုင်အနည်းငယ် ကွာဝေးသည့် နေရာတွင် ဖြစ်ပွားသဖြင့် ထွက်ပြေးခဲ့ရခြင်းဖြစ်သည်ဟု ရွာသူရွာသားများက ပြောသည်။

“ဒါ သေနတ်သံ ပထမဆုံး ကြားဖူးတာပဲ။ အဲဒါကြောင့် ကြောက်ပြီး ထွက်ပြေးခဲ့ရတာ” ဟု သံတံတားကျေးရွာမှ ဒီဇင်ဘာ ၃၀ ရက်နေ့က ထွက်ပြေးခဲ့သည့် အသက် ၄၅ နှစ်အရွယ် ဦးရွှေသန်းကပြောသည်။

ရွာသားအချို့အား တောတွင်းလမ်းပြရန် တပ်မတော်က ခေါ်ဆောင်မှုအချို့ ရှိခဲ့သော်လည်း နောက်ပိုင်း ပြန်လွှတ်ပေးသည်ဟု ရွာသားများက ပြောသည်။

ဒုက္ခသည်များကို ကူညီပေးနေသည့် ရခိုင်စာရေးဆရာတစ်ဦးဖြစ်သူ ကိုဝေထွန်းအောင်ကမူ ဒီဇင်ဘာ ၂၇ ရက်မှ စတင်ကာ လူ ၃၀ ဦးခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။

အေအေအဖွဲ့အား အမြစ်ပြတ် ချေမှုန်းသွားမည်ဟု တပ်မတော်က ဇန်နဝါရီ ၇ ရက်က သတင်းထုတ်ပြန်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.