မြန်မာက ဒေါ်လာ သန်း ၅၆၀ တန်ဖိုးရှိ တိုက်လေယာဉ်များ ပါကစ္စတန်မှ ဝယ်ယူ

တရုတ်နိုင်ငံက ဒီဇိုင်းထုတ်တဲ့ ဂျက်လေယာဉ်တွေကို မြန်မာနိုင်ငံက ပါကစ္စတန်ကနေ မှာယူခဲ့တယ်လို့ အစ္စရေးက ကာကွယ်ရေးဆိုင်ရာ အွန်လိုင်း မဂ္ဂဇင်းတစ်စောင်က ဖော်ပြခဲ့ပါတယ်။ ဝယ်ယူမှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလျံထက်ဝက်ဖိုးလောက် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ်အတွင်း JF-17 Thunder တိုက်လေယာဉ် ၁၆ စင်းကိုဝယ်ယူခဲ့ပြီး လေယာဉ်တစ်စင်းကို ဒေါ်လာ ၃၅ သန်း ပေးချေခဲ့ရတယ်လို့ ဇန်နဝါရီ ၁၁ ရက်မှာ Defense Update က ရေးသားထားပါတယ်။

မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံကနေ တိုက်လေယာဉ်တွေ ပထမဆုံး ဝယ်ယူတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အဆိုပါ တိုက်လေယာဉ်တွေကို တရုတ်နိုင်ငံ အစိုးရပိုင် တရုတ်လေကြောင်း စက်မှုကော်ပိုရေးရှင်း (Aviation Industry Corporation of China) က ပါကစ္စတန်နိုင်ငံရဲ့ လိုအပ်ချက်ဖြစ်တဲ့ ပေ့ါပါးပြီး တန်ဖိုးနည်းဖြစ်စေဖို့ ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပါကစ္စတန်လေတပ်က ထို တိုက်လေယာဉ်တွေကို ပန်ဂျပ်မြောက်ပိုင်းက ကာမရာရှိ Pakistani Aeronautical Complex မှာ ထုတ်လုပ်လျက်ရှိပါတယ်။

“ယင်းနေရာကနေ ၂၀၁၅ ခုနှစ်အတွင်း JF-17 Block II Tunder တိုက်လေယာဉ် ၁၆ စင်းကို ထုတ်လုပ်ခဲ့တယ်”လို့ သတင်းများက ဖော်ပြပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar