ရခိုင်တွင် ပြည်သူ့စစ်ဖွဲ့စည်းပေးမည်ဟူသည့်သတင်းကို နေပြည်တော်က ငြင်းဆို

နေပြည်တော်

ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးမည်ဟူသည့် သတင်းများက ပြည်ထောင်စုအစိုးရက ငြင်းဆိုလိုက်သည်။

ပြည်သူ့စစ် ဖွဲ့စည်းရေး ပြောဆိုနေခြင်းများနှင့် ပတ်သက်ပြီး အစိုးရ၏ မူဝါဒ မဟုတ်ကြောင်းနှင့် ပြည်သူ့စစ် ဖွဲ့စည်းမည် မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ အစိုးရ တာဝန် စယူချိန်ကတည်းက ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ် ဖွဲ့စည်းရန် မရှိကြောင်း ပြောထားပြီးဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ယခုလအစောပိုင်းက မေယုတောင်တန်းဒေသတွင် မြိုတိုင်းရင်းသား ခုနစ်ဦးအသတ်ခံရပြီးနောက် ထိုကဲ့သို့ ပြည်သူ့စစ်ဖွဲ့စည်းမည့် သတင်းပေါ်ထွက်လာခြင်းဖြစ်သည်။

အဆိုပါသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး “အကြမ်းဖက်သမားများ” ကို အစိုးရက အပြစ်တင်ထားသည်။ Arakan Rohingya Salvation Army ဟု ၎င်းတို့ကိုယ်၎င်း ခေါ်တွင်ကြသည့် အဖွဲ့အား ရည်ညွှန်းခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်လာခြင်းအပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ညှိနှိုင်းပြီး တပ်မတော် တပ်ရင်းတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မေယုတောင် စိုးမိုးရေး စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်နေပြီဖြစ်သည်ဟု ဦးဇော်ဌေးကက ဆက်လက်ပြောကြားသည်။

“အကြမ်းဖက် နှိမ်နင်းရေးနှင့် ဒေသခံ ပြည်သူလူထု လုံခြုံရေး အထူးအလေးထား ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောကြားသည်။

ရခိုင်ပြည်နယ်အခြေစိုက် RiA သတင်းဌာနက သြဂုတ် ၁၆ ရက်နေ့တွင် ရေးသားထားချက်အရ အကြမ်းဖက်မှုများ ကြုံတွေ့နေရသော မောင်တောဒေသတွင် ရခိုင်တိုင်းရင်းသားများအနေနှင့် မိမိတို့ လုံခြုံရေးအား ကိုယ်တိုင်ပါဝင် ကာကွယ်နိုင်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန် စီစဉ်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။

သို့သော် ထိုသို့ ပြည်သူ့စစ်ဖွဲ့စည်းပေးမည့် သတင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ရှင်းလင်းစွာ ပြောကြားနိုင်ခဲ့ခြင်းမရှိသေးသလို ပြည်သူ့စစ်ဖွဲ့မည်၊ မဖွဲ့မည်ဆိုခြင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ညွှန်ကြားမှုအောက်တွင် ရှိသည်ဟုသာ ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားခဲ့သည်ဟု RiA က ဆက်လက်ရေးသားထားသည်။

ပြည်သူ့စစ်ဖွဲ့စည်းပေးရန်အတွက် ရခိုင်ပြည်နယ်၏ မြို့နယ် ၁၅ ခုတွင် သြဂုတ် ၁၃ ရက်နေ့က လူထုဆန္ဒဖော်ထုတ်မှုများ တစ်ပြိုင်နက် ပြုလုပ်တောင်းဆိုခဲ့ကြသေးသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.