မွန်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဒေါက်တာအေးဇံကို NLD က အဆိုပြု

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

ရာထူးက နုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြေညာခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနေရာမှာ အစားထိုး ခန့်အပ်ဖို့အတွက် ကျိုက်ထိုမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အဆိုပြုထားတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အတည်ပြုပြောကြားပါတယ်။

ဦးမင်းမင်းဦးက သူ ရာထူးက နုတ်ထွက်တော့မယ်လို့ ယခုလ ၁၈ ရက်နေ့က သူရဲ့ Facebook စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားချက်များအရ သူ့ရဲ့နုတ်ထွက်လွှာကို သမ္မတထံစာဖြင့် တင်ပြရမှာ ဖြစ်ပါတယ်။ ဦးမင်းမင်းဦးအနေနဲ့ သူ့ရဲ့နုတ်ထွက်စာကို တနင်္လာနေ့မှာ သမ္မတထံ တင်မှာဖြစ်သလို မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့၊ ပြည်နယ်လွှတ်တော်ကိုလည်း လုပ်ထုံးလုပ်နည်းတွေအတိုင်း အသိပေးသွားမှာဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က Frontier ကို ယခုလ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ချင်းပြည်နယ်သို့ ခရီးထွက်နေတာကြောင့် ဦးမင်းမင်းဦးအတွက် အမိန့်ထုတ်ဖို့နဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် မွန်ပြည်နယ်လွှတ်တော်ကို အဆိုပြုရမယ့် လုပ်ငန်းတွေ မစတင်နိုင်သေးဘူးလို့ တနင်္လာနေ့ ညနေက Frontier ကို ပြောပါတယ်။

ဒါပေမယ့် ဦးမင်းမင်းဦးရဲ့ မိခင်ပါတီဖြစ်တဲ့ NLD တော့ သူ့ရဲ့နုတ်ထွက်လွှာကို လက်ခံထားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

အသစ်ခန့်အပ်ဖို့ NLD ပါတီက အဆိုပြုထားတဲ့ ဒေါက်တာအေးဇံကို Frontier က တနင်္လာနေ့ညနေက ဆက်သွယ်ခဲ့ရာမှာတော့ သူ့ရဲ့ လက်ကိုင်ဖုန်းတွေကို ပိတ်ထားတာ တွေ့ရှိရပါတယ်။

ဒေါက်တာအေးဇံရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာလို့ မွန်ပြည်နယ်၊ ပြည်သူ့လွှတ်တော်အမတ်တစ်ချို့က ညွှန်းဆိုတဲ့ စာမျက်နှာမှာ ဖော်ပြထားချက်တွေအရ သူဟာ M.B.B.S(YGN) ဘွဲ့ရ၊ မွန်လူမျိုးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာအေးဇံဟာ စစ်တပ်က အာဏာလွှဲပြောင်းပေးခြင်းမရှိတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ကျိုက်ထိုမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရဖူးပြီး အဲဒီမတိုင်မီ ၁၉၈၈ ခုနှစ်အတည်းက NLD မှာ ပါဝင်ခဲ့ကာ လက်ရှိမှာတော့ ကျိုက်ထိုမြို့နယ်ရဲ့ ပါတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar