မြေငလျင်ဒဏ်ခံနိုင်ရေးအတွက် အဆောက်အဦးအချို့ကို ကုလသမဂ္ဂက ပြင်ဆင်ပေးမည်

မြေငလျင်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်မြို့မှ အဆောက်အဦးအချို့ကို ရွေးချယ်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းပြီး ပြုပြင်မွမ်းမံပေးရန် စီစဉ်နေသည်။

မြေငလျင်ဒဏ်ခံနိုင်ရန် ပြုပြင်မွမ်းမံရေးအတွက် လမ်းမတော်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များမှ ဦးစားပေး အဆောက်အအုံ ၅၀ ကို စိစစ် ရွေးချယ်သွားမည်ဖြစ်ကာ ပထမအဆင့်အနေဖြင့် ထိုအထဲမှ အားအနည်းဆုံးနှင့် အဟောင်းဆုံးဖြစ်သော အဆောက်အဦးသုံးခုကို ထပ်မံရွေးချယ်ကာ မွမ်းမံ ပြင်ဆင်သွားမည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူနှင့် မြန်မာနိုင်ငံ မြေငလျင် ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးဇော်ထွေးဇော်က နိုဝင်ဘာ ၁၀ ရက်နေ့က ပြောကြားသည်။

“ရွေးချယ်ထားတဲ့ အဆောက်အဦး ၅၀ လုံးကို ပြုပြင်မွမ်းမံနိုင်လ ျှင်တော့ ပိုပြီး အထောက်အကူ ဖြစ်တာပေါ့။ ဒါပေမယ့် ဒါက ယူအင်န် (ကုလသမဂ္ဂ) ကရတဲ့ ထောက်ပံ့ ကြေးနဲ့ လုပ်ရတာဆိုတော့ ထောက်ပံ့ကြေးအပေါ်မူတည်ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့မှာ မြေငလျင် အန္တရယ်ရှိတယ်ဆိုတာကို သိထားပြီးရင် မြေငလျင်ဆိုတာ မိုးလေဝသလိုမျိုး ကြိုတင်ခန့်မှန်းလို့ ရတာမျိုးမဟုတ်ဘူးဆိုတော့ အစိုးရအနေနဲ့ အပျက်အစီးနည်းအောင် ကြိုတင်ကာကွယ်မှုတစ်ခုခု လုပ်ထားသင့်ပါတယ်” ဟု ဦးဇော်ထွေးဇော်က ပြောသည်။

ထိုသို့အဆောက်အဦးများ ရွေးချယ်ပြီး ပြုပြင်မွမ်းမံမှုကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထားကာ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု UN-Hibitat ၏ Country Programme Manager ဖြစ်သူ Bijay Karmacharya က ပြောကြားသည်။

ပြုပြင်မွမ်းမံမည့် အဆောက်အဦးများကို ရွေးချယ်ရာတွင် စာသင်ကျောင်း၊ ဆေးရုံ၊ လျှပ်စစ်ပေးဝေရေး၊ ရေအားပေးဝေရေး၊ ရဲစခန်း၊ မီးသတ်စခန်းအစရှိသော အစိုးရပိုင် အဆောက်အအုံများနှင့် လူပေါင်း ၅,၀၀၀ ကျော် နေထိုင်အသုံးပြုနေကြသော အဆောက်အအုံများကို ဦးစားပေးရွေးချယ်သွားမှာဖြစ်သလို မိဘမဲ့ ကလေးကျောင်းများ၊ မသန်စွမ်းကျောင်းများနှင့် သာသနာဆိုင်ရာ ရှေးဟောင်းအဆောက်အအုံများကိုလည်း ထည့်သွင်း စဉ်းစားသွားမည်ဟု ၎င်းကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက်လည်း Myanmar National Building Code ကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ UN-Habitat က ၂၀၁၂ ခုနှစ်တွင် တင်သွင်းခဲ့သည်။

“အဲဒါနဲ့ တ်သက်ပြီးတော့ ၂၀၁၆ မတ်လမှာလည်း ပြန်လည်ပြီးတော့ သုံးသပ်ခဲ့ကြပါတယ်။ ပြီးတော့ တစ်ခြားတစ်ဖက်မှာလည်း အစိုးရကနေပြီးတော့ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လို အကောင်အထည်ဖော်မယ်၊ ဘယ်လိုဥပဒေပြုမယ်ဆိုတာကို စဉ်းစားနေပါတယ်။ အဲဒါက အစိုးရအနေနဲ့ တရားဝင် ဥပဒေပြဌာန်းဖို့ပဲ လိုပါတော့တယ်” ဟု UN-Habitat ၏ Programme Manager(Disaster Risk Reduction) ဖြစ်သူ Shashank Mishra ကပြောကြားသည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.